NEWS

သြဂုတ်လ ပထမ တစ်ပတ်အတွင်း ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ

CoverLogo
329 Views

စစ်အာဏာသိမ်းကာလ  မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ ဇူလိုင် ၂၉ ရက်ကနေသြဂုတ် ၄ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ ဇူလိုင်၂၉ရက်နေ့ကနေသြဂုတ် ၁ ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာ  ၂၇၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ  ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ  ၂၇၇၀ကျပ်ဖြစ်ပါတယ်။

သြဂုတ် ၂ ရက်နေ့မှာတော့ ၉၂ တစ်လီတာ  ၂၇၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ  ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၉၂၀ ကျပ်ဖြစ်ပြီး သြဂုတ် ၄ ရက်နေ့အထိ  အဆိုပါဈေးတန်းနဲ့ပဲဆက်လက်တည်ရှိနေတာကြောင့် ယခင်ကထက်ဈေးမြင့်တက်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ 

ဒါ့အပြင်ဇူလိုင်၃၁ရက်နေ့ကစလို့  စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လာခဲ့တာကြောင့် ဆီရရှိဖို့ အချိန်ကြာမြင့်စွာ  တန်းစီ၀ယ်ယူရတာတွေလည်းရှိခဲ့သလို  သြဂုတ် ၁ရက်နေ့ကလို့ အချို့သောဆီဆိုင်တွေမှာ  စက်သုံးဆီရောင်းချမှုယာယီပိတ်ထားတာတွေအထိ ရှိခဲ့တာပဲဖြစ်ပါတယ်။ 

သြဂုတ် ၃ရက်နေ့မှာတော့ဆီဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့  ၉၅ ဆီတစ်မျိုးတည်းရောင်းချမှုတွေရ့ ရှိခဲ့သလို  အချို့သောဆီဆိုင်တွေမှာလည်း  ၉၂ ဆီတစ်မျိုးတည်းကိုသာရောင်းချမှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။ 

အနှေးယာဉ်လုပ်သားများအနေနဲ့ကတော့  ကြုံသလို၀ယ်ရတဲ့ ပြင်ပပေါက်ဈေးမှာတော့ ၉၂အောက်တိန်း တစ်လီတာဗူးတစ်ဗူးလျှင် ၃၅၀၀ ကနေ ၄၀၀၀ အထိပေး၀ယ်နေရတယ်လို့လည်း  ဆိုင်ကယ်ကယ်ရီ  မောင်းနှင်သူများထံက သိပါတယ်။  မန္တလေးမြို့မှာလည်း စက်သုံးဆီ ရရှိဖို့ ၄နာရီကြာသည်အထိတန်းစီရတာတွေရှိသလို ပြင်ပပေါက်ဈေးမှာတော့ ဆီတစ်လီတာလျွှင်  ၈၅၀၀ အထိပေး၀ယ်ရတယ်လို့သိရပါတယ်။
  
တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇူလိုင်၂၉ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၇၉  ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ၄၆ သိန်း ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဇူလိုင်၃၀ရက်နဲ့ ဇူလိုင်၄၁ရက်မှာ လည်း ၄၆ သိန်း၄ သောင်းနဲ့   သြဂုတ်၁ရက်နေ့မှာတော့ ၄၆သိန်း၉သောင်းကျော်ဖြစ်လာကာ သြဂုတ်၂ရက်မှ သြဂုတ် ၄ရက်ရက်နေ့အထိကိုတော့  ၄၇သိန်း၆ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားတာတွေ့ရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့  ဇူလိုင်၂၉ရက်နေ့ရဲ့ ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင်၆၃သိန်းအထိရှိခဲ့ကာ  ဇူလိုင်၃၀နဲ့ ၃၁ရက်နေ့မှာတော့ ၆၅သိန်းမှ၆၆သိန်းထိရှိနေခဲ့တာဖြစ်ပြီး သြဂုတ်၁ရက်နေ့မှာတော့ ၆၉သိန်းအထိ စံချိန်တင်လာခဲ့ပြီးနောက် သြဂုတ် ၂ ရက်နဲ့ ၃ ရက်ရက်နေ့တွေမှာတော့ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း၆၉သိန်း၅သောင်းအထိဖြစ်လာကာ သြဂုတ် ၄ ရက်နေ့မှာတော့ ၆၈သိန်း ဖြစ်ပါတယ်။   

ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဇူလိုင်၂၉ ရက်မှာ ၅၃၀၀ ၀န်းကျင်ဖြစ်ပြီး  ကျပ် ဖြစ်ပြီး ဇူလိုင်၃၀ရက် ၃၁ရက်နေ့ရဲပြင်ပပေါက်ဈေးဟာ  တစ်ဒေါ်လာလျှင် ၅၅၀၀ ကျပ်ဖြစ်လာခဲ့ပြီး  သြဂုတ်၂ရက်နေ့မှာတော့  ပြင်ပပေါက်ဈေးကတော့ ၅၅၀၀ မှ ၅၇၀၀ကျပ်အထိဖြစ်ကာ  သြဂုတ် ၃ရက်နဲ့ ၄ ရက်နေ့တွေမှာတော့ ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင် ၅၄၀၀ကျပ်သို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေခဲ့ရာကနေ ယခုအခါ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းတွေကြောင့် ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၆၀ ကနေ ယခုအခါ ၃၃၇၄ အထိ ဈေးနှုန်းပြင်ဆင်သတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့ ၄၀၀၀  ကျော်အထိဈေးနှုန်းမြှင့်တင်ဖြတ်နေတာလို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ်တာ  ဇူလိုင်၂၉ရက်မှ သြဂုတ်၄ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၄၈၅  ကျပ်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ ကေန ၁၄၀၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ ဆယ်ပိဿာယူ တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ နှုန်းအထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿလျှင် ၁၂၀၀၀ကေန ၁၃၅၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  မရှိသလောက်လျော့နည်းလာခဲ့တဲ့အပြင်ပြည်ပမှ စားဆီ၀ယ်ယူရခက်ခဲမှုနဲ့ဈေးအဆမတန်ကွာဟမှုကြောင့် ဈေးသည်များလည်းအခက်တွေ့ရသလို ပြည်သူများလည်းဈေးကြီးသာပေး၀ယ်ရတယ်လို့ သိရပါတယ်။ 

အခြေခံ စားသောက်ကုန်ဈေးနှုန်း အနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့ အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲ ဆန်တစ်ပြည် ၆၀၀၀ အထက်ပေးစားမှသာ စားလို့ဖြစ်တဲ့အနေအထားတစ်ခုရကာ ၆၀၀၀ အောက်ဈေးသက်သာတဲ့ဆန်ကို၀ယ်ယူပါက စားမဖြစ်လောက်တဲ့အထိဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၂၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ နဲ့အထက်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅၀၀၀ ကျပ်၊  ပဲလွန်းတစ်စည်း ၈၀၀ မှ ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၃၀၀၊ သခွားသီး ၃၀၀ မှ ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀မှ၅၀၀ကျပ်၊  ဘဲဥတစ်လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၀၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသား၊ ၀က်သား နဲ့ ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၀၀၀ အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၂၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး၁၅၀၀ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အသုံးအဆောင်တွေကိုသာ ရွေးချယ်သုံးဆွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ဟာလည်း  လက်ရှိဒေါ်လာပေါက်ဈေးအရ အလုပ်သမားတစ်ယောက်ရဲ့တစ်နေ့လုပ်ခလစာဟာ အခြေခံသုံးအားဖြင့် ၃ ဒေါ်လာကနေစတင်တယ်ဆိုမှာလက်ရှိမှာ တစ်ဒေါ်လာပင် အပြည့်မရတော့တဲ့ အနေအထားဖြစ်လာလို့  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်က အခြေခံလစာ နှစ်သိန်း ရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့ လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ ၄၀ သာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာ  လုံခြုံမှုမရှိကာကွယ်မှုမရှိတဲ့ လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။

သြဂုတ်လပထမတစ်ပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။ 

 


Related posts

Cover
ကုန်ပစ္စည်သယ်ယူပို့ဆောင်ရေးဂယက်ကြောင့် လူသုံးကုန်တွေဈေးတက်
Aug 22, 2025
Cover
စားသုံးဆီ၊ စက်သုံးဆီနဲ့ ရွှေဈေးအတက်ဘက်ရောက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 11, 2025
Cover
ပြည်တွင်းရွှေဈေးပြန်မြင့်တက်၊ ကုန်ဈေးနှုန်းအားလုံး သိသာစွာကျဆင်းတာမရှိ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jul 28, 2025
Cover
ပြည်တွင်းရွှေဈေးအကျဘက်ရောက်ရှိ ပြီး စက်သုံးဆီဈေး အနည်းငယ်ပြန်တက်
Jul 19, 2025
Cover
ဝင်ငွေ၊ ထွက်ငွေမမျှတမှုကြား ရုန်းကန်ရှာဖွေနေရဆဲ အခြေခံကုန်စည် ဈေးနှုန်းတွေ
Jul 12, 2025
Cover
စက်သုံးဆီ‌ဈေး ၁ ရက်အတွင်းအနည်းငယ်ပြန်ကျကာရွှေဈေးအတက်အကျကြမ်းနေ
Jul 04, 2025
Cover
ရွှေဈေးနှင်အတူ ကြက်ဥဈေးပါ အပြောင်းအလဲ ဖြစ်
Apr 27, 2025
Cover
ငလျင်လှုပ်ခတ်ပြီး အခြေခံကုန်ဈေးနှုန်းများ
Apr 06, 2025