NEWS

သင်္ဘောသားတွေရဲ့ လစာငွေကို အမြင့်ဆုံးနှုန်းထားနဲ့ဝယ်ယူဖို့ ဗဟိုဘဏ်ညွှန်ကြားထားပေမဲ့ ခေါင်းပုံဖြတ်ခံနေရ

CoverLogo
13K Views

နိုင်ငံခြားသင်္ဘောလိုင်း​တွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာသင်္ဘောသားတွေရဲ့ နိုင်ငံခြားလစာငွေများကို အမြင့်ဆုံးနှုန်းထားဖြင့်ဝယ်ယူဖို့ ဗဟိုဘဏ်က ညွှန်ကြားထားတယ်ဆိုပေမဲ့ ခေါင်းပုံဖြတ်ခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

''ပြည်တွင်း SRPS များက သင်္ဘောသားကိုလစာပေးပုံစံ ၄ မျိုးရှိတယ်။ နံပါတ်စဉ် ၁ က ပြဿနာမရှိပါ။  သင်္ဘောပေါ်မှာကိုယ့်လစာ ကိုယူ။ ၂ က Fixed exchange rate  တုံးပြဿနာရှိပါတယ်။ နံပါတ်စဉ် ၃ က သင်္ဘောသားလစာကို နိုင်ငံခြားဘဏ်သို့လွဲပြီး ထိုနိုင်ငံမှ မြန်မာနိုင်ငံသို့ ဟွန်ဒီစနစ်ဖြင့် ငွေလွဲရယူတာပါ။ နံပါတ်စဉ် ၄ က ပြဿနာအကြီးကြီးပါ။ တချို့ SRPS Companies များမှ သင်္ဘောသားများလစာကိုလစဉ်မြန်မာ‌ကျပ် ငွေ ပြန်ထုတ်ပေးတယ်။ ဒီနေရာမှာ မှန်မှန်ကန်ကန် Fair Exchange Rate နဲ့ ပေးတဲ့ company နည်းတယ်။ SRPS Companies တွေက ခေါင်းပုံဖြတ်အမြတ်ကြီးစား လုပ်တာ ခံနေရတာပါ''လို့ သင်္ဘောသားလုပ်သားတစ်ဦးက ဆိုပါတယ်။

အဆိုပါငွေထုတ်ယူခြင်းနဲ့ ဒေါ်လာအကောင့်မှကျပ်ငွေပြောင်းလဲရောင်းချခြင်းနဲ့ပတ်သက်ပြီး ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က သတင်းထုတ်ပြန်ထားပါသေးတယ်။

ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ သင်္ဘောသားတွေရဲ့  နိုင်ငံခြားငွေစုဘဏ်စာရင်းသို့ ဝင်ရောက်လာတဲ့နိုင်ငံခြားလစာငွေအပေါ် ဧရာဝတီဘဏ်အနေဖြင့် ဘဏ်အတွင်း ငွေကြေးအရောင်းအဝယ် ငွေလဲလှယ်နှုန်းဖြစ်ပေါ်နေသည့် နေ့စဉ်နှုန်းထားများအရ ပြောင်းလဲဝယ်ယူပေးမှာဖြစ်ပြီး အမြင့်ဆုံးနှုန်းထားဖြင့်သာ ဝယ်ယူပေးမှာဖြစ်တယ်လို့ MSF ကစက်တင်ဘာ၇ ရက်က  သတင်းထုတ်ပြန်ထားတာပါ။

'' ဂျင်းလာထည့်နေတယ် အကောင့်ထဲမှာ ၂၁ ရက်ပဲထား လို့ရမယ်၊ ၂၁ ရက်မကျော်ခင် ဘဏ်ကဖြတ်တဲ့ဈေးနဲ့ရောင်းကိုရောင်းရမှာ၊ Force sale value ရမယ်၊ USD Exchange Rate ပေါ်မှာ တနိုင်ငံလုံး မှီခိုသက်ရောက်နေပါတယ်။  MMK တန်ဖိုးကျပါတယ်။ ငြင်းမရသောအမှန်တရားပါ။ သင်္ဘောသားတွေ ဒေါ်လာတက်လို့ပျော်နေပါတယ်၊ အဲ့အယူအဆ မမှန်ပါဘူး။သင်္ဘောသားတွေသည် လောဘမကြီးကြပါဘူး၊ သူတို့ရဲ့သန်ရှင်းတဲ့ လုပ်ခလစာကို မှန်မှန်ကန်ကန် Fair and Square Exchange Rate ရတာဘဲလိုချင်ကြတယ်''လို့ သင်္ဘောသားတစ်ဦးက MSF ရဲ့ ထုတ်ပြန်ချက်အပေါ် သို့ပြောဆိုထားတာဖြစ်ပါတယ်။

သင်္ဘောသားတွေအနေနဲ့  ဧရာဝတီဘဏ်၏ ငွေစုဘဏ်စာရင်းမှ မိမိ၏နိုင်ငံခြားလစာငွေအား အခြားဝယ်ယူသူထံသို့လည်း တိုက်ရိုက်ရောင်းချခွင့်ရှိသော်လည်း မိမိငွေစုဘဏ်စာရင်းသို့ နိုင်ငံခြားငွေလက်ခံရရှိသည့်နေ့မှ (၂၁) ရက်အတွင်း အပြီးအပိုင်လွှဲပြောင်းရောင်းချရမှာဖြစ်ပါတယ်။

ဒါ့အပြင်လွတ်လပ်စွာရောင်းချနိုင်တယ်လို့ ထုတ်ပြန်ထားပေမဲ့လည်း ကိုယ့်ရဲ့နိုင်ငံခြားလစာငွေကို ကိုယ်ရေးကိုယ်တာကိစ္စရပ်များဖြစ်သော နိုင်ငံခြားတွင် ကျောင်းတက်နေသည့် သားသမီးများအတွက် ကျောင်းစရိတ်ပေးပို့ရန်ကိစ္စ၊ နိုင်ငံခြားသို့ထွက်ခွာ၍ ဆေးကုရန်ကိစ္စရပ်များအတွက်ကိုမူ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းသို့ ဧရာဝတီဘဏ်မှတဆင့်လျှောက်ထား၍ ခွင့်ပြုမိန့်ရယူပြီးမှသာ ဆောင်ရွက်နိုင်တယ်လို့လည်း ဆိုထားပြန်ပါတယ်။

MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026