NEWS

သမဂ္ဂခေါင်းဆောင်များကို ခြိမ်းခြောက်ပြီး အလုပ်သမားရပိုင်ခွင့်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေလို့ AMG-1 စက်ရုံ အထည်ချုပ် လုပ်သားတွေအခက်တွေ့နေဟုဆို

CoverLogo
7.8K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံဖက်က အလုပ်သမားသမဂ္ဂဦးဆောင်သူတွေကို ယခင်ကလိုညှိနှိုင်းဆွေးနွေးတာမျိုးမလုပ်တော့ဘဲခြိမ်းခြောက်နေတဲ့အပြင် စက်ရုံဖက်ကအလုပ်ရှင်အလုပ်သမားစာချုပ်ပါအချက်အလက်တွေကိုပါတဖက်သတ် ချိုးဖောက်လာတဲ့အတွက် AMG- 1 Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေအခက်တွေ့နေကြရတယ်လို့သိရပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးတဦးပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီးတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှု့ဇုန်၊ ဦးထွန်းညိုလမ်းမှာ လုပ်သားအင်အား ၁၃၀၀ နဲ့လည်ပတ်နေတဲ့စက်ရုံတရုံဖြစ်တယ်လို့လဲသိရပါတယ်။

စက်ရုံဖက်ကလုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေနဲ့ပတ်သက်ပြီးတော့"အရင်တုန်းကစက်ရုံကပုံစံ ၇ ရောအစိုးရအသိအမှတ်ပြုထားတဲ့လုပ်သားသမဂ္ဂရောရှိတယ် ခုဟာကစံချိန်ကလဲမတရားတိုးတောင်းထားတယ်၊ ချုပ်နိုင်တာထက်မတရားပိုချုပ်ခိုင်းတာထမင်းစားချိန်တောင်အနားမပေးပဲချုပ်ခိုင်းတာ စူပါတွေကလဲဆဲတာဆိုတာအိမ်မှာကျန်ခဲ့တဲ့အမေအဖေတွေပါမချန်ဘူး။

လူသစ်ခေါ်ရင်လဲ HR ကနှစ်သောင်းတောင်းတယ်။ အလုပ်ခန့်ပြီးမှစူပါကမကြိုက်လို့နောက်နေ့မလာခိုင်းဘဲ အလုပ်ပြုတ်သွားရင်အဲ့နှစ်သောင်းကိုပြန်မပေးတော့ဘူး"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးက Myanmar Labour News ကိုပြောပါတယ်။

AMG1 အထည်ချုပ်စက်ရုံပိုင်ရှင်မှာနောက်ထပ်စက်ရုံခွဲတခုအနေနဲ့ဆေးဆိုးပန်းရိုက်စက်ရုံဖွင့်လှစ်ထားပြီး အထည်ချုပ်လုပ်ငန်းမှလုပ်သားများကိုဆေးဆိုးပန်းရိုက်လုပ်ငန်းခွင်ကိုအဓမ္မစေလွှတ်ပြီးခိုင်းတဲ့အပြင် အထည်ချုပ်လုပ်သားတွေကိုဆေးဆိုးပန်းရိုက်မကျွမ်းကျင်ဘူးဆိုတဲ့ကြောင်းပြချက်နဲ့ဥပဒေမဲ့အလုပ်ထုတ်တာတွေလဲရှိနေတယ်လို့အလုပ်သမားတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။

"ကိုယ်ဝန်ဆောင်တွေကိုလဲလူမှု့ဖူလုံရေးဥပဒေပါအတိုင်းခွင့်မပေးဘူး၊ ရက်နီးမှကပ်ပေးတာ ခုဒီလောက်ပူနေတဲ့ကြားကစက်ရုံထဲပန်ကာမဖွင့် မီးမထွန်းပေးဘူး ဆိုတော့အလုပ်သမားတွေမူးတာတွေအန်တာတွေဖြစ်နေတယ် စစ်ဆေးရေးလာကာမှ ဟန်ပြခဏပဲဖွင့်တာ စက်ပစ္စည်းတွေဆိုလဲအပြင်ကလူခေါ်မခိုင်းဘူး ဒီကယောကျာ်းလေးတွေခေါ်ခိုင်းတယ် ထိခိုက်ဒဏ်ရာရသွားလဲခွင့်မပေးဘူး လျှပ်စစ်ဝါယာကြိုးတွေကလဲပေါက်ပြဲနေတာပဲ ပြင်လဲမပြင်ဘူး။ ကျမတို့အလုပ်သမားတွေအတွက်တအားအန္တရာယ်များတယ်သကြင်္န်ကလဲနှစ်ရက်ကြိုပြန်တဲ့သူတွေကို မပိတ်ပေးဘူးခြိမ်းခြောက်ထားသေးတယ်"လို့အဆိုပါစက်ရုံရဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များနဲ့ပတ်သက်ပြီးအလုပ်သမားတဦးကဆက်ပြောပါတယ်။

ယခုလက်ရှိအချိန်တွက် အလုပ်ရှင်မှ AMG1နှင့် AMG2 အထည်ချုပ်စက်ရုံမှအလုပ်သမားတွေကို AMG1 စက်ရုံတခုထဲမှာပဲ ပေါင်းပြီးလုပ်ငန်းခွင်ဝင်ခိုင်းထားပြီးထမင်းစားချိန်ကို ၁၁နာရီမှ၁နာရီအထိနာရီဝက်စီ အသုတ်လိုက်ခွဲ ကာစားသောက်ခိုင်းနေတဲ့အတွက်နောက်ဆုံးအသုတ်မှစားရတဲ့အလုပ်သမားအများစုဟာအစာလွန်ဗိုက်အောင့်တဲ့ဝေဒနာကိုခံစားကြရတယ်လို့လည်းအလုပ်သမားတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။


လက်ရှိအချိန်မှာတော့အလုပ်သမားတွေအနေနဲ့စက်ရုံဖက်ကလုပ်ငန်းခွင်အတွင်းဘေးကင်းလုံခြုံအောင်ဆောင်ရွက်ပေးဖို့၊ စူပါနဲ့လီတာများမှအလုပ်သမားတွေအပေါ်ဆဲဆိုတာတွေမပြုလုပ်ဖို့၊အလုပ်သားတွေကိုဥပဒေနဲ့အညီခံစားခွင့်ပေးရန်၊အလုပ်ရှင်မှသတ်မှတ်ထားတဲ့အလုပ်ချိန်အတိုင်းသာအလုပ်စေခိုင်းရန်၊ကိုယ်ဝန်ဆောင်မိခင်များကိုလူမှု့ဖူလုံရေးဥပဒေနှင့်အညီခံစားခွင့်ပေးရန်တို့ကိုတောင်းဆိုနေကြပါတယ်။

AMG-1 Garment အထည်ချုပ်စက်ရုံဟာ esmara, BURTLE, clevercare အမှတ်တံဆိပ်အထည်တွေချုပ်လုပ်တဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

 


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026