NEWS

လှိုင်သာယာ ၈၆ ဂိတ်ဟောင်းအနီး ယာဉ်တိုက်မှုမှာ ရွှေခရုအထည်ချုပ်စက်ရုံလုပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့

CoverLogo
1.3K Views

စက်တင်ဘာ ၁၈ရက်နေ့  ညနေ၅နာရီ အချိန်ခန့်က လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၂၀ရပ်ကွက်၊အနော်ရထာလမ်းမ၊၈၆ဂိတ်ဟောင်းမှတ်တိုင်အနီး၊ရွှေရင်အေးရွှေဆိုင်အနီးတွင် ယာဉ်တိုက်ပြီးတိမ်းမှောက်မှုမှာ ဖူဟင်း(ရွှေခရု)အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။   

 

အဆိုပါယာဉ်တိုက်မှုကြောင့် ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့တဲ့အထဲမှာ လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်က ဖူဟင်း(ရွှေခရု) အထည်ချုပ်စက်ရုံအလုပ်သမားတွေဖြစ်တဲ့ လှိုင်သာယာအနောက်ပိုင်း မြို့နယ် ၂၀ရပ်ကွက် နေထိုင်သူ အသက်၂၀ နှစ်အရွယ်မမေသူဟန် သေဆုံးခဲ့ပြီး ယင်း၂၀ရပ်ကွက်တွင်နေထိုင်တဲ့ အသက်၂၆နှစ်အရွယ် အမျိုးသမီးနဲ့ အသက်၂၇နှစ် အရွယ်အမျိုးသမီး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

"သေဆုံး၃ဦး ဒဏ်ရာ၅ဦးပါ။ အမြင်အရတော့ သူကလိုင်းကားမဟုတ်ဘူး ကျိုက်လတ်တို့ ဖျာပုံတို့အဲ့ဘက်ကိုသွားတဲ့ကား။ ဖယ်ရီကားလို့တော့ပြောကြတယ်။ ဖြစ်စဉ်အတွင်းမှာတော့ ကားကအခွံကြီး လူမပါဘူး။ ဖယ်ရီအကြိုသွားတာလည်းဖြစ်နိုင်တယ်။ အတိအကျတော့မသိရဘူး။ ယာဉ်မောင်းကထွက်ပြေးနေဆဲပဲ" လို့ ပရဟိတအသင်းတစ်ခုမှ သိရပါတယ်။ 

 

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကားဟာ ကျိုက်လတ်၊ ဖျာပုံဘက်ကိုသွားတဲ့ သမာဓိခရီးသည်ပိုဆောင်ရေးယဉ် လိုင်းကဖြစ်ပြီး ဖယ်ရီကားဖြစ်တယ်လို့လည်း ပြောဆိုနေကြသလို အဲ့ဒီယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အလယ်ရွာတွင် အိမ်ငှားနေသူ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025