NEWS

သင်္ကြန်ကာလပြီးနောက် လူငယ်များပြည်ပထွက်ခွာမှုပိုများလာ

CoverLogo
428 Views
 
သက်ြန်ကာလပြီးနောက်မှာအလုပ်ကိစ္စနဲ့ဖြစ်စေ၊အလည်အပတ်အနေနဲ့ဖြစ်စေပြည်ပနိုင်ငံတွေကိုထွက်ခွာလိုသူတွေပိုများလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပြည်ပနိုင်ငံ တွေကိုသွားရောက်လုပ်ကိုင်နှုန်းဟာသိသိသာသာမြင့်တက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့စစ်မှုထမ်းဖို့ဖိအားပေးတာတွေကြောင့်လည်းလူငယ်အများစုဟာတရားမဝင်သွားရောက်ဖို့ပါကြိုးပမ်းနေတာပဲဖြစ်ပါတယ်။
"ယူအေအီးကိုအလည်ဗီဇာနဲ့ထွက်လာတာပါ။ဟိုရောက်တော့အလုပ်ရတယ်။ဒီကမထွက်ခင်ကတည်းကကြိုချိတ်ထားတာပါ။ရည်းစားကလည်းအဲ့မှာရှိ နေလို့။သူအဆက်နဲ့လိုက်တာ။တရားမဝင်နေရပေမယ့်ပြည်တွင်းကိုပြန်မလာဘူး။အိမ်ကတစ်လကိုဆယ်ချီပို့နေတယ်။မောင်နှမတွေလည်းထပ်ခေါ်ဖို့ရှိတယ်"လို့ယူအေအီးနိုင်ငံမှာအလုပ်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းဥပဒေစတင်ကျင့်သုံးပြီးအင်အားစတင်စုဆောင်းချိန်မှာပဲသံရုံးတွေမှာအလည်အပတ်ဗီဇာအတွက်တန်းစီစောင့်ဆိုင်းသူများပြားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းသံရုံးတွေကဗီဇာပေးတဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးကန့်သတ်ချက်တွေလုပ်ဆောင်ခဲ့ရပါတယ်။
"ထိုင်းဘက်ကိုသွားမှာပါ။ဒီမှာတော့ဆက်မနေချင်ဘူး။တရားဝင်တော့သွားချင်တာပေါ့။ဒါပေမယ့်အ‌ ခြေအနေအရပဲ။ဒီမှာကမှန်းမရဘူး။သူများနိုင်ငံမှာတရားမဝင်နေရတာကပြည်တွင်းမှာနေရတာထက်ပိုလုံခြုံသေးတယ်လို့စိတ်ကခံစားမိလို့သွားမှာပါ"လို့လူငယ်တစ်ဦးကပြောပါတယ်။
သက်ြန်ကာလပြီးနောက်မှာပြည်ပနိုင်ငံတွေကိုအလည်အပတ်ခရီးအဖြစ်ရက်ရှည်သွားရောက်သူတွေများပြားနေတယ်လို့လည်းနိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ပြည်တွင်း စီးပွားရေးကျဆင်းတာ၊ ကုန်ဈေးနှုန်ကြီးမြင်တာ၊ လုပ်ခအင်မတန်နည်းပါးတာ၊ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာတွေ အပြင် စစ်မှုထမ်းဥပဒေပြဌာန်းကာ အတင်းအဓမ္မတပ်သားစုဆောင်း နေတာတွေကြောင့်လည်း အရွယ်ရောက် လူငယ်တွေအနေနဲ့ ပြည်ပထွက်ခွာနှုန်းတွေပိုမိုမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။
 
 

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026