NEWS

လှိုင်သာယာက Myanmar York ( မြန်မာရော့ခ်) အထည်ချုပ်စက်ရုံက အလုပ်သမားသုံးထောင်ကျော် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
6.9K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)၊ ကျန်းစစ်သားလမ်းရှိ တရုတ်လူမျိုးပိုင်ဆိုင်တဲ့ Myanmar York ( မြန်မာရော့ခ်) အထည်ချုပ် စက်ရုံက အလုပ်သမားတွေဟာ  အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများစွာကို ခံနေကြရတယ်လို့ သိရပါတယ်။

အဆိုပါ Myanmar York ( မြန်မာရော့ခ်) အထည်ချုပ် စက်ရုံဟာ အလုပ်သမားစုစုပေါင်း (၃၀၀၀) နီးပါးဖြင့် လုပ်ကိုင်နေတဲ့စက်ရုံဖြစ်ပြီး စက်ရုံအတွင်း ချုပ်လုပ်သည့် Brands တွေက  ZARA, Only, DIVIDED (H&M) စသည် နာမည်ကြီးကုန်အမှတ်တံဆိပ် များကိုချုပ်လုပ်နေတဲ့စက်ရုံဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါစက်ရုံက အလုပ်သမား ၃၀၀၀ ရဲ့ အလုပ်ချိန်မှာတနင်္လာနေ့မှ သောကြာနေ့ထိကို မနက် ၈ နာရီမှ ညနေ ၆-၃၀ ထိဆင်းရတာဖြစ်သလို  မနက်ပိုင်း အလုပ်တက်ချိန် ၈ နာရီသတ်မှတ်ပေမဲ့ မနက် (၇) နာရီလာရောက်၍ (၁) နာရီ အချိန်ပိုခေါ်ကာ ညနေ(၇-၃၀) ထိ အချိန်ပိုခေါ်တာဖြစ်ပေမဲ့  အချိန်ပိုများကို လာရောက်ဆင်းသည်အခါ တွင်လဲ ဖယ်ရီကားစီစဉ်ပေးတာမရှိသလို  ညပြန်တော့လဲ ဖယ်ရီကားစီစဉ်ပေးတာမရှိတာကြောင့်  အလုပ်သမား များအနေဖြင့် နိုင်ငံရေးကာလတွင်အလွန်ကို အခက်ခဲဖြစ်နေရတယ်လို့ သိရပါတယ်။  

အဆိုပါစက်ရုံအနေနဲ့ အချိန်ပိုကိုအလွန်အကျွံခေါ်ယူတာကြောင့်  အချိန်ပိုကို ဆင်းရန် ငြင်းဆန်ပါက အောစူပါ၊ စူပါများက အဖေတွေ၊ မောင်တွေ၊ အကိုတွေနဲ့ ပေးစားပြီး ဆဲဆိုမှုများပြုလုပ်ခံရတယ်လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားရသင့်တဲ့ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်များတင်ပါက အလွယ်တကူမရရ်ှဘဲ ဆဲဆိုကြိမ်းမောင်းခံပြီး ခွင့်ပေးရန်တောင်းဆိုမှသာ အဆဲဆိုခံပြီးခွင့်ခံစားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်များဆိုလျှင်လဲ မီးဖွားခွင့်ကို ဥပဒေတိုင်းမရရှိဘဲ အရှေ့ (၆) ပတ် အနောက် (၈) ပတ်ရတာကို အရှေ့ (၆) အနောက် (၆) ပတ်ပဲ ခံစားခွင့်ပေးတယ်လို့ဆိုပါတယ်။

လုပ်သက်ခွင့် (၁၀) ရက်ကိုလည်း  ခွင့်မယူပါက အလုပ်ရှင်မှ ငွေကြေး ပြန်ပေးခြင်းဖြစ်ရာ  လုပ်သက်ခွင့် (၁၀) ရက်စာ (၄၈၀၀၀) ကျပ်ကိုတစ်နှစ်ပြည့်လို့ ငွေကြေးခံစားခွင့်ပေးတိုင်း အလုပ်သမားတိုင်းဆီက ၅၀၀၀ ကျပ်ဖြတ်တောက်ကာ (၄၃၀၀၀) ကျပ်သာရရှိလို့ မေးမြန်းသော်လည်း  ဘာကြောင့် (၅၀၀၀) ကျပ်ကို ဖြတ်လဲမေးပေမဲ့  အကြောင်းရင်းမသိရဘူးလို့ အလုပ်သမားများကဆိုပါတယ်။

စက်ရုံတွင် နိုင်ငံခြားသားများက တိုက်ရိုက်အုပ်ချုပ်ပြီး ကိုယ်ထိလက်ရောက် အပြုအမူတွေလဲ ပြုလုပ်ခြင်းခံရသလို  အထည်စံချိန်များကို တောင်းခံရာတွင်လဲ အလုပ်သမားမချုပ်လုပ်နိုင်သောစံချိန်ကို တောင်းတာကြောင့်  စက်လိုင်းတစ်လိုင်းကို လူ (၉၀)မှ (၇၀) ရှိသောလည်း တချို့ အလုပ်သမားများသည် လူသစ်များHPအသစ်အလေးများဖြစ်သည်အတွက် တောင်းတဲ့စံချိန်မရလျှင် ငရဲခန်းရောက်နေသကဲ့သို့ ဆဲဆိုခံရတယ်လို့ ဆိုပါတယ်။

“ အောစူပါတွေ စူပါတွေက စံချိန်ကို ဘာလို မတရားတောင်းတာလဲဆိုတော့ သတ်မှတ်ထားတဲ့အထည် စံချိန်ပြည့်လျှင် အထည်ကြေးအနေနဲ့ ပေးပါတယ်။ အောစူပါတွေ ၊ စူပါတွေကို သိန်းကို ဆယ်နဲ့ချီရကြပါတယ်။ အလုပ်သမားက ရတာ ချုပ်ထားတဲ့ စံချိန်အတိုင်းရကြတာမဟုတ်ပါဘူး။ အောစူပါ၊ စူပါ၊ လီတာတွေကို သတ်မှတ်စံချိန်ပြည့်လျှင် အလုပ်ရှင်မှ သီးသန့် အထည်ကြေးကို ဆယ်နဲ့ချီပေးသည့်အတွက် သူတို့တွေက အလုပ်သမားများကို ဖိအားပေး ဆဲဆိုပြီး နွားခိုင်း ကျွဲခိုင်း ခိုင်းကြတယ်။ အထည်မရလျှင် ဆဲလိုက်လျှင် အဖေတွေမောင်တွေ အကိုတွေ အကုန်ပါအောင် ပေးစားဆဲပါတယ်။ဒီလိုမျိုး ပြုမူဆက်ဆံနေတာကို မည်သူတစ်ဦးတစ်ယောက်မှ ဟန့်တားခြင်း၊ အပြစ်ပေးအရေးယူခြင်းမရှိပါဘူး” လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့  စက်ရုံအတွင်း အလုပ်ရှင်မှ ခန့်ထားပေးသော လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ (WCC)ကလဲ အချိန်ပိုခေါ်လက်မှတ်ထိုးပေးတာကလွဲလို့ယခုလို  လုပ်ငန်းခွင်အတွင်းဖြစ်နေတဲ့အပေါ်ကာကွယ်ပေးနိုင်ခြင်းမရှိတာကြောင့်  စက်ရုံမှ ချုပ်တဲ့ အမှတ်တံဆိပ်တွေက နိုင်ငံတကာ အမှတ်တံဆိပ်တွေအနေနဲ့  တနေ့နဲ့ တစ်နေ့ ငရဲခန်းလို ဆက်ဆံပြောဆိုနေတဲ့ အဆိုပါစက်ရုံရဲ့လုပ်ငန်းခွင် အခြေအနေကို သိရှိအောင် တင်ပြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားများအနေနဲ့ ယခုလိုအခက်အခဲများနဲ့ရင်ဆိုင်နေရမှုများအတွက် တောင်းဆိုချက်များဖြစ်တဲ့  အလုပ်သမားအားလုံးကို ဖယ်ရီကားစီစဉ်ပေးရန်၊ အချိန်ပိုများကို အလုပ်သမားသဘောဆန္ဒအတိုင်း လုပ်ကိုင်းခွင့်ပြုရန်၊ အထည်စံချိန်များကို အလုပ်သမားချုပ်လုပ်နိုင်သည့် စံချိန်ကိုသာတောင်းခံရန်၊ အထည်ကြေးများရရှိပါက တန်းတူခံစားခွင့်ပြုရန်၊ နိုင်ငံခြားသားများမှ အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခွင့်မပြုလုပ်ရန်၊  အောစူပါ၊ စူပါများမှ ဆဲဆိုနေသည်များကို ဥပဒေနှင့် အညီအရေးယူဆောင်ရွက်ပေးရန်၊ အလုပ်သမားခံစားခွင့် ခွင့်ရက်များကို အပြည့်အဝ ခံစားခွင့်ပြုရန်နှင့် ခွင့်တင်ပါက အသာတကြည်ပေးရန်၊ လုပ်သက်ခွင့် (၁၀) ရက်စာ (၄၈၀၀၀) ကျပ်ကို ကို တစ်နှစ်ပြည့်လို့ ငွေကြေးခံစားခွင့်ပေးတိုင်း (၄၃၀၀၀) ကျပ်ပဲရရှိသည်အတွက် ဘက်ဒိတ်နဲ့ ပြန်တွက်ပေးရန်ဆိုတဲ့ တောင်းဆိုချက်များကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026