NEWS

ဟိုစိမ့်မြန်မာ Hosheng Myanmarအထည်ချုပ် စက်ရုံကအလုပ်သမားများအပါ ဖမ်းဆီးခံအလုပ်သမား၁၂ဦး အင်းစိန်ထောင်သို့ပို့ဆောင်ခံရ

CoverLogo
880 Views

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်က ဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ် စက်ရုံက အလုပ်သမားများအပါအဝင်အလုပ်သမား ၁၂ဦးကို စစ်တပ်ကဖမ်းဆီးစစ်ဆေးနေရာက အင်းစိန်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။ 

 

"ရွှေပြည်သာထဲကစစ်​ကြောရေးတစ်ခုမှာ စစ်ဆေး​ခဲ့ပြီး ကိုဝေလင်းနှင့် ကိုမင်းသူထွန်း (၂)ဦးမပါ အရင််ဖမ်းခံထားတဲ့သူတွေကို အင်းစိန်ထောင််ကို ပို့လိုက်ပါပြီ။ ၁၂ယောက်လုံးအင်းစိန်ထောင်ကိုပို့လိုက်ပြီ။ ပုဒ်မ ၅၀၅ အသေးစိတ်စုံစမ်းနေဆဲပါ"လို့ အမည်မဖော်လိုသူတစ်ဦးက ဆိုပါတယ်။ 

 

ဟိုစိမ့်မြန်မာအထည်ချုပ်စက်ရုံက လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ခွင်အတွင်း ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဆိုကာ စက်ရုံတာဝန်ရှိသူတွေက ဇွန်လ ၁၀ မှာအလုပ်ထုတ်ခဲ့လို့ ၎င်းတို့ ၇ ဦးကို အလုပ်ပြန်လည်ခန့်ထားပေးရန် စက်ရုံထဲက အလုပ်သမား ၆၀၀ ကျော်က စုပေါင်းဆန္ဒပြမှုဖြစ်ပွားခဲ့တာပါ။ 

 

ဇွန်လ ၁၄ ရက်နေ့ မှာတော့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးနဲ့ စက်ရုံတာဝန်ရှိသူ တို့ ညှိနှိုင်းပေးမယ်ဆိုတာကြောင့် သွားရောက်ရာကနေ အပြန်ထွေအုပ်ရုံးရှေ့မှာတင် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးထဲမှ အတွင်းရေးမှူးဖြစ်သူ မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး နောက်ရက်တွေမှာလည်း ကျန်ရှ်ိအလုပ်သမားတွေကိုဆက်လက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 

စစ်ကောင်စီအနေနဲ့ အဆိုပါအလုပ်သမားများသာမက အလုပ်သမားအရေးအကူအညီပေးသူ ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ပြီး အဆိုပါအလုပ်သမား ၁၂ဦးဖမ်းဆီးစစ်ဆေးနေခြင်းအပေါ် သတင်းထုတ်ပြန်မှုတစ်ခုသာရှိခဲ့ပြီး မိသားစုဝင်များနဲ့လည်း ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

 

အဆိုပါ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနဲ့ အလုပ်သမားအရေးကူညီပေးသူ ၂ ဦးအပါ စုစုပေါင်း ၁၂ ဦးကျော် ဖမ်းဆီးစေခဲ့တဲ့ Hosheng Myanmar အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ZARA, Inditex စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 

 

နောက်ထပ်အလုပ်သမား တွေ ဖမ်းဆီးခံရတဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅)၊ မလိခလမ်းမှာရှိပြီး JAKO အမှတ်တံဆိပ် ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

 

အဆိုပါ အလုပ်သမားတွေဟာ ဇွန်လ ၆ ရက်က ဒေးကြေး ၁၂၀၀ ကျပ်နဲ့ ရက်မှန်ကြေး ကျပ်နှစ်သောင်း တိုးမြှင့်ပေးဖို့ ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို့၊ သောက်ရေမသန့်ရှင်းမှု ကို စီစဉ်ပေးဖို့ ၊ လျှောက်လမ်းတွေကို အမိုးလုံအောင်ပြုပြင်ပေးဖို့ ၊ ထမင်းစားဆောင်သီးသန့်ပေးဖို့ အပါအဝင် အချက် ၂၅ ချက်ကို အလုပ်သမား ၄၀၀ ကျော်ကတောင်းဆိုခဲ့ပြီးနောက် အလုပ်သမား ခေါင်းဆောင် မသီတာဝင်း နှင့် ကိုလှိုင်ဝင်းထက် တို့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ Action Labour Rights အဖွဲ့ က အလုပ်သမားများကူညီဆောင်ရွက်သူနှစ်ဦး ဖမ်းဆီးခံခဲ့ရတာရှိသလို ​ယခုလဇူလိုင်လဆန်းပိုင်းကလည်း လှိုင်သာယာထဲက စက်ရုံတစ်ရုံကအလုပ်သမား၁၂ဦးလည်း စစ်ကောင်စီရဲ့ ဖမ်းဆီး​​ခြင်းကိုခံခဲ့ရပြီး တပ်တွင်းတရားရုံး၌ပင် ထောင်၃နှစ်ချမှတ်ခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

 

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026