NEWS

သီတင်းကျွတ်ကန်တော့ရန်ဆိုကာ စက်ရုံအလုပ်သမားတဦးလျှင် အနည်းဆုံးကျပ် တသောင်းကောက်ခံ

CoverLogo
749 Views

အထည်ချုပ်လုပ်သားတွေအနေနဲ့ စက်လိုင်းမန်နေဂျာနဲ့ ကြီးကြပ်ရေး စူပါတွေကို ကန်တော့ရန်ဆိုကာ စက်ရုံလုပ်သားတွေထံက တစ်ဦးလျှင် အနည်းဆုံးကျပ်တစ်သောင်းကောက်ခံနေတာတွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကျူးလွန်တာတွေရှိနေတယ်လို့ LITA MYANMAR Co, LTD စက်ရုံအလုပ်သမားတွေထံကသိရပါတယ်။ 

 

အဆိုပါ စက်ရုံက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၄ ခြံအမှတ်( -) မှာဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။ 

 

အဆိုပါလုပ်ငန်းခွင်မှာ  BURTLE ၊ PUNT RPMA၊ HEARTGREEN၊ Golden Bear၊ A DAY IN THE LIFE SENSE OF PLACE စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။ 

 

အဆိုပါ လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ 

 

"အလုပ်ဝင်တာနဲ့ စက်ရုံဝကနေ ရေပုံးတပုံးနဲ့ သနပ်ခါးလိမ်းလာတဲ့လူမှန်သမျှကို ရေစိုဝတ်နဲ့ ဖြတ်ခိုင်းတယ် ပြန်ပြောတဲ့အလုပ်သမားဆိုရင် ဓါတ်ပုံရိုက်ပြီး ဝမ်တိမ်ထိုးခိုင်းတယ် သနပ်ခါးဆိုတာ အလုပ်သမားတော်တော်များများလိမ်းကြတယ် တကယ်လို့ လုပ်ငန်းသဘောအရ သနပ်ခါးလိမ်းလို့မရရင် စည်းကမ်းချက်ထုတ်သင့်တယ်လေ အခုလို ရေစိုအဝတ်နဲ့ ဖျက်ခိုင်းတာကျတော့ ရုပ်ပျက်ဆင်းပျက်‌ ဖြစ်ရတယ် အလုပ်သမားတွေလည်းအရှက်ရတယ်"လို့ အဲ့ဒီလုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။ 

 

နောက်ထပ် ပြုလုပ်မှုတွေအနေနဲ့ သီတင်းကျွတ် ကန်တော့ရန်ဟုဆိုကာ အောစူပါတစ်ယောက်လျှင် ၅၀၀၀၀ ကျပ် ကောက်ခံတာ၊ စက်လိုင်း မန်နေဂျာကို ကန်တော့ရန် စူပါတွေကို ကန်တော့ရန် ဆိုကာ အလုပ်သမားတစ်ယောက်လျှင် အနည်းဆုံး ကျပ်တစ်သောင်းကောက်ခံကာ မဖြစ်မနေ ထည့်နေရတာ ကျေနပ်မှုမရှိဘူးလို့ ပြောပါတယ်။ 

 

အလုပ်ချိန် နံနက် ၇ နာရီ ၃၀ ကနေ ၁၁နာရီ ၃၀ ထိ တကြိမ် ၊ ၁၂ နာရီကနေ ညနေ ၄ နာရီထိ ဖြစ်ပြီး အိုတီဆင်းချိန်မတိုင်ခင် နာရီဝက်နားချိန်မပေးဘဲ စက်လိုင်းမန်နေဂျာ ဒေါ်--- နှင့် လက်ထောက် ၂ ဦး တို့မှ အလုပ်သမားတွေကို အနားမပေးဘဲ ဖိအားပေးပြီး ခြိမ်းခြောက်ခိုင်းစေနေတာကြောင့် ချုပ်လုပ်ပေးနေရတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။ 

 

"အလုပ်သမားတွေက အလုပ်ထဲစဝင်တာနဲ့ ထောင်သားတွေလိုဖြစ်သွားတာ ရေဆိုလဲ သောက်တဲ့စင် မှာသွားသောက်ရတယ် ရေဘူးကို ကို့ဘာသာမ,တင်ရတယ် ကိုယ်ဝန်ဆောင်သယ်တွေဆိုပိုအခက်အခဲဖြစ်တာပေါ့ ၊ ညနေ ပြန်ချိန် ၆ နာရီ ၃၀ ဆိုပေမယ့် အလုပ်သမားတွေပြန်ရင် တယောက်ချင်း တရားခံလို စစ်တာ ၇ နာရီကျော်မှ ဖယ်ရီတွေ ပြန်ထွက်ရတယ် အိမ်ပြန်ချိန်တွေနှောင့်နှေးရတယ်"လို့ အလုပ်သမားကပြောပါတယ်။ 

 

ဒါ့အပြင် လုပ်ငန်းခွင်မှာ အသက်မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံချက် မပါဘဲ ခိုင်းစေနေပြီး လူကြီးအလုပ်သမားတွေနဲ့တန်းတူခိုင်းစေနေတာတွေ ရှိတယ်လို့ ပြောပါတယ်။ 

 

နေ့စား အလုပ်သမား ၆၀ ကျော်လည်း ခန့်ထားပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာ ဒေးကြေးမပေးဘဲ ခိုင်းစေတာ တွေရှိပြီး လုပ်သက် ၃ လကျော်ပေမယ့် အတည်ပြုခန့်အပ်ခြင်းမရှိဘဲ နေ့စားအဖြစ်လုပ်ကိုင်နေရတာလို့ ပြောပါတယ်။ 

 

"ရက်မှန်ကြေးတွေကို စက်လိုင်းတွေကို ၃၀၀၀၀ ကျပ်ပေးတယ် တခြားဌာနတွေကို ၂၀၀၀၀ ကျပ်ဘဲပေးတယ် သန့်ရှင်းရေးနဲ့ အကူတွေကို တပြားမှမပေးဘူး၊ အလုပ်သမားတွေက အားလုံးတန်းတူ အလုပ်လုပ်နေရတာကို ခွဲခြားပြီးပေးထားတာ နစ်နာနေတယ်"လို့ အလုပ်သမားကပြောပါတယ်။ 

 

အများပြည်သူအလုပ်ပိတ်ရက် တနင်္ဂနွေ နေ့မှာ ဖိအားပေး ပြီး အချိန်ပိုဆင်းခိုင်းပေမယ့် ဖယ်ရီစီစဉ်ပေးတာမရှိလို့ မိမိအစီအစဉ်နဲ့ လာရောက်ဆင်းရတာ အချိန်ပိုမဆင်းပါကလည်း ဆဲဆိုပြောတာတွေ ကျူးလွန်နေတယ်လို့ ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲက အလုပ်သမားတွေထဲမှာ EC စာချုပ်မချုပ်ဘဲခိုင်းစေနေတာတွေရှိတယ်လို့ ပြောပါတယ်။ လူမှုဖူလုံရေး ထည့်ဝင်ကြေး ၈ လခန့်ထည့်ဝင်ထားပေမယ့် ဖူလုံရေးကတ်ပြုလုပ်ပေးခြင်းမရှိတာ ကြောင့်လည်း အခက်အခဲတွေဖြစ်နေရတယ်လို့ အလုပ်သမားတွေကပြောကြားပါတယ်။ 

 

အလုပ်သမားတွေနဲ့ အလုပ်ရှင်မှ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ မပြုလုပ်ဖို့နဲ့ ကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်တွေကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ အလုပ်သမားများတောင်းဆိုချက်တွေကတော့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို လူမှုဖူလုံရေးကတ် ပြုလုပ်ပေးရန်။

၂။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို စနေနေ့၊ တနင်္ဂနွေနေ့တွေကို ဒေးကြေးမပေးပဲခိုင်း စေနေခြင်း မပြုလုပ်ရန်။

၃။ အလုပ်ရှင်ဘက်မှ ECစာချုပ်မချုပ်ရသေးသော အလုပ်သမားများကို ECစာချုပ်ချုပ်ပေးရန်။

၄။ အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်။

၅။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို စနေနေ့၊ တနင်္ဂနွေနေ့များကို အလကားစေခိုင်းခြင်းမပြု လုပ်ရန်။

၆။ အလုပ်ရှင်ဘက်မှ အချိန်အိုပိုတီဆင်းခိုင်းပါက ဖယ်ရီစီစဥ်ပေးရန်စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောထားပါတယ်။


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026