NEWS

သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား

CoverLogo
394 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တြမားလမ်း အမှတ် (၈၇/၈၈) တွင် ဖွင့်လှစ်ထားတဲ့ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရေး ဖိအားပေးမှုများ ဖြစ်ပွားခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားအဖွဲ့အစည်းထံမှ သိရပါတယ်။
 
ထိုစက်ရုံမှာ Vizwell နှင့် SIN GER အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံဖြစ်ပြီးစက်ရုံမန်နေဂျာနဲ့ HR မန်နေဂျာတို့က အလုပ်သမားသမဂ္ဂကို ဖြိုခွဲရန် ဖိအားပေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
ဖြစ်စဉ်မှာ Bontech အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း ကို အလုပ်သမားဝန်ကြီးဌာနမှ မှတ်ပုံတင်အမှတ် ရွှေပြည်သာ/အထည်ချုပ်/အခြေခံ (၂၆/၂၀၂၅) ဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တရားဝင် အသိအမှတ်ပြု လက်မှတ် ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။
 
သို့သော် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် မှာ Bontech စက်ရုံ HR မန်နေဂျာက စက်ရုံအတွင်း အလုပ်သမားအဖွဲ့အစည်း ပျက်သွားပြီးဖြစ်ကြောင်း နဲ့ စက်ရုံမန်နေဂျာကလည်း အလုပ်သမားအဖွဲ့အစည်းကို အသိအမှတ်မပြုကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးမှလည်း နေပြည်တော်မှ ပြန်စာ မရမချင်း တရားမဝင်ကြောင်း ပြောတယ်လို့ မန်နေဂျာတွေကတစ်ဆင့် အလုပ်သမားတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ယခုလုပ်ရပ်ဟာ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၅၀(က) ကို ချိုးဖောက်ခြင်းဖြစ်တာကြောင့် Bontech အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း ဉက္ကဌ က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနသို့ အရေးယူဆောင်ရွက်ပေးရန် လိပ်မူ၍ တိုင်ကြားထားကြောင်း သိရပါတယ်။
 
ထို့ အပြင် စက်ရုံဘက်မှ ပထမအကြိမ် ဖုန်းအကြောင်းပြချက်ဖြင့် သမဂ္ဂ EC အဖွဲ့ဝင် ၅ ဦးနှင့် WCC အဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၆ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။
 
အခုကိစ္စနဲ့ပက်သက်ပြီး STUM မှ ဒေါ်မျိုးမျိုးအေးက “EC အဖွဲ့ဝင်တွေကို အလုပ်မှ ထုတ်ပယ်ခြင်းသာဖြစ်တယ် အလုပ်သမားအဖွဲ့အစည်းရဲ့ မှတ်ပုံတင်ကို ဖျက်သိမ်း၍ မရဘူး” လို့ ပြောဆိုပါတယ်။
 
လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးဟာ ယခင်က STUM အဖွဲ့ဝင်တွေကို ဖမ်းဆီးတရားစွဲဆိုဖို့ လုပ်ငန်းရှင်တွေကို တွန်းအားပေးခဲ့သူအဖြစ် မီဒီယာများမှာ ဖော်ပြခံခဲ့ရသူဖြစ်တဲ့အတွက် ယခု လုပ်ငန်းရှင်အား တရားစွဲဆိုရန် တိုင်ကြားထားတဲ့ ကိစ္စအပေါ် မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်နေတယ်လို့ မြို့နယ်အထည်ချုပ် အလုပ်သမားအဖွဲ့အစည်းကပြောပါတယ်။
 
အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၅၀(၁) ဖြင့် တရားစွဲဆိုရန် အလုပ်သမားဝန်ကြီးဌာနက ကို တင်ပြထားရာမှာ Bontech စက်ရုံအပြင် GYSEN နှင့် Chu Yang စက်ရုံပိုင်ရှင်တွေကိုလည်း တရားစွဲဆိုဖို့ တင်ပြထားပေမယ့် တစ်နှစ်ကျော်ကြာတဲ့အထိ အာဏာပိုင်တွေဘက်က တုံ့ပြန်ဆောင်ရွက်မှု မရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။
Bontech အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံ အခြေစိုက် Vizwell အဝတ်အထည်နှင့် SIN GER အမှတ်တံဆိပ်များကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026