NEWS

လှိုင်သာယာက စက်ရုံ အလုပ်သမားတစ်ထောင်ကျော် ဒေးကြေး ၅၆၀၀ တိုးပေးဖို့စက်ရုံတွင်းသပိတ်မှောက်တောင်းဆို

CoverLogo
1.5K Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖန်ချက်၀န်ဦးရွှေအိုးလမ်း အမှတ်၂၅/၅၆မှာ  အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် Beaume internation Garment MFG CO'LDT  နဲ့ Popular internation Garment Manufuring CO'LDT စက်ရုံကအလုပ်သမားတွေဟာ  အနိမ့်ဆုံးလုပ်လစာဒေးကြေး ၅၆၀၀ တိုးပေးဖို့ စက်ရုံတွင်းသပိတ်မှောက် တောင်းဆိုနေတယ်လို့ သိရပါတယ်။

PRO, TOPTEX, Rab, Carrefour, REGATTAစတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။

“ဟုတ်ပါတယ်ရှင့်။ တောင်းဆိုမှုပြုလုပ်နေပါတယ်။ တစ်ခြားစက်ရုံမှာ ဒေးကြေး၅၆၀၀ တိုးပေးလာကြတော့ ကျွန်မတို့စက်ရုံက ၀န်ထမ်းတွေကလည်း  ဒေးကြေး၅၆၀၀တိုးပေးစေချင်ကြတာပေါ့။ အဲ့လိုကြောင့်  အလုပ်သမားတွေအကုန်လုံးက WCCကနေတစ်ဆင့်  ၅၆၀၀တိုးပေးဖို့ရယ်  ရက်မှန်ကြေးရယ် ကျွမ်းကျင်ကြေးအရမ်းနည်းပါးတာရယ်ကြောင့် ကျွန်မတို့ကဒီဟာကိုတိုးပေးဖို့ စက်ရုံကလူကြီးတွေကို တင်ပြတဲ့အခါ သူတို့ကအစိုးရကမတိုးပေးမချင်း ဘယ်စက်ရုံတိုးတိုးမတိုးပေးနိုင်ပါဘူးလို့ စက်ရုံမှူးကပြောလိုက်တဲ့အတွက်ကြောင့် စက်ရုံတစ်ရုံလုံးကအလုပ်မလုပ်ဘဲ လုပ်ငန်းခွင်ထဲမှာနေနေကြတာပါရှင့်”လို့ တောင်းဆိုသူများထဲမှ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

စက်ရုံဘက်က အခုလိုတောင်းဆိုမှုကြောင့် စက်ရုံပေါင်းရုံ ၁၀၀၀ ရှိမည်ဆိုပါက စက်ရုံ၉၀၀ကျော်လောက်ကတိုး ပေးမှသာတိုးပေးမယ်လို့ပြောလာပါတယ်။

အခြားတောင်းဆိုချက်တွေကို လည်း  တောင်းဆိုနေစဉ်ကာလအတွင်းမှာ တိုးပေးမှာမဟုတ်ဘဲ  အလုပ်လုပ်ပြီးနှစ်လသုံးလခန့်မှစဉ်းစားပေးမယ်လို့ပြောဆိုတာကြောင့် ၀န်ထမ်းများလက်မခံတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ခလစာဟာ ည ၆ နာရီအထိဆင်းရပေမဲ့  သူများအချိန်ပိုမဆင်းရတဲ့လစာလောက်သာရတဲ့အတွက်ကြောင့် ၀န်ထမ်းများအဆင်မပြေတဲ့အတွက် ဆန္ဒပြတောင်းဆိုဖို့စိတ်ကူးမရှိပေမဲ့ စက်ရုံဘက်ကလိုက်လျောမှုမရှိလို့ထိုင်သပိတ်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ရတဲ့အထိတော့တောင်းဆိုသွားမယ်။ မတရားတောင်းဆိုနေတာမဟုတ်ပါဘူး။  ကျွန်မတို့အဆင်မပြေလွန်း လို့သာ အများနည်းတူသူများရုံတွေလို ၅၆၀၀ ပေးဖို့ တရားသဖြင့်တောင်းဆိုနေတာပါ။ မတတ်နိုင်တဲ့နှုန်းထားတွေကိုတောင်းဆိုနေတာမဟုတ်ပါဘူး။ ဥပဒေထက်သာလွန်ကောင်းမွန်တဲ့အခွင့်အရေးအရ  အလုပ်သမား၈၀ရာခိုင်နှုန်းရှိရင် EC law အရတောင်းဆိုပိုင်ခွင့်ရှိတယ်လို့လည်းပါထားတယ်။  အဲ့ဒီlaw အတိုင်းပဲတောင်းဆိုနေတာပါ”လို့ ဆိုပါတယ်။

စက်ရုံမှာအလုပ်သမားတစ်ထောင်ကျော်ရှိပြီး စက်ရုံကပထမပေါ်ပြူလာပင်မ ရုံဟုခေါ်ထားတဲ့အလုပ်သမား၊ ဘိုးမီအလုပ်သမား၊ ပုတ်ပျက်အလုပ်သမားစသဖြင့်ရောနှောနေတာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ တောင်းဆိုချက်များရတဲ့အထိတောင်းဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာဂျပန်စတိုင် ဂျင်းဘောင်းဘီဂျင်းအင်ကျီ အ၀တ်အထည်တွေကို ချုပ်လုပ်ကာ  အလုပ်သမားတစ်ထောင်ကျော်ဖြင့်လည်ပတ်နေတာဖြစ်ပြီး  အဆိုပါအလုပ်သမားတွေရဲ့ မပြေလည်မှုတွေကြောင့်  အများစက်ရုံများနည်းတူဒေးကြေး၅၆၀၀တိုးပေးဖို့၊ ဒေးကြေးအလိုက် အချိန်ပိုနာရီတိုးပေးဖို့ ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေး A B C အဆင့်အလိုက် တိုးပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026