NEWS

သြစတေးလျနိုင်ငံံက နိုင်ငံခြားရေးတာ၀န်ရှိသူများ၊ မြန်မာ့အရေးဆောင်ရွက်သူများနဲ့တွေ့ဆုံ

CoverLogo
1.4K Views

သြစတေးလျနိုင်ငံံ မဲဘုန်းမြို့မှာကျင်းပတဲ့ ITUC အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံ အပြီး သြစတေးလျနိုင်ငံံက လွှတ်တော်ကိုယ်စားလှယ်များ  နိုင်ငံခြားရေးဌာနတာ၀န်ရှိသူများနဲ့      မြန်မာ့အရေးတက်ကြွဆောင်ရွက်သူများနဲ့တွေ့ဆုံခဲ့တယ်လို့ ညီလာခံတက်ရောက်ခဲ့တဲ့  IWFM မှသိရပါတယ်။  

ITUC ရဲ့ ယခုနှစ်ညီလာခံက ရွေးကောက်ပွဲပါတဲ့ ညီလာခံဖြစ်တာကြောင့်   ITUC ရဲ့ခေါင်းဆောင်ပိုင်းကိုလည်းပြန်ရွေးချယ်ခဲ့ရာမှာ အထွေထွေကောင်စီလို့ခေါ်တဲ့   အဆင့်မြင့်အုပ်ချုပ်တဲ့အဖွဲ့မှာ မြန်မာနိုင်ငံက CTUM အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ရဲ့  ဥက္ကဌ ဦးမောင်မောင်က အထွေထွေကောင်စီအဖွဲ့၀င်အဖြစ်ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ITUC ရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာတော့ IWFM ဥက္ကဌ ဒေါ် ခိုင်ဇာအောင်က​ရွေးချယ်ခံရပြီးကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှာ ITUC ရဲ့ အမျိုးကော်မတီအဖွဲ့၀င်တစ်ယောက်အဖြစ်လည်း ရွေးကောက်ခံရတယ်လို့ သိရပါတယ်။

သြစတေးလျနိုင်ငံံကိုလာတဲ့ခရီးစဉ်အတွင်းမှာ ITUCရဲ့ ညီလာခံကိုတက်ခဲ့ပြီး ညီလာခံပြီးတဲ့နောက်မှာ   ကန်ပါရာမြို့ကိုသွားပြီးပါလီမံ လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံခြားရေးဌာနကတာ၀န်ရှိတဲ့သူတွေနဲ့ တွေ့ဆုံမှုတွေလုပ်ခဲ့သေးတယ်။ အဲ့ဒီမှာလည်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လက်ရှိဖြစ်နေတာတွေနဲ့ ပတ်သက်ပြီးတော့  အချက်သုံးခုကိုအဓိကတောင်းဆိုမှုလုပ်ခဲ့တယ်  လို့ ညီလာခံတက်ရောက်ခဲ့တဲ့  IWFM ရဲ့ ဥက္ကဌ ဒေါ်ခိုင်ဇာအောင်က ဆိုပါတယ်။

အဓိကတွေ့ဆုံဆွေးနွေးဖြစ်ခဲ့တဲ့ အချက်သုံးချက်အနက် နံပါတ်တစ်အချက်က  မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုးရွားစွာချိုးဖောက်ခံနေရတာနဲ့ပတ်သက်ပြီး  ရပ်ဆိုင်းဖို့အတွက်  မြန်မာနိုင်ငံပေါ်မှာ ထိရောက်တဲ့ပိတ်ဆို့မှုတွေလုပ်ဖို့လိုအပ်နေတာဖြစ်လို့  ငွေကြေးဆိုင်ရာလွှဲပြောင်းမှုကဏ္ဍ ကိုအဓိကထားပိတ်ဆို့ရမှာဖြစ်တဲ့  နိုင်ငံခြားငွေကိုလက်ခံကောက်ခံတဲ့ မြန်မာနိုင်ငံရဲ့အဓိကဘဏ်သုံးခုကို ဆန်ရှင်လုပ်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပြီး  ဒုတိယအချက်အနေနဲ့   သြစတေးလျနိုင်ငံကနေ မြန်မာနိုင်ငံကိုပေးမယ်လို့ ဆုံးဖြတ်ထားသော ၁၃၅မီလီယံဒေါ်လာဟာ  မြန်မာပြည်ကိုသွားတဲ့အခါမှာ UN တို့INGO တွေအဖွဲ့အစည်းတွေကနေ တစ်ဆင့်သွားမယ်ဆိုတဲ့အပေါ်  သြစတေးလျအစိုးရကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး   လူသားချင်းစာနာ ထောက်ထားတဲ့ အဲ့ဒီထောက်ပံ့ငွေတွေကို UN တို့INGO တွေအဖွဲ့အစည်းတွေကနေ မြန်မာပြည်ကိုတစ်ဆင့်ပို့တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံပိုင် CBဘဏ်ကနေလွှဲမယ်ဆိုရင်  ရံပုံငွေရဲ့သုံးပုံတစ်ပုံက စစ်ကောင်စီဆီ ကိုအလိုအလျောက်ရောက်သွားတဲ့အပြင်  စစ်ကောင်စီကနေ ဒီအကူညီတွေကို  ဘယ်နနယ်ကိုပို့ ဘယ်နယ်ကိုမပို့နဲ့ဆိုတဲ့ ထိန်းချုပ်နိုင်တဲ့အခွင့်အရေးတွေကို ရသွားနိုင်တဲ့  အန္တရာယ်ရှိနေတာဖြစ်တယ်လို့ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။  

"မြန်မာပြည်ထဲမှာမှ  အချို့နေရာတွေကို စစ်ကောင်စီက လေယာဉ်တွေနဲ့ဗုံးကျဲပြီး လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေ တာဖြစ်လို့ မီးလောင်တယ် ထွက်ပြေးရတယ်။ သေကြေနေတဲ့လူတွေအများအပြားရှိပြီး  ငတ်မွတ်နေတဲ့လူတွေအများအပြားရှိနေတာဖြစ်ပေမဲ့  အဲ့ဒီနေရာတွေကိုစစ်ကောင်စီက အကူညီတွေမသွားရဆိုတဲ့ ပိတ်ဆို့မှုတွေလုပ်ထားတာကြောင့်  လူသားချင်းစာနာထောက်ထားတဲ့ အကူအညီထောက်ပံ့ငွေတွေက  စစ်ကောင်စီအဖွဲ့အစည်းကနေ ဖြတ်သွားမယ်ဆိုရင်  အဲ့ဒီဒေသတွေဆီကို ရောက်ရှိမှာမဟုတ်ဘူးဆိုတာ ကိုလည်း ထောက်ပြကာ   အဲ့ဒီအကူညီတွေကို NUG အစိုးရ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဒီမိုကရေစီအဖွဲ့အစည်းတွေကနေတစ်ဆင့်  ပေးသင့်တယ်ဆိုတာကိုလည်း တောင်းဆိုခဲ့တာဖြစ်တယ်"လို့ သိရပါတယ်။

နောက်တစ်ခုက NUG ကိုမြန်မာနိုင်ငံရဲ့ အစိုးရအဖြစ်လက်ခံပေးဖို့  ဆွေးနွေးခဲ့တာဖြစ်ပြီး သြစတေးလျမှာရှိတဲ့ ကွန်မြူနတီအဖွဲ့အစည်းတွေ မြန်မာနိုင်ငံရဲ့ လက်ရှိအရေးကိစ္စတွနဲ့ပတ်သက်ပြီး အလှူငွေတွေကောက်ခံပြီးတော့ တက်ကြွလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေနဲ့လည်း  တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026