NEWS

သတ်မှတ်ရက် မထုတ်ယူပါက အခွန်ပေးသွင်းမှုအထောက်အထား ထုတ်မပေးဟု ဆိုးလ် မြန်မာသံရုံးကြေညာ

CoverLogo
163 Views
 
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ထမ်းဆောင်ရမယ့် ဝင်ငွေခွန် ကို သံရုံးရဲ့ ဘဏ်စာရင်း ထဲသို့ ပေးသွင်းပြီးပါက အခွန်ပေးသွင်းမှုအထောက်အထားကိုပါ လာရောက်ထုတ်ယူကြဖို့ ဆိုးလ်မြို့ မြန်မာသံရုံးက ကြေညာထားပါတယ်။
 
သတ်မှတ်ရက်အတွင်း မထုတ်ယူပါက အခွန်ပေးသွင်းမှု အထောက်အထားကို ထုတ်မပေးတေ့ာဘူး လို့ ဇူလိုင်၅ရက်က မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
 
ထမ်းဆောင်ရမယ့် ဝင်ငွေခွန်ကို သံရုံးရဲ့ဘဏ်စာရင်းသို့ တိုက်ရိုက်ပေးသွင်းပြီး အခွန်ပေးသွင်းမှုအထောက်အထားကို သံရုံးမှာ ထုတ်ယူရတဲ့ စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် မေလ ၁၂ရက် က စတင်ခဲ့တာ ဖြစ်ပါတယ်။
 
ဝင်ငွေခွန်ကို သံရုံးရဲ့ ဘဏ်အကောင့်ထဲကို အခွန်ငွေ သွင်းပေမယ့် အခွန်ပေးသွင်းမှုအထောက်အထားကို လာရောက်ထုတ်ယူခြင်းမရှိဘူးလို့ သိရပါတယ်။ အခုလို အခွန်ပေးသွင်းမှုအထောက်အထား မထုတ်သူ ဦးရေက မေလ မှာ ၄ဦးနဲ့ ဇွန်လ မှာ ၁၃ဦး စုစုပေါင်း ၁၇ဦး ရှိတယ်လို့ မြန်မာသံရုံးက ကြေညာထားပါတယ်။ ဒါ့အပြင်ထမ်းဆောင်ရမယ့် ဝင်ငွေခွန်ပမာဏထက် ကျော်လွန်ပြီး / လျော့နည်းပြီး ငွေလွှဲထားကြလို့ အခုလို့ အသိပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခွန်ပေးသွင်းမှုအထောက်အထား ကို ဇူလိုင် ၁၈ရက် နောက်ဆုံးထားပြီး သံရုံးကို လာရောက် ထုတ်ယူဖို့နဲ့ ပျက်ကွက်ပါက အခွန်ပေးသွင်းမှုအထောက်အထား ထုတ်ပေးခြင်း ဆောင်ရွက်ပေးတော့မှာမဟုတ်ဘူးလို့ အသိပေးကြေညာထားပါတယ်။

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025