NEWS

သာဓုကန်စက်မှုဇုန်က ဟွမ်မြောင်အထည်ချုပ် လုပ်ငန်းခွင် ဆိုးဝါးနေ

CoverLogo
1K Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်( HONG MIAO Garment Co;Ltd) လုပ်ငန်းခွင်အတွင်း ဒီကနေ့ စက်တင်ဘာ ၂၁ ရက်က ရေတွေဝင်ရောက်နေတဲ့ လုပ်ငန်းခွင်အခြေအနေကို သွေးစည်းညီညွတ်သော အလုပ်သမားများအဖွဲချုပ် (မြန်မာ) STUM က ထုတ်ဖော်ထားပါတယ်။ 

 

အဲဒီစက်ရုံကတော့ Hello ၊ FieldCore ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံလို့လည်း သိရပါတယ်။  

 

“ မင်းအထည်အပ်တဲ့စက်ရုံက မြန်မာလုပ်သားတွေ ရဲ့ အသက်က တန်ဖိုးမရှိဘူးလား။ ဘယ်လောက် ထိ ဆိုးဝါးတဲ့အခြေအနေမှာ အလုပ်လုပ်နေရတာလဲ မြင်လား။ အလုပ်သမားတွေ အလုပ်ပြုတ်မှာစိုးလို့ အကြောက်တရားတွေနဲ့ အလုပ်လုပ်နေရတာမြင်လား။ အလုပ်သမားတယောက်ယောက် ဓါတ်လိုက် ပီး တခုခု ဖြစ်တဲ့အထိ စောင့်နေသလိုဘဲ။ ဝင်ရောက်စစ်ဆေးတဲ့သူတွေကလည်း ခုဖြစ်စဉ်တွေကို လစ်လျူရှူ ထားတယ်။ လာစစ်တဲ့ တိုင်းဦးစီး က အလုပ်သမားတွေ ကွမ်းစားရင် အလုပ်ထုတ် လို့ ပိုင်ရှင် ကို သင်ပေးခဲ့ တယ်။ အလုပ်သမားတွေက အန္တရာယ်ရှိပါတယ် ပြောတော့ နားပိတ်ထားတယ်။” လို့ STUM က ရေးသား ထား ပါတယ်။ 

 

ဆိုးရွားတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ် နေရတဲ့စက်ရုံ အလုပ်သမားတွေရဲ့ အသက်က အဖိုးမတန်သလို ဖြစ်နေပြီး လူစိတ်မရှိတဲ့ အလုပ်ရှင်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဥရောပသမဂ္ဂ EU ရဲ့ GSP က ကန့်ကွက်ဖို့ အချိန်ရောက်ပြီလို့လည်း တိုက်တွန်းထားကာ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA ရဲ့ မသိသလို လုပ်ဆောင်မှုတွေကိုလည်း STUM က ရှုတ်ချထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများ ဖြေရှင်းပေးစေလို
Nov 06, 2025
Cover
အလုပ်သမားအခွင့်အရေးသိရှိသူနည်းပါး၊ ချိုးဖောက်မှုများဖြေရှင်းပေးရန် လိုလားနေ
Nov 05, 2025
Cover
လုပ်သက်နည်းတဲ့အလုပ်သမားတွေကို ဥပဒေမဲ့ခိုင်းစေအလုပ်ထုတ်၊ အချိန်ပိုကြေး မပေးဘဲခိုင်းစေ
Nov 04, 2025
Cover
CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း
Nov 03, 2025
Cover
Myanmar Jiale အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေ
Nov 03, 2025
Cover
အလုပ်သွင်းပေးဖို့ပိုက်ဆံတောင်းသည့် အေဂျင်စီများနှင့်ပွဲစားများကိုအရေးယူမည်
Nov 03, 2025
Cover
GY Sen စက်ရုံ ကထိန်အလှူအတွက် အချိန်ပို   ၂ နာရီ လုပ်ခ ဖြတ်
Nov 03, 2025
Cover
အူရီဒူး နှင့်အငြင်းပွားသည့် စီနီယာမန်နေဂျာ တို့ နှစ်ဖက် ပြေလည်မှုရပြီး တရားစွဲထားသော အမှုရုပ်သိမ်း
Nov 03, 2025