NEWS

လှိုင်သာယာ နဝဒေး အိမ်ရာအားဗဟိုပြုကာ တရုတ်နိုင်ငံသားများနှင့် ဖူးစာဖက်ရှာဖွေပေးသည့် အကျိုးဆောင် လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာ

CoverLogo
672 Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် နဝဒေးဥယျာဉ် အိမ်ရာအားဗဟိုပြုပြီး  အရွယ်ရောက် အမျိုးသမီးငယ်တွေကို တရုတ် နိုင်ငံသားများနဲ့ ဖူးစာဖက်ရှာဖွေ ပေးတဲ့ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်တာတွေ ကျယ်ပြန့်လာတယ်လို့ ဒေသခံဖြစ်တဲ့ HTY Info က အသိပေးထားချက်အရ သိရပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးငယ်တွေကို တရုတ် နိုင်ငံသားနဲ့ ဖူးစာဖက်ရှာဖွေ ပေးတဲ့ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်တာတွေ ကျယ်ပြန့်လာပေမယ့် ဒေသအာဏာပိုင်တွေ က စစ်ဆေး အရေးယူတာတွေ ပြုလုပ်တာ မရှိဘူးလို့လည်း ဒေသခံတွေထံက သိရပါတယ်။


"နဝဒေး အိမ်ရာထဲ မှာ က တရုတ် နိုင်ငံသား တွေ အများဆုံးနေကြတယ် အဲ့မှာ တရုတ် -မြန်မာ စကား တတ်တဲ့သူတွေ က ဖူးစာရှာဖွေပေးတဲ့ အကျိုးဆောင်အလုပ် လုပ်တာတွေရှိတယ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတယ် တရုတ်တွေနဲ့ မြန်မာ မိန်းကလေးတွေ နဲ့ ချိတ်ဆက်ပေးတာ တစ်ချို့ဒီဘက်မှာ ယူပြီးတော့ တရုတ်နိုင်ငံခေါ်သွားတာတွေလည်းရှိတယ် ဒါက တရားဝင် လဲ မဟုတ်ဘူး မိန်းကလေးတွေ အတွက် အန္တရာယ်များတယ် ဒါပေမယ့်လည်း ဒီဘက်က ပွဲစားတွေကလည်း အပြောကောင်း မြို့နယ်က ရဲတွေ အုပ်ချုပ်ရေးပိုင်းကလည်း ဘာမှ မလုပ်တော့ပွဲစားတွေက ပိုရဲတင်းလာကြတာပေါ့""လို့ လှိုင်သာယာမြို့ ဒေသခံ တစ်ဦးကပြောပါတယ်။


လှိုင်သာယာမြို့နယ်ဟာ စက်မှုဇုန်တွေအများဆုံးရှိတဲ့ စက်မှုမြို့တစ်ခုဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ အခြေစိုက်သလို တိုင်းနဲ့ပြည်နယ် အနှံ့အပြားက အမျိုးသား၊ အမျိုးသမီးတွေ လာရောက်အလုပ်လုပ်ကိုင်မှုများပြားလို့ လူဦးရေထူထပ်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။


အခုလို တရုတ်အမျိုးသားနှင့် အောင်သွယ်ရာမှာ လူမှုကွန်ယက်ဖြစ်တဲ့ တစ်တော့ကို အသုံးပြုကာ ဖြန့်ဝေမှုတွေလဲတွေ့မြင်ရပါတယ်။


အခုလို တရုတ်အမျိုးသားနှင့် လပ်ထပ်ရန် ခေါ်ယူမှုကို အသက် ၂၀ မှ ၂၆ နှစ်အတွင်း အမျိုးသမီးများကိုသာခေါ်ယူတာဖြစ်ပါတယ်။

မက်လုံးအနေနဲ့ "တရုတ်ကောင်မလေးလုပ်ချင်သူ၊ တရုတ်ကောင်လေးနဲ့ လက်ထပ်ချင်သူ မင်းသမီးလိုနေရမယ်၊ သိန်း ၁၀၀  ရမယ်၊ မုန့်ဖိုးလည်းပေးမယ်"ဆိုတဲ့ စာသားတွေနဲ့ လူမှုကွန်ယက်မှာဖြန့်ဝေနေတာပါ။


လက်တလောမှာလည်း ပြည်တွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့်လမ်းနည်းတဲ့ အတွက်အချို့ အမျိုးသမီး တွေ ပွဲစားမှ တစ်ဆင့် အခကြေးငွေ ယူပြီး တရုတ်ပြည်သို့ သွားကာ တရုတ်ဇနီးမယား အဖြစ် လုပ်ကိုင်တာတွေ များလာတယ်လို့ သိရပါတယ်။


အခကြေးငွေယူကာ တရုတ်ဇနီးမယား အဖြစ် လုပ်ကိုင်သူ အများစု မှာ လည်း  အခက်ခဲတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ တရုတ်-မြန်မာ စကားပြန်ပြုလုပ်ပေးသူတွေထံကသိရပါတယ်။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026