NEWS

သုံးလကျော်သည်အထိ နေ့စားကနေ လစားအဖြစ်ခန့်အပ်ခြင်းမရှိဘူးလို့ Lucky Fortune အထည်ချုပ်စက်ရုံမှ အလုပ်သမားများဆို

CoverLogo
2K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်စက်မှု့ဇုန်မှာလုပ်ကိုင်နေတဲ့ Lucky Fortune Co.Ltd အထည်ချုပ်စက်ရုံ မှာစနေနေ့အလုပ်ဆင်းတဲ့အခါအိုတီကြေးမပေးတာ၊ အိုတီမဆင်းရင်လစားကနေနေ့စားပြန်ချပစ်တာတွေအပါအဝင်လုပ်သားအခွင့်အရေးချိုးဖောက်မှု့များစွာရှိနေတယ်လို့အလုပ်သမားတွေကပြောပါတယ်။

အဆိုပါစက်ရုံကိုမြန်မာလူမျိုးပိုင် ဖြစ်ပြီး  ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၄) စက်ဆရာဦးထွန်းလမ်း ရှိ ခြံအမှတ် (၉၀) တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အလုပ်သမားအင်အား တစ်ထောင်ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေတဲ့အထည်ချုပ်စက်ရုံတခုဖြစ်ပါတယ်။

"ခုအစမ်းခန့်ကာလပြည့်သွားလို့ ၈လထဲရောက်နေပြီ လစားသမားရရမယ့်ရက်မှန်ကြေးဘာညာတခုမှမရဘူး အိုတီကလဲအစမ်းခန့်စသမားတွေကို စနေနေ့ဆိုအိုတီကြေးမပေးဘူး တနဂ်နွေအိုတီမဆင်းရင်လဲလစားကနေနေ့စားအပြောင်းခံရတယ် အိုတီမဆင်းနိုင်ရင်လာမဆင်းနဲ့လို့ကိုပြောတာ"လို့အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသူအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

စက်ရုံဖက်ကဝန်ထမ်းခေါ်ယူတဲ့အခါမှာဥပဒေအတိုင်းအလုပ်ရှင်အလုပ်သမားစည်းမျည်းစမ်းကမ်းအတိုင်းနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခေါ်ယူတာမျိုးမဟုတ်ပဲနဲ့ ၃ လပြည့်ပါကလခစားဝန်ထမ်းအဖြစ်ခန့်အပ်မယ်ဆိုတဲ့ နှုတ်ကတိနဲ့သာခေါ်ယူတာဖြစ်တယ်လို့လဲသိရပါတယ်။

"ခွင့်ယူဖို့ကလဲအတော်ခက်ခဲတယ် သွားစရာလာစရာရှိ နေထိုင်မကောင်းဖြစ်ရင်တောင်ဆေးလက်မှတ်ကပြနေရတယ် အိုတီမဆင်းလို့ဆိုပြီးခုအလုပ်ထုတ်ခံလိုက်ရတဲ့နေ့စားသမား၃ယောက်လောက်ရှိနေပြီနေ့စားခန့်မယ်ပြောပြီးလခစားမခန့်တဲ့ဝန်ထမ်းကရာနဲ့ချီတယ်"လို့အလုပ်သမားတဦးကဆက်ပြောပါတယ်။

လက်ရှိစက်ရုံဖက်ကအချိန်ပို၂နာရီအပါအဝင် မနက်၈နညရီကနေညနေ၆နာရီခွဲအထိနေ့စဥ်နဲ့အမျှအိုတီခေါ်ယူထားပြီးနေ့စား၃၆၀၀အိုတီကြေးမပါ၊ သုံးလကျော်ပြီးလခစားမခန့်သေးသူများကို ၄၈၀၀ နဲ့အိုတီကြေး၁၂၀၀ပေးပေမယ့်၃လ ကျော်ပြီးလခစားမဖြစ်သေးသူများမှာလခစားသမားများလိုရက်မှန်ကြေးနဲ့အခြားသောအခွင့်အရေးများဆုံးရှုံးနေရတယ်လို့နစ်နာသူအလုပ်သမားတွေကပြောပါတယ်။

"လပြည့်ပြီးသားနေ့စားသမားတွေကိုလစားပေးစေချင်တယ် လစားသမားတွေရရမယ့်အခွင့်အရေးပေးစေချင်တယ်စနေနေ့အိုတီကြေးမပေးတာကိုပေးစေချင်တယ် အလုပ်သမားတွေအရေးပေါ်ကိစ္စအတွက်ခွင့်ပေးစေချင်တယ်"လို့"Lucky Fortune Co.Ltd အထည်ချုပ်စက်ရုံမှအလုပ်သမားတဦးကသူတို့ရဲ့လိုလားချက်ကိုပြောပါတယ်။

အဆိုပါစက်ရုံဟာ ဘောင်းဘီ၊ လည်သာအထည်၊ စကပ်အစရှိတဲ့အထည်များကိုချုပ်လုပ်နေပြီး ပြည်ပအမှတ်တံဆိပ်အထည်များဖြစ်တဲ့ ZARA, ONLY အစရှိသည့် အမှတ်တံဆိပ်များကိုအော်ဒါယူချုပ်ပေးနေတာဖြစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို တောင်းဆိုပေးမည့် စက်ရုံသမဂ္ဂလည်း ဖွဲ့စည်းနိုင်ဖို့လည်းအခက်အခဲရှိနေတဲ့အတွက်ဖွဲ့စည်းနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

Source- IMFM


 


Related posts

Cover
VHT အထည်ချုပ် စက်ရုံ လစာ ထုတ် မပေးနိုင်
Jul 07, 2025
Cover
Lesmart (Myanmar) Apparel အထည်ချုပ် စစ်ဆေးမှုအား လိမ်လည် ဖြေကြားခိုင်း
Jul 07, 2025
Cover
NEW ZHONG HUI CO.,Ltd အထည်ချုပ်အချိန် ပိုအလွန်အကျွံခိုင်းစေ
Jul 07, 2025
Cover
Peach Garden အထည်ချုပ်စက်ရုံ ထုတ်လုပ်မှု မန်နေဂျာဆိုသူက ဆဲဆို ခိုင်းစေ
Jul 07, 2025
Cover
အချိန်ပိုအလွန်အကျွံဆင်းခိုင်းပြီး လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေရှိနေဟုဆို
Jul 05, 2025
Cover
POLY CLOTHING Co.,Ltd အထည်ချုပ်စက်ရုံ အချိန်ပို ညလုံးပေါက်ခိုင်းစေ
Jul 05, 2025
Cover
Double Packing Myanmar စက်ရုံ WCC ရွေးချယ်မှု စနစ်တကျမရှိသည့်အပြင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်များ ရှိနေ
Jul 05, 2025
Cover
Hundred Garment Myanmar အသက်မပြည့်ဟုဆိုကာ လုပ်သာ:(၁၂)ဦးအား အလုပ်ထုတ်ပြန်
Jul 05, 2025