NEWS

လှိုင်သာယာ YUAN HONG စက်ရုံ၌ အလုပ်သမားများအား ဆဲဆိုခိုင်းစေခြင်းနှင့် မတရားငွေဖြတ်တောက်မှုများ ရှိနေဟုဆို

CoverLogo
329 Views
 
YUAN HONG GARMENT Co, LTD အထည်ချုပ်စက်ရုံကမှာ ဆဲဆိုခိုင်းစေပြီး တရားမဝင် ငွေဖြတ် တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား များအဖွဲ့ချုပ် IWFM ကို ပြောပါတယ်။
 
စက်လိုင်း A5 က စူပါ--- ကအဆိုးရွားဆုံးဖြစ်နေပြီး၊ ဖိအားပေးခိုင်းစေတာနဲ့ လွန်ကဲတဲ့ ဆဲဆိုမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။
 
"လူအများရှေ့ မီတင်မှာ ပြောရင် ' ေ_ာက်ဖြင့်' ခိုင်းနှိုင်းပြောတယ်။ ေ_ာက်ဆံကျတော့ လိုချင်ပြီး တန်အောင် မလုပ်ပေးဘူးဆိုပြီး ပြောတယ်။ 'ဖေနဲ့ကိုင်ပြီး ဆဲတယ်။ အရေးကြီး တယ်ဆိုပြီးလည်း ဖိအားပေးခိုင်းစေတယ်။" လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဒီလို ရိုင်းစိုင်းမှုတွေကို မန်နေဂျာဆီ သုံးလေးခါ တိုင်ကြားပေမဲ့ထိရောက်စွာ ခေါ်ပြီးပြောဆိုတာ မရှိ တာကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားနေတာလို့ ပြောပါတယ်။
 
အဲ့ဒီ စူပါက အလုပ်သမား ကိုယ်စားလှယ် (WCC) တစ်ဦး ပေမဲ့ အလုပ်ရှင်ဘက် မျက်နှာလုပ်ဘက်လိုက်တာကြောင့် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ နစ်နာနေ ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းကို အကြောင်းပြပြီး အလုပ်သမားတွေအပေါ် ငွေကြေး ဖြတ်တောက်မှု တွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
 
"ကပ်ကြေးကြိုး မချည်ထားရင်တောင် ၁၀၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်အထိ ပိုက်ဆံဖြတ်ခံရပါတယ်။ ချုပ်လုပ်ထားတဲ့ အထည်ကြေးတွေကို့ အပြည့်မပေးဘူး။ ၅ ပွိုင့် ချုပ်ခိုင်းပြီး ၃ ပွိုင့်စာပဲ ပေးတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်စံချိန် မပြည့်ပါက ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ပြီး "အလုပ်သမားက ပိုက်ဆံ ဖြတ် တောက်တာကို သဘောတူတဲ့ ပုံစံမျိုး ဝမ်တိန် (ဝန်ခံကတိ) ထိုးခိုင်းပါတယ်" လို့လည်း ပြောပါတယ်။
 
အဲလို ဝမ်တိန် ထိုးခိုင်းရာမှာ ရုံးပေါ်မှာ မဟုတ်ဘဲ စာအုပ်မှာထိုးခိုင်းတာပဲ ဖြစ်ပြီး အလုပ်သမားတွေကို ဆဲဆို ဝမ်တိန်ထိုးခိုင်းတာလို့ ပြောပါတယ်။
 
ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ ခွင့်ရက်တွေ တောင်းပါက လုံးဝ မပေးဘဲ "တိုင်ချင်တဲ့လူနဲ့တိုင် ဘယ်သူမှ ​ေ_ာက်ဂရု မစိုက်ဘူး ငါက" လို့ အဲ့ဒီ စူပါဗိုက်ဆာက ပြောဆိုတယ်လို့ ဆက်ပြောပါတယ်။
 
ခွင့်တစ်ရက် ပျက်က ဒေးကြေး ၁၁၀၀၀ ကျပ်နှင့် ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်၊ စုစုပေါင်း ၄၀,၀၀၀ ကျပ် အထိ ဖြတ်တောက်ခံရလို့ အလုပ်သမားတွေ နစ်နာနေရတယ်လို့ ပြောပါတယ်။
 
နေ့စားအလုပ်သမားတွေတွေကို အလုပ်နည်းပါးချိန် ဥပဒေမဲ့ အလုပ်ကနေ ထုတ်ပယ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စက်ရုံအတွင်း CCTV တွေ တပ်ဆင်ပြီး အလုပ်သမားတွေကို အကျဉ်းသားတွေလို စောင့်ကြည့် ခိုင်းစေနေတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
YUAN HONG GARMENT Co,Ltd အထည်ချုပ်စက်ရုံ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ရှိပြီး အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။
 
Closshi, choco raffine, Zero, JP, Reserved, ambianee စတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ ပြောဆိုထားပါတယ်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026