NEWS

လှိုင်သာယာအထည်ချုပ် စက်ရုံမှ အလုပ်သမားအမျိုးသမီးများအား တောင်ဒဂုံစက်ရုံဆီ  ညအိပ်လုပ်ကိုင်ခိုင်း

CoverLogo
1.3K Views

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က  MAIYIBEI အထည်ချုပ် စက်ရုံတာဝန်ရှိသူတွေက စက်ရုံ  အလုပ်သမား အမျိုးသမီးတွေကို ဒဂုံမြို့သစ် အရှေ့ပိုင်းက စက်ရုံတွေဆီ သွားရောက်လုပ်ကိုင် ခိုင်းနေတယ်လို့ သွားရောက်လုပ်ကိုင်နေရတဲ့ အလုပ်သမားအမျိုးသမီးငယ်တဦးရဲ့ မိသားစုဝင်က Myanmar Labour News ကို လာရောက်ပြောဆိုထားပါတယ်။

“မနေ့က (အောက်တိုဘာ) ၉ ရက် နေ့လယ်ပိုင်းလောက်မှာ ဖုန်းပြောတော့ ဒဂုံမြို့သစ် အရှေပိုင်းက စက်ရုံမှာ အလုပ်သွားလုပ်ရမယ်လို့ပြောတယ်။ ညကြပိုင်းကြ  အဆက်အသွယ်မရဘူး။ ဒီကနေ့(အောက်တိုဘာ) ၁၀ ရက်မှာ မနက်အစော အဆက်သွယ်ရတယ်။ မုန့်ထွက်စားကြတာလို့ ပြောတယ်။ ညပိုင်း အော်လင်း အလုပ်ဆင်း ရတယ်လို့ ပြောတယ်” လို့ မိသားစုဝင်က ပြောပါတယ်။ 

ဒဂုံမြို့သစ် အရှေ့ပိုင်း စက်ရုံဆီသွားရောက်လုပ်ကိုင်နေရတဲ့ အလုပ်သမား အမျိုးသမီး ၉ ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။ MAIYIBEI အထည်ချုပ်စက်ရုံကနေ သွားရောက်လုပ်ကိုင်နေတဲ့ အမျိုးသမီးငယ်တွေဟာ အသက် ၂၀ ဝန်းကျင်သာရှိကြပြီး အလွယ်တကူဆက်သွယ်မရ ဖြစ်နေတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေတာလို့ ပြောပါတယ်။

“လှိုင်သာယာစက်ရုံ (MAIYIBEI) က တာဝန်ရှိသူတဦးက ပြောတာတော့၊ အလုပ်က မပြတ်သေးတော့ တည လောက် ထပ်အိပ်ရမယ်ဆိုတာ သိရတယ် ။ ဒါဆို ကောင်မလေးတွေ ဘယ်လိုနေမလဲ၊ ရေမချိုးရ နဲ့ ပိုက်ဆံတွေပါ သွားရဲ့လား၊ စက်ရုံထဲ အမျိုးသမီးငယ်တွေ အိပ်ရတာ လုံခြုံရဲ့လား စိတ်ပူနေကြတာပေါ့။ စက်ရုံဘက်ကလည်း သွားမခေါ် နိုင်ဘူးလည်း ပြောတယ်။ ဒါဆို အုပ်ထိန်းသူတွေကို ဘာလို့ အကြောင်းမကြားတာလဲ ။ “ လို့ အမျိုးသမီးငယ်တဦး ရဲ့ မိသားစုဝင်က ပြောပါတယ်။ 

MAIYIBEI (Yangon) Garment Manufacturing Co;LTD အထည်ချုပ် စက်ရုံဟာ ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန် ၊ ပိထောက်လမ်းမှာ ရှိတယ်လို့ သိရပါတယ်။ စက်ရုံအလုပ်သမားတွေဟာ သွားရောက်လုပ်ကိုင်ရတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက အထည်ချုပ် စက်ရုံရဲ့ တည်နေရာ ကို မသိရှိသလို ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် လုပ်ကိုင်လိုတဲ့ ဆန္ဒမရှိပေမဲ့ စက်ရုံဘက်က မဖြစ်မနေ လုပ်ကိုင်ဖို့ ပြောဆိုတယ်လို့ အလုပ်သမားတဦးက ပြောပြပါတယ်။

“ဟိုဘက် စက်ရုံ ရောက်မှ ည ၁၀ နာရီအထိ အချိန်ပိုရှိတယ်တို့ ။ အောလင်းရှိတယ်လို့ ပြောတာ။ အဲ့စက်ရုံက ဘယ်နားမှန်းလည်း မသိရဘူး။ ဖုန်းလည်း ဆက်မရဘူး ၊  တကယ်ဆို တရက်လောက် ကြိုပြောပြီး ၊ စက်ရုံဘက် က စားရေးသောက်ရေး နေရေး စီစဉ်ပေးသင့်တာ။ “ လို့ ဒဂုံမြို့သစ် အရှေ့ပိုင်းက စက်ရုံမှာ သွားရောက် လုပ်ကိုင် ဖူးသူ အမျိုးသမီး အလုပ်သမားတဦးက Myanmar Labour News ကို  ပြောပြပါတယ်။ 

MAIYIBEI အထည်ချုပ် စက်ရုံကတော့ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုနဲ့ ဖွင့်လှစ်ထားပြီး ဂျာကင် အနွေးထည်တွေကို လုပ်သားအင်အား ၅၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံကို အခုနှစ် ဇွန်လအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  နေ့စဉ် အချိန်ပို ၄ နာရီ၊ စနေနေ့မှာ မနက် ၈ နာရီကနေ့ ညနေ ၆ နာရီခွဲအထိ နဲ့ တနင်္ဂနွေနေ့မှာ နေ့တဝတ်ကို အခကြေးငွေမရဘဲ လုပ်ကိုင်ခဲ့ ရတယ်လို စက်ရုံအလုပ်သမားတဦးက ပြောဆိုပါတယ်။ 

“အချိန်ပိုကြေး ဘာလို့ မရတာလည်းလို့ စူပါတွေကို မေးပါတယ်။ အထည်တွေ မအပ်နိုင်လို့ မရတာလို့ ပြောတယ်။ အထည်တွေချုပ်ပြီး ပြန်လို့ရမလားဆိုတော့လည်း မရဘူးလို့ ဖြေတယ်။ အချိန်ပိုအတွက် ပိုက်ဆံမရဘဲ လုပ်ခဲ့ရ တာပဲ ၃ လ ကျော်တယ် ” လို့ စက်ရုံက အမျိုးသမီး အလုပ်သမား တဦးက ပြောဆိုပါတယ်။ 

လက်ရှိ MAIYIBEI အထည်ချုပ်မှာ စနေ့နေ့တိုင်း အချိန်ပို အော်လင်း လုပ်ကိုင်နေရဆဲ ဖြစ်တယ်လို့လည်း အဲဒီ အမျိုးသမီးအလုပ်သမားက Myanmar Labour News ကို ပြောပြထားပါတယ်။ 
 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026