NEWS

လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား၅ ဦး ထောင်ဘူး၀ရှေ့ ပြန်လည်ဖမ်းဆီးခံရ

CoverLogo
164 Views
 
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောက်ဘူး၀ အရောက်မှာ စစစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဌာနက ပြန်လည်ဖမ်းဆီးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
အောက်တိုဘာ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား (၁၆)ဦးနဲ့အခြားအကျဉ်းသား (၁၄)ဦး စုစုပေါင်း (၃၀)ဦးဟာ လွတ်ရက်စေ့တဲ့ အတွက် လွတ်မြောက်လာပါတယ်။
 
အဲ့ဒီအထဲက နိုင်ငံရေးအကျဉ်းသား (၆)ဦးကို ထောင်ဗူးဝမှာပဲ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထဲရေးဌာနမှ ရဲကားနဲ့ သာယာဝတီရဲစခန်းဆီကို ပြန်လည်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဆိုပါ ၆ဦးထဲမှ တစ်ဦးကိုသာ ပြန်လွတ်ပေးခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား (၅)ဦး ကို နောက်အမှုတွေနဲ့ ဖမ်းဆီးကာ သာယာဝတီအကျဉ်းထောင်သို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
 
ပြန်အဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သာယာဝတီအကျဉ်းထောင်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့နဲ့ ထောင်ဒဏ် အသီးသီး ကျခံပြီးနောက် လွတ်ရက်စေ့လို့ လွတ်မြောက်ချိန်မှာ အကြမ်းဖက်ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ကာ ထပ်မံဖမ်းဆီးခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025