NEWS

ဝမ်တိမ် လက်မှတ်ထိုးရန်ငြင်းဆိုတဲ့ အလုပ်သမားကို Golden Colour Fashion Myanmar စက်ရုံမှအလုပ်ထုတ်

CoverLogo
692 Views

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်ခရိုင် ၊ ရွှေပြည်သာစက်မှုဇုန် (၃) မြတောင်ဝန်ကြီးဦးမှိုလမ်း ၊ အမှတ် (-) မှာရှိတဲ့  တရုတ်နိုင်ငံသားပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံမှာ  ဝမ်တိမ်လက်မှတ်မထိုးလို့ဆိုကာ အလုပ်သမားတစ်ဦးအလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဖြစ်စဥ်မှာ စက်တင်ဘာ ၂၅ ရက်နေ့ မနက်က HR စာရေး မှ Line leader အားအပေါ်ထပ် ရုံးခန်းသို့ခေါ်ပြီး  WCC အဖွဲ့၊ စက်လိုင်းမန်နေဂျာ ၊ HR ၊ အောစူပါ ဆနှင့် မန်နေဂျာတို့ ရှိနေခဲ့ပြီး Finishing ဌာနနှင့်လိုင်းဌာန စာရင်း ကွာနေလို့ အထည်စာရင်း (1/2)ထည် လွဲတာ လက်မခံနိုင်ဆိုကာ ဝမ်တိန် ထိုးပေးရမယ်ပြောဆိုသဖြင့် ဝန်ထမ်းက "လွှဲပြောင်းပေးတဲ့ အထည်စာရင်းမကွာဘဲ တစ်ဝက်မှာ လိုင်း-3 သို့ပြောင်းသွားတဲ့ လီတာလွဲတာဖြစ်သလို  စူပါ၊အောစူပါတို့အနေဖြင့်လည်း တာဝန်ရှိတာ​ကြောင့် လီတာတစ်ဦးတည်းကိုသာ ဝမ်တိန်ထိုးခိုင်းတာ​ကြောင့် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့တာလို့ ​ပြောပါတယ်။ 

အဆိုပါအလုပ်သမားဟာ လိုင်း ၃ ဌာနသို့ ပြောင်းသွားသော လီတာ  စာရင်းတွင် အထည်ကွာဟမှု့ရှိနေခဲ့ပြီး ယင်း အထည်စာရင်းမှာ မကွာသောကြောင့် အလုပ်နေရာသို့ ပြန်လာခဲ့တယ်လို့ ​ပြောပါတယ်။ 

အဲ့ဒီနောက် HR ရုံးခန်းသို့လာခဲ့ရန်ခေါ်ပြီး မန်နေဂျာ၊ HR ၊ အောစူပါ  နှင့် လိုင်း-1 စူပါ တို့ရှိနေခဲ့ကာ  "အထည်စာရင်းမကွာသော်လည်း ဆိုဒ်ကွာနေတဲ့အတွက် ဝမ်တိန် ထိုးပေးရန်ထပ်မံပြောဆိုခဲ့လို့  ဝန်ထမ်းမှ "ဆိုဒ် ကွာနေသည့်ကိစ္စ အစောကတည်းကပင် အောစူပါ နှင့် စက်လိုင်းမန်နေဂျာတို့ကိုကြိုတင်အကြောင်းကြားထားတာကို လက်မခံဘဲ ဝမ်တိန်အတင်းအကြပ်ဖိအားပေး ထိုးခိုင်းလို့ ဝန်ထမ်းမှ ထိုးမပေးခဲ့ဘူးလို့သိရပါတယ်။ 

​ညနေ၃နာရီတွင် မန်နေဂျာမှ အပေါ်ထပ်ရုံးခန်းသို့လာရောက်ရန် ထပ်မံခေါ်ယူပြီး WCC အဖွဲ့၊ စက်ရုံတွင်မမြင်ဖူးတဲ့ အမျိုးသားတစ်ဦး၊ စက်လိုင်းမန်နေဂျာ၊ အောစူပါ၊ HR နှင့် မန်နေဂျာတို့ ရှိနေခဲ့ပြီး ဝမ်တိန်မထိုးတဲ့အတွက် နို့တစ်ကြေးတစ်လ​ပေးကာ  နောက်ရက်မှစတင် အလုပ်လာဆင်းစရာမလိုတော့ဘူးပြောဆိုပြီး နို့တစ်စာတွင် အတင်းအကြပ်လက်မှတ် ထိုးခိုင်းခဲ့တယ်လို့သိရပါတယ်။ 

အဆိုပါဝန်ထမ်းဟာ "အကြောင်းရင်းမရှိ နို့တစ်ပေးသည်ကို လက်မခံနိုင်ကြောင်း"ပြောခဲ့ပြီး နို့တစ်စာတွင် လက်မှတ်မထိုးခဲ့ဘူးလို့သိရပါတယ်။ 

အဆိုပါ စက်လိုင်းမှာ အလုပ်သမားသမဂ္ဂ ဖွဲ့နေသော စက်လိုင်းဖြစ်သဖြင့် ခွဲခြားဆက်ဆံ မှူများပြုလုပ်သဖြင့် မကြာခန တိုင်ကြားခံရခြင်း ၊အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း၊ သမဂ္ဂဖြိုခွဲခံရမှုဖြစ်ခြင်းနဲ့အလုပ်ထုတ်ခြင်းတွေကို အဆိုပါစက်ရုံက  ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားတွေကိုအချိန်ပိုဆက်တိုက်ခေါ်တာကြောင့် အင်းစိန်မြို့နယ် တရားရုံးက အဆိုပါစက်ရုံပိုင်ရှင်နဲ့မန်နေဂျာကို ငွေကျပ်သိန်းလေးဆယ်ဖြင့်  ငွေဒဏ်ချမှတ်လိုက်ပြီး ဆက်လက် အချိန်ပိုခေါ်ယူခွင့်မရှိတော့ဘူးလို့  ဩဂုတ် ၂၃ ရက်နေ့ကထုတ်ပြန် ပြောကြားထားချက်အရ သိရပါတယ်။ 

တရုတ်နိုင်ငံသားပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်၊  ၁၁ရက်နဲ့ ဇူလိုင်လ ၁၂ ရက်တွေမှာ  ည၈နာရီခွဲအထိအလုပ်လုပ်ခဲ့ရတာ​ကြောင့် အလုပ်သမားတွေကို ခွင့်ပြုထားတဲ့ အချိန်ပိုနာရီ ( ၁၉ နာရီခွဲ) ထက် ကျော်လွန်ပြီး ၂ နာရီ ပိုမိုလုပ်ကိုင်ရတဲ့အပြင် သာမန်အလုပ်ချိန်ပြီးဆုံးလို့  အချိန်ပိုလုပ်ကိုင်ရာမှာလည်း အလုပ်သမားတွေကို မိနစ်( ၃၀ ) အနားမပေးဘဲ  တဆက်တည်းဆက်တိုက် ခိုင်းစေခဲ့လို့ တိုင်ကြားခံခဲ့ရတာပါ။ 

Golden Colour Fashion (Myanmar) အထည်ချုပ်စက်ရုံက  လက်ရှိချုပ်လုပ်နေသော ကုန်အမှတ်တံဆိပ်(Brand)  Kappa အတွက် ပြီးခဲ့တဲ့ဇွန်လက အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို(OT) ဆက်တိုက်ခေါ်ယူကာ အတင်းအကျပ်အလုပ်ဆင်းခိုင်းတာကြောင့် အလုပ်သမားတွေက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 

ဒါံအပြင်အဆိုပါစက်ရုံက  အလုပ်သမား (၁၀၀၀) ကျော်ခန့်အလုပ်လုပ်ကိုင်နေပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း  လုပ်ခလလစာ ပေးချေရာ လုပ်ငန်းရှင်မှ အလုပ်သမားများ၏ ကျွမ်းကျင်ကြေးများကို တစ်ဝက်နီးပါးဖြတ်တောက်လို့  ကျွမ်းကျင်ကြေးအပြည့်ပြန်လည်ပေးချေဖို့ ဆန္ဒပြတောင်းဆိုခဲ့ရပါသေးတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026