NEWS

သင်္ကြန်အလုပ်ပိတ်ရက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား(၄၀၀)ကျော်အား အလုပ်မှရပ်ဆိုင်းခဲ့ဟုဆို

CoverLogo
1.4K Views

တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် ဦးအောင်သူလမ်း Fitex (Myanmar) Garment Manufacturing Co.,Ltd အထည်ချုပ်စက်ရုံဟာ  သင်္ကြန်ပိတ်ရက်အတွက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား ၇၀၀ ကျော်အနက်မှ  အလုပ်သမား၄၀၀ကျော်ကို  အလုပ်ကနေရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

"၁၃ရက်နေ့လည်၂နာရီ လောက်က လုပ်သက် ၃လ၊၆လ၊ မပြည့်သေးတဲ့ အလုပ်သမားများကို ပိတ်ပြီဆိုတဲ့အကြောင်း စူပါ လီတာတွေကတစ်ဆင့် ပြောပါတယ်။ ကျွန်မတို့ကို ၃လပိုင်း ၁၃ရက်မှ ၄လပိုင်း ၁၂ထိဆင်း ရမယ်ပြောပါတယ် စက်ရုံမှနို့တစ်စာလည်းမကပ် အလုပ်သမားတွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အလုပ်ရှင်မှ အလုပ်သမားတွေကို သင်္ကြန်
ပိတ်ရက်ခ ပေးရမှာစိုးတဲ့အတွက် အလုပ်သမား (၄၀၀)ကျော်ကို အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်” လို့ အဲ့ဒီစက်ရုံကအလုပ်သမားတစ်ဦးက ပြောပါတယ်။  

အဆိုပါစက်ရုံက AMISU ကုန်အမှတ်တံဆိပ်ကို  အဓိကထားချုပ်လုပ်နေတဲ့စက်ရုံဖြစ်ပြီး  စက်ရုံကိုလူဦးရေ ၇၀၀ကျော်နှင့် စက်လိုင်း ၁၀လိုင်းဖြင့်လည်ပတ်လုပ်ကိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့၂၀၂၂ နှစ်တုန်းကလည်း သက်င်္ကြန်ပိတ်ရက်ခမပေးချင်တဲ့အတွက် အခုပုံစံအတိုင်း စက်ရုံပိတ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။  

“နှစ်လပိုင်းတုန်းကဆိုရင် စနေ့ ၊တနဂ်နွေ အလုပ်ပိတ်ပေးပြီး လုပ်သက် ၂လမပြည့်သေးတဲ့ အလုပ်သမားတွေကို ဒေးကြေး ၄၈၀၀မပေးပဲဖြတ်တောက်ပါတယ် အထည်ကြေးတွေကိုလည်း ရာခိုင်းနှုန်း မပြည့်ဘူးဆိုပြီး စက်ရုံမှူးနဲ့စကားပြန် မအေးနွယ်မှ ဖြတ်တောက်ပါတယ် ကျွန်မတို့အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပင်မဲ့ အလုပ်ရှင်တွေရဲ့လူပါးဝမှုတွေကို ပြည်သူတွေသိစေချင်ပါတယ်ရှင်” လို့  ၎င်းကဆိုပါတယ်။  
အဆိုပါစက်ရုံဟာ အလုပ်သမားဆန္ဒမပါဘဲ အချိန်ပိုအတင်းအကြပ်ခေါ်တာရှိသလို ကျန်းမာရေး မကောင်းလိုပြန်မယ်ဆိုရင်လည်း ဂိတ်ပတ်မပေးခြင်း၊ အလုပ်တစ်ရက်ပျက်ပါက  အလုပ်ဖြုတ်ပစ်ခြင်းများ၊ အလုပ်သမားများကို ရိုင်းပျစွာပြောဆိုခြင်းများရှိနေတာကြောင့်  အလုပ်သမားများအနေဖြင့်မိမိတို့ထုတ်လုပ်နေတဲ့နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေနဲ့ တာဝန်ရှိသူများကအမြန်ဆုံးကူညီပေးပါရန်  မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်FGWM Page ကိုအကူအညီတောင်းထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews 
#FGWM


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026