NEWS

လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား၅ ဦး ထောင်ဘူး၀ရှေ့ ပြန်လည်ဖမ်းဆီးခံရ

CoverLogo
514 Views
 
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောက်ဘူး၀ အရောက်မှာ စစစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဌာနက ပြန်လည်ဖမ်းဆီးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
အောက်တိုဘာ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား (၁၆)ဦးနဲ့အခြားအကျဉ်းသား (၁၄)ဦး စုစုပေါင်း (၃၀)ဦးဟာ လွတ်ရက်စေ့တဲ့ အတွက် လွတ်မြောက်လာပါတယ်။
 
အဲ့ဒီအထဲက နိုင်ငံရေးအကျဉ်းသား (၆)ဦးကို ထောင်ဗူးဝမှာပဲ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထဲရေးဌာနမှ ရဲကားနဲ့ သာယာဝတီရဲစခန်းဆီကို ပြန်လည်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဆိုပါ ၆ဦးထဲမှ တစ်ဦးကိုသာ ပြန်လွတ်ပေးခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား (၅)ဦး ကို နောက်အမှုတွေနဲ့ ဖမ်းဆီးကာ သာယာဝတီအကျဉ်းထောင်သို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
 
ပြန်အဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သာယာဝတီအကျဉ်းထောင်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့နဲ့ ထောင်ဒဏ် အသီးသီး ကျခံပြီးနောက် လွတ်ရက်စေ့လို့ လွတ်မြောက်ချိန်မှာ အကြမ်းဖက်ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ကာ ထပ်မံဖမ်းဆီးခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026