NEWS

သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ

CoverLogo
896 Views
 
SHENG TAI အထည်ချုပ်စက်ရုံမှာ အလုပ်သမား အဖွဲ့အစည်း (သမဂ္ဂ) ဖွဲ့စည်းဖို့ ကြိုးပမ်းတဲ့ အလုပ်သမား တွေကို စက်ရုံမန်နေဂျာက ဆဲဆို ခွဲခြားဆက်ဆံပြီး အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက သွေးစည်းညီညွတ်သောအလုပ်သမားများအဖွဲ့ချုပ် - မြန်မာ (STUM) ထံကသိရပါတယ်။
 
စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်(၃)မှာ ရှိပြီး KARRIMOR Run အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
"အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ လုပ်တဲ့ စက်ရုံ Super ကို စက်ရုံရဲ့ Production Manager က အလုပ် ထုတ်တယ်။ စူပါက မြို့နယ် အလုပ်သမားရုံးကို တိုင်တော့ အလုပ်ခွင်ပြန်ဝင်ရတယ်။ အလုပ်ပြန်ဝင်တော့ အဲ့ မန်နေဂျာက ဆဲ အများရှေ့မှာ ဆဲပြန်တယ်။ ဆဲတာကို ထပ်တိုင်တော့ အလုပ်သမားရုံးက ဖြေရှင်းတော့ အဆင်မပြေဘူး။ အဲ့မှာ စူပါကို တစ်လအတွင်း အလုပ်သစ်ရှာဖို့ နို့တစ် Notice ပေးတာပါ” လို့ အသေးစိတ် သိရှိထားတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
Porduction မန်နေဂျာက အခြားအလုပ်သမားနှစ်ဦးထပ်မံ ဆဲဆိုခဲ့လို့ အဲဒီ အမျိုးသမီးနှစ်ဦးက ခွင့် တစ်ရက် ယူပြီး အလုပ်သမားရုံးကို ထပ်မံ တိုင်းကြားခဲ့ရမှာ နှစ်ဦးလုံး အလုပ်ထုတ်ခံခဲ့ရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ အဲဒီမိန်းကလေးအလုပ်သမားနှစ်ယောက်ရဲ့ ခွင့်ကို စက်ရုံမန်နေဂျာက ခွင့်မဲ့လို့ သတ်မှတ်တယ်၊ ပြီးတော့ ဝမ်တိန် Warning လက်မှတ်ထိုးခိုင်းခဲ့တယ်၊ ဒီလို လုပ်ခိုင်းတာက အလုပ်သမားဥပဒေနဲ့ မညီဘူး ပြောတော့ နှစ်ဦးလုံးကို အလုပ်က ချက်ချင်းထုတ်ခဲ့တာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အမျိုးသမီး အလုပ်သမား နှစ်ဦးကို အလုပ်ခန့်ထားမှု သဘောတူစာချုပ် စက်ရုံဘက်က ချုပ်ဆိုပေးထားတာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁) အရ အလုပ်သမား အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ဆောင်ရွက်နိုင်ဖို့ အလုပ်သမားအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိတယ်လို့ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတဦးက ပြောပါတယ်။
 
“အလုပ်သမားတွေကို ရိုင်းစိုင်းစွာ ဆဲဆိုခြင်း၊ အော်ဟစ်တာတွေက လုပ်ငန်းခွင် လေးစားမှုကို ချိုးဖောက် တာပါ။ အလုပ်ရှင်မှာ လုံးဝ တာဝန်ရှိတယ်။ အလုပ်သမားဦးစီးဌာနရဲ့ ဖြေရှင်းချက် ၊ တားမြစ်ချက်တွေကို မလိုက်နာတာက ဥပဒေစိုးမိုးရေးအတွက် အားနည်းချက်တစ်ရပ် ဖြစ်စေနိုင်တယ်။ ချုပ်ပြောမယ်ဆို SHENG TAI စက်ရုံမှာ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းဥပဒေပါ အခွင့်အရေးတွေ၊ ILO ရဲ့ အခြေခံမှု အလုပ်သမားများ စုပေါင်းစည်းရုံးခွင့်ကို ကာကွယ်ခြင်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေတယ်လို့ သုံးသပ်ပါတယ်” ဆိုပြီး အလုပ်သမားအရေးလှုပ်ရှားသူ အမျိုးသမီးတဦးက ပြောဆိုပါတယ်။
 
နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ILO ရဲ့ ပြဋ္ဌာန်းချက်အမှတ် (၈၇) မှာ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံးလုပ်ဆောင်ခွင့်ဆိုင်ရာ အရ အလုပ်သမားများသည် ကြိုတင်ခွင့်ပြုချက်မလိုအပ်ဘဲ မိမိတို့နှစ်သက်ရာ အဖွဲ့အစည်း တွေကို ဖွဲ့စည်းခွင့်၊ ဝင်ရောက်ခွင့်တယ်လို့လည်း ဖော်ပြထားပါတယ်။
 
အလုပ်သမားတွေ သမဂ္ဂလှုပ်ရှားမှု၊ သမဂ္ဂထောက်ခံမှုတွေကြောင့် အလုပ်ရှင်က အလုပ်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း ဒါမှဟုတ် အပြင်းအထန်အရေးယူမှု ပြုလုပ်တာကို ILO နဲ့ မြန်မာ့ဥပဒေအရ တားမြစ်ထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026