NEWS

သမဂ္ဂမှတ်ပုံတင်ရန် ကြိုးပမ်းတာကို ခွင့်မပြုဘဲ အလုပ်သမားတွေကိုခြိမ်းခြောက်မှုတွေလုပ်နေ

CoverLogo
585 Views

ရွှေပြည်သာမြို့နယ် တပင်ရွှေထီးလမ်း၊ ဝါးတရာစက်မှူဇုန် ရှိ Yangon Fukuyama Apparel (YFA)အထည်ချုပ်စက်ရုံဟာ အလုပ်သမားများက အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းရန် စိတ်ဝင်စားတာကြောင့် အဲ့ဒီအလုပ်သမားများကို လိုင်းစူပါ၊ လီဒါများမှ တဦးချင်းခေါ်ယူကာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့လို့ အဆိုပါစက်ရုံဟာ ILO Convention 87 ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။ 

" ၂-၈-၂၃ နံက် ၇:၃၀ အလုပ်စချိန်တွင် Line E မှ all super မှ meeting ခေါ်ကာ စက်ရုံ တရုံလုံးကြား အောင် မိုက်ဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်

YFA ပိုင်ရှင်အနေဖြင့် မိမိ စက်ရုံမှ စူပါ၊လီဒါများ ၏ ယုတ်ညံ့သော လုပ်ဆောင်ချက်များကို အချိန်မှီ မတားဆီး ဘဲ ဆက်လက်ဟန့်တားနောက်ယှက်နေမည်ဆိုပါက လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ဟန့်တားနှောင့်ယှက်သည့် အဓိက တရားခံ များအဖြစ် မှတ်တမ်းတင်ထားခြင်းခံရမယ်" လို့ လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ဆိုပါတယ်။

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ ဒီကနေ့ဩဂုတ်လ ၈ ရက်နေ့မှာလည်း အလုပ်သမား သမဂ္ဂ မှတ်ပုံတင် ရန် ဂိတ်ပါတ် gate pass တောင်းရာ စက်ရုံမှ လုံးဝမပေးခဲ့တာကြောင့် အဆိုပါစက်ရုံရဲ့လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့်ပတ်သက်သည့်ကန့်သတ်ပိတ်ဆို့မှူ ဖြစ်စဉ်ကို ထပ်မံမှတ်တမ်းတင်တယ်လို့ STUM ကဆိုပါတယ်။ 

YFAစက်ရုံက ပြီးခဲ့တဲ့နှစ်ကုန်မှာ အလုပ်သမားမအိပိုပိုလှိုင်ကိုလုပ်သက်ခွင့်ရက်တွေ ရယူပြီး အလုပ်ပျက်လို့ဆိုကာ အလုပ်ထုတ်လိုက်တာကြောင့် အီးစီစာချုပ်ချိုးဖောက်တဲ့အတွက် ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုခွင့်စာထုတ်ပေးလိုက်တာကြောင့် အလုပ်သမားမအိပိုပိုလှိုင်ရဲ့တရားစွဲဆိုမှူကိုခံခဲ့ရပါသေးတယ်။

အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ပတ်သက်လို့ YFAစက်ရုံပိုင်ရှင်ကို တရားစွဲဆိုခဲ့ရာ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင်က မြန်မာနိုင်ငံမှာရှိမနေတာကြောင့်ဆိုပြီး ရုံးချိန်း ၅ ကြိမ်လုံး ပျက်ကွက်ခဲ့လို့ တာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုမှု ပြုလုပ်ခဲ့ရာ ပြီးခဲ့တဲ့မေ၅ရက်နေ့ရုံးချိန်း ၆ ချိန်းမြောက်မှာပဲ မေ၁၉ရက်နေ့တိုင်းတရားရုံးမှာနှစ်ဖက်စေ့စပ်ညှိနှိုင်းဖို့နဲ့ တိုင်းတရားရုံးမှာစေ့စပ်ညှိနှိုင်းပြီး အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေ မေ၂၀ရက်နေ့မှာ တရားရုံးသို့ပြန်လည်လာရောက်ရမယ်လို့ အမိန့်ချမှတ်လိုက် တာဖြစ်ပြီး ပြေလည်မှုရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါစက်ရုံမှာ Jichodo အမှတ်တံဆိပ်ကိုချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026