NEWS

သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ကထုတ်ပယ်ခဲ့တဲ့ အလုပ်ရှင်ကို ၈ လကြာတဲ့အထိ အရေးယူမှုမရှိ

CoverLogo
511 Views

ရွှေပြည်သာမြို့နယ် ဝါးတရာလမ်း၊ ဝါးတရာစက်မှုဇုန် အမှတ်(---) ရှိ  GYSEN  (Myanmar) Apparel Co ,Ltd  မှာ အလုပ်သမားလျှော့ချမယ်အကြောင်းပြပြီး အလုပ်သမား သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၅၀ ကိုအလုပ်ကနေထုတ်ပယ်လိုက်လို့ တိုင်ကြားထားမှုကို အချိန်ဆွဲထားကာ ယနေ့အချိန်ထိဖြေရှင်းအရေးယူ ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါအလုပ်ထုတ်ခံလိုက်ရတဲ့အလုပ်သမားတွေအနက်  အချို့သောအလုပ်သမားတွေကတော့အလုပ်ထုတ်နစ်နာကြေးလက်ခံယူကာနယ်ပြန်သွားကြပြီး အလုပ်သမား ၂၉ ဦးကတော့ မိမိတို့လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ရေးကိုသာ တောင်းဆိုနေကြတာပါ။

အဆိုပါတိုင်ကြားထားမှုကို သက်ဆိုင် ရာအလုပ်သမားဝန်ကြီးဌာနက  မြို့နယ်အလုပ်သမားရုံးမှာ ၃ ကြိမ်ညှိနှိုင်းပြီး တိုင်းရုံးမှာတော့ပေါင်းစပ်ညှိနှိုင်းဟု ဆိုကာ ရုံးချိန်း ၄ ကြိမ်ခေါ်ယူခဲ့ပြီး  တိတိကျကျအကြောင်းပြန်တာမရှိသေးဘဲ (၈)လခန့်ကြာသည်တိုင် ဖြေရှင်း ပေးခြင်းမရှိလို့  အလုပ်သမားတွေကမစောင့် နိုင်ကြတော့ဘဲ  မိသားစုစား၀တ်နေရေးအခက်အခဲများနဲ့ရင်ဆိုင် ရကာ နောက်ပြန်ဆုတ်ရပြီး သမဂ္ဂအဖွဲ့ ဥက္ကဌအပါ အလုပ်အမှုဆောင် ၃ ဦးသာ လက်ရှိအချိန်ထိ ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့သိရပါတယ်။ 

"ထုတ်လိုက်တော့ အလုပ်ထုတ်နစ်နာကြေးမယူဘဲ လုပ်ငန်းခွင်ပြန်ဝင်ဖို့တောင်းဆိုတာက အလုပ်သမား ၂၉ဦးရှိတယ်။ ကျန်တဲ့ အလုပ်သမားတွေကတော့ စက်ရုံအလိုက်လုပ်သက်နစ်နာကြေးတွေ နို့တစ်ကြေးတွေယူသွားကြတယ်။ အဲ့ဒီ ၂၉ ဦးအမှုဆိုရင် ခုထိအလုပ်သမားတွေကစောင့်နေရတုန်း။ မြို့နယ်ရုံး မှာရုံးချိန်း ၃ ချိန်းခေါ်တယ်။ တိုင်းရုံးကိုစာတင်မယ်ဆိုပြီးပြောတော့ တိုင်းရုံးကညှိနှိုင်းတယ်။ ၄ကြိမ်အထိ။ ညှိနှိုင်းတယ်ဆိုတာကလည်. လုပ်ငန်းရှင်လာအလုပ်သမားလာဆိုပြီးညှိတာမဟုတ်ဘူး။ လုပ်ငန်းခွင်ပြန်ဝင်ရမယ်ဆိုတာမရှိဘူး။  သမဂ္ဂအဖွဲ့ဥက္ကဌအပါ အီးစီတွေပါအကုန် အဖွဲ့ဝင် ၅၀ လုံးကိုအလုပ်ထုတ်လိုက်တာ။ အဲ့တာကိုခုချိန်ထိပြန်မဝင်ရသေးဘဲရင်ဆိုင်နေရတာဖြစ်တယ်" လို့ အလုပ်သမားကို ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။ 

အဆိုပါ GYSEN Myanmar အထည်ချုပ် စက်ရုံကို လုပ်သားအင်အား ၇၀၀ ကျော် ဖြင့် လွန်ခဲ့သော ၄ နှစ်ခန့်မှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်ကစက်ရုံရှိ တရားဝင်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂကို ဖြိုခွဲရန် အကြံဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ကာ ဧပြီလ ၁၀ ရက်နေ့တွင် button ဌာနနှင့် Iron ဌာနရှိဝန်ထမ်းများအား လုပ်သားလျော့ချသည်ဟု အ ကြောင်းပြ၍ သမဂ္ဂဥက္ကဌ နဲ့ အပါအဝင်  အလုပ်သမား ၅၀ ကို အလုပ်မှထုတ်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ၁.၈.၂၀၂၄  ရက်နေကလည်း  တနင်္လာနေ့မှ သောကြာနေ့ အထိ တစ်ပတ်လုံး ည(၉း၀၀)အထိ အချိန်ပို အတင်းအကြပ်ခေါ်ယူခဲ့ပြီး  စနေနေ့တွေ မှာလည်း  ည(၁၂:၀၀) အထိအချိန်ပိုခေါ်ယူတာရှိသလို  တနင်္ဂနွေနေ့ ပိတ်ရက်များကိုပါမချန်  အချိန်ပိုအတင်းအကြပ် ခေါ်ယူလို့  အလုပ်သမားတွေ  ပင်ပန်းပြီး အချိန်ပိုဆက်လက်မဆင်းနိုင်တော့တာကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ ၂ ရက်နေ့မှာ ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ရုံးသို့ တိုင်ကြားစာ ပေးပို့ တိုင်ကြားခဲ့ပါသေးတယ်။ 

အဆိုပါတိုင်ကြားခဲ့မှုကိုလည်း  ဦးစီးဌာန အနေဖြင့်  တစ်စုံတစ်ရာ အေရးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဆက်လက်တိုင်ကြားကာမှ စက်ရုံ အနေဖြင့် နောက်ထပ် အချိန်ပိုအတင်းအကြပ် ခေါ်ယူခြင်းပြုလုပ်ပါက ဦးစီးမှူးထံသို့ အကြောင်းကြားပေးမှသာ ဦးစီးဌာနအနေဖြင့် စစ်ဆေးမှု ပြုလုပ်ပေးနိုင်မည်ဆိုကာ တိုင်ကြားထားသော တိုင်ကြားမှုကို အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ 

GYSEN ပိုင်ရှင်အား အလုပ်သမားအဖွဲ့အစည်း ဖြိုခွဲမှူနဲ့ပတ်သက်ပြီး အရေးယူပေးရန်တိုင်ကြားထားမှုအပါ အချိန်ပိုခေါ်ယူမှုတွေကိုပါ တိုင်ကြားခဲ့ပေမဲ့ ဝန်ကြီးဌာန အနေဖြင့် ဥပေဒအရ အရေးယူရမည့် ကိစ္စ အား အရေးမယူဘဲ  စေ့စပ်ညှိနှိုင်းဟုဆိုကာ အချိန်ဆွဲထားတာဟာ ဥပေဒ ကို ချိုးဖောက်ခြင်းသာဖြစ်တယ်လို့  အလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026