NEWS

သက်တမ်းရှိ နိုင်ငံကူးလက်မှတ် PJမှPV ပြောင်းလဲလျှောက်ထားခွင့်မရတော့သည့်အတွက် အွန်လိုင်းကတစ်ဆင့် QRယူထားသူများ ဘဏ်သွင်းငွေများဆုံးရှုံး

CoverLogo
629 Views
 
၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက် က စပြီး ပြည်ပ ကို အလုပ်သွားရောက် လုပ်ကိုင် သူတွေ ကိုင်ဆောင်တဲ့ PJ နိုင်ငံ ကူးလက်မှတ် ကို ပြည်ပ ကို အလည်အပတ် သွားရောက် သူတွေ ကိုင် ဆောင်တဲ့ PV နိုင်ငံကူးလက်မှတ် သိုပြောင်းလဲလျှောက်ထား ခွင့် မပြုတော့ တဲ့ အတွက် နိုငိငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားဖို့ အွန်လိုင်းကတစ်ဆင့် ကြိုတင်ဘိုကင် တင်ထားသူတွေ အနေနဲ့ ဘဏ်သွင်းငွေများ ဆုံးရှုံးရတယ် လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် QRတင်ထားသူတွေ ထံ က သိရပါတယ်။
 
နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ကို အွန်လိုင်းကတစ်ဆင့် ကြိုတင် ရက်ချိန်း ယူရတဲ့ အခါ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် ဘဏ်သွင်းငွေ ၃၅၀၀၀ကျပ် ကို တခါထဲ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
 
'" ကျွန်တော်က PJကနေ PV ပြောင်းဖို့ QR တင်ထားတာ ၈လ ပိုင်း ထဲ ရက်ချိန်းရတယ် အခုဇွန်လ ၆ရက်ကစပြီးသက်တမ်း ကျန်သေးတဲ့ PJ စာအုပ်ကို PV ပြောင်းမပေးတော့ဘူးဆိုတော့ QR. တင်တုန်းက ဘဏ်သွင်းငွေ ကျပ် သုံးသောင်းခွဲ က ဆုံးပြီဆိုတဲ့သဘောပေါ့ ဥပဒေ က တစ်ရက်တမျိုးနဲ့ အမျိုးမျိုးပြောင်းနေတာ ပြည်သူတွေပဲ နစ်နာတာ ""လို့ နိုင်ငံကူးလက်မှတ်ပြောင်းလဲလျှောက်ထားဖို့ရက်ချိန်းယူထားသူတစ်ဦးကပြောပါတယ်။
 
ယခင်က PJ နိုင်ငံ ကူးလက်မှတ် ကို သက်တမ်း ၅ နှစ် မပြည့် သေးသော်လည်း PV နိုင်ငံကူးလက်မှတ် ကို ပြောင်းလဲလျှောက်ထား နိုင်ခဲ့ပေမယ့် အမျိုးသား များ ပြည်ပ ကို အလုပ်လုပ်ခွင့် ကန့်သက်ချက်များ နဲ့ ဆက်စပ်ပြီး နောက်ပိုင်း ယခုလို သက်တမ်းမကုန်သေတဲ့ PJ နိုင်ငံကူးလက်မှတ် မှ PV နိုင်ငံကူးလက်မှတ် ကို ပြောင်း လဲ လျှောက်ထားခွင့် ပိတ်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
 
""အခုမှ PV လုပ်မယ် ဆိုရင် ရတယ်PJစာအုပ် ကနေ PV ပြောင်းမယ်ဆိုရင် သက်တမ်းငါးနှစ် ကုန်ဖို့ တစ်ရက် လိုတာ တောင် မလုပ်ပေးဘူး အရင်QR တင်ထားတဲ့ သူတွေ ကတော့ ပိုက်ဆံ တွေ ဆုံးတာပေါ့"လို့ နိုင်ငံကူးလက်မှက် ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
 
မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့ အသက် ၂၃ နှစ်က နေ ၃၁ နှစ်ကြားအရွယ်အမျိုးသားတွေကို စစ်ကောင်စီက ပြည်ပ ကို တရားဝင်အလုပ်လုပ်ခွင့် ပိတ်ပင်ထားခဲ့ရာမှ ဇွန်လ ၆ ရက်မှာတော့ အလည်အပတ်ထွက်ခွင့် ပက်စ်ပို့ PV ပြောင်းလဲ လျှောက်ထားခွင့် တွေကိုပါ ပိတ်ပင်လိုက်တဲ့ အတွက် ပြည်ပကိုအလည်ပတ်သွားရောက်ဖို့ပါ အခက်ခဲဖြစ်လာတယ်လို့သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026