NEWS

သီတင်းကျွတ် ပိတ်ရက်အတွက် အစားထိုး အချိန်ပိုများ ခေါ်ယူနေ

CoverLogo
896 Views

စက်ရုံအလုပ်ရုံအချို့မှာ သီတင်းကျွတ်ပိတ်ရက်အတွက် အစားထိုးအချိန်ပိုလုပ်ပေးနေရတယ်လို့ အထည်ချုပ်လုပ်သားတွေက ဆိုပါတယ်။

"သီတင်းကျွတ်ပိတ်ရက်တွေကို ရက်စားတွေခေါ်တာ။ သီတင်းကျွတ်ပိတ်ရက်အတွက်ကို သူတို့ကနာရီနဲ့ဖြတ်ပလိုက်တယ်။ စနေနေ့ နေ့တစ်ဝက်ကိုနာရီနဲ့ဖြတ်တာ။ စနေနေ့နှစ်ပတ်ကို ၈နာရီ။ ၈နာရီဆိုရင်တစ်ရက်ပေါ့။ အဲလိုလုပ်လိုက်တာ။ အဲ့တာကိုလည်း သူတို့ကမညှိကြဘူး။ မညှိဘဲလုပ်တော့ အချိန်ပိုကြေးတွေနစ်နာတယ်။ နှစ်ဆမရဘူး။ ဒါပေမဲ့ အလုပ်သမားတွေကမပြောရဲကြဘူး။ ကျွန်တော့်စက်ရုံမှာလည်းရှိတယ်။ တစ်ခြားရုံတွေမှာလည်းရှိနေတယ်။ နှစ်ကလည်းကုန်ခါနီးနေတော့အလုပ်သမားတွေက ရှောင်တခင်ခွင့်တွေပါလ်ိုချင်ကြတာ။ ဒါပေမဲ့မပြောရဲကြဘူး။ ပြောရင်နင်တို့ကဆရာကြီးလားမေးတာ။ စနေနေ့ရဲ့နေ့တစ်ဝက်အစားထိုးကိုမဆင်းရင်လည်းဘောတွေပြုတ်တယ်။ ရှေ့ဘောနောက်ဘောအကုန်ပြုတ်ပဲ" လို့ အလုပ်သမားကဆိုပါတယ်။ 

သီတင်းကျွတ်ပိတ်ရက်မှာ  အစိုးရရုံးပိတ်ရက်သုံးရက်နဲ့စနေတနဂ်နွေပါဆက်နေတာကြောင့် အထည်အော်ဒါနောက်ကျမှာစိုးတဲ့ အကြောင်းပြချက်နဲ့  အခုကတည်းက စနေနေ့တစ်ဝက်တိုင်းကို အစားထိုး အချိန်ပို လုပ်ခိုင်းနေတာ ဖြစ်ပါတယ်။

"ကျွန်မတို့ရုံတွေတော့မဆင်းရဘူး။ အခြားရုံတော့အသံကြားပါတယ်။ တစ်နာရီ နှစ်နာရီပိုခိုင်းပီး အချိန်ပိုကြေးပေးတာရှိသလို မပေးတာတွေလည်း ရှိတယ်။ ညီမတို့ရုံကတော့ အော်ဒါနည်းလို့ မခေါ်သေးဘူး"လို့ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။

အချို့စက်ရုံတွေမှာ အစားထိုးအချိန်ပိုခေါ်ပြီး အချိန်ပိုလုပ်အားခမပေးတာတွေလည်းရှိသလို တနဂ်နွေပိတ်ရက်မှာခေါ်ယူတာတွေကတော့ အချိန်ပိုနှစ်ဆမရဘဲနစ်နာတာတွေပါရှိနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ဒါ့အပြင်အစားထိုးအချိန်ပိုခေါ်ယူမှုအပေါ် အလုပ်မဆင်းပါက ဆုကြေး၊အထည်ကြေး၊ grade ကြေး နဲ့ ရက်မှန်ကြေး စတာတွေပါ ဆူံးရှုံးရမှာဖြစ်တာကြောင့် အလုပ်သမားက အစားအထိုးအချိန်ပိုကိုမဖြစ်မ‌ေနဆင်းပေးနေရတယ်လို့လည်း သိရပါတယ်။ 

အခုနှစ်သီတင်းကျွတ်ပိတ်ရက်ဟာ အောက်တိုဘာ ၁၆ရက်ကနေ ၁၈ရက်အထိဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ကတော့  နယ်မြေမတည်ငြိမ်မှုကြောင့်အလုပ်သမားအများစု နေရပ်ပြန်ဖို့ အခက်တွေ့နေရတာတွေရှိနေတယ်လို့လည်း သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026