NEWS

သတင်းသမားတွေ ကြောက်ရွံ့ရမှုကင်းစွာဖြင့် လွတ်လပ်စွာ အလုပ်လုပ်နိုင်သော နိုင်ငံအဖြစ် ရည်မှန်းထားတယ်လို့ NUG အစိုးရအဖွဲ့ ထုတ်ပြန်

CoverLogo
321 Views

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ သတင်းသမားတွေ ကြောက်ရွံ့ရမှုကင်းစွာဖြင့် လွတ်လပ် စွာ အလုပ်လုပ်နိုင်သော နိုင်ငံတစ်နိုင်ငံကို ဦးတည် ရည်မှန်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ က နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားပါတယ်။ 

သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ NUG အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

မိမိတို့၏ အသက်ကို ပဓာနမထားဘဲ သတင်းများ ဖော်ပြပေးနေတဲ့ သတင်းသမားအားလုံးအပေါ် မယိမ်း မယိုင် ထောက်ခံပံ့ပိုးသွားမှာဖြစ်ကြောင်း၊ စစ်ကောင်စီရဲ့ အန္တရာယ်တွေနဲ့ အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုတွေ ကို ရင်ဆိုင်နေရပေမဲ့လည်း မြေပြင်မှာ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ အဖြစ်မှန်တွေကိုဖော်ထုတ်ရန်၊ ပြည်သူ လူထုရဲ့ သတင်းသိပိုင်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့ကို ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံရှိ သတင်းသမားများ၏ သတ္တိနှင့် စွန့်လွှတ်မှုများကို ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ၇ ဦး သတ်ဖြတ်ခံရပြီး၊ သတင်းသမား ၁၅၀ ဦး ထက်မနည်း ဖမ်းဆီးခံရခြင်းနဲ့ ညှင်းပမ်းနှိပ်စက်ခံရခြင်း ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ရက်အထိ သတင်းသမား ၆၄ ဦးထက်မနည်း မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရဆဲဖြစ်ကာ ၎င်းတို့၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ခံနေရဆဲဖြစ်ပါတယ်။ 

နယ်စည်းမခြား သတင်းထောက်များ - Reporters Without Borders (RSF) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အနက် ၁၇၁ အဆင့်ထိ နိမ့်ကျနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025