NEWS

လျှပ်စစ်မီး ရရှိမှုနည်းလာလို့ အလုပ်သမားတွေ အခက်တွေ့

CoverLogo
776 Views

ရန်ကုန်တိုင်းထဲက  မြို့နယ်အများစုမှာ လျှပ်စစ်မီးပေးချိန်တွေကို ၄ နာရီမီးပေး၊ ၄ နာရီဖြတ်တောက် စနစ်နဲ့ အချိန်ပိုင်း အလှည့်ကျမီးပေးမယ်လို့ဆိုထားပြီး  လျှပ်စစ်မီတာခတွေကိုတော့ မူလနှုန်းထားတွေ ထက် ၃ ဆအထိတိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပါတယ်။ 

မီတာခတွေတိုးမြှင့်ကောက်ခံခဲ့ပေမဲ့လည်း  လျှပ်စစ် မီးရရှိမှုတွေဟာ  ယခင်ကထက်ပိုဆိုးလာပြီးတစ်ရက်လျှင်  လျှပ်စစ်မီးရရှိမှုနာရီပေါင်း ၃ နာရီမျှသာအများဆုံးရှိပြီး   အချို့မြို့နယ်တွေမှာတော့ တစ်ကြိမ်လျှင် နာရီဝက်မျှသာ အလာပြတာရှိပြီး တစ်နေ့လုံးရဲ့ လျှပ်စစ်မီးရရှိမှုကြာချိန်ကတော့ ၂ နာရီကနေ အများဆုံး ၃ နာရီမျှသာရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေထံက  သိရပါတယ်။ 

"ခုရက်ပိုင်းကမီးမလာဘူးတော်တော်ကိုဆိုးတယ်။ အရင်က ၄ နာရီပေး ၄ နာရီဖြတ်မယ်ဆိုတုန်းကတော့ အဆင်မ ပြေဘူးပေါ့။ တစ်ကယ်ဖြတ်တော့လည်းမီးလာချိန်ကိုမှန်းပြီးချက်ရပြုတ်ရပြင်ဆင်ရပေါ့။ ခုရက်ပိုင်း ၃ရက်၄ရက် လောက်ရှိနေပြီ။ ခုည၈နာရီလာရမဲ့မီးဆိုရင် ည ၁၀ နာရီနောက်ပိုင်းမှလာတယ်။ ကျွန်တော်တို့ကမနက်အလုပ်အစောသွားရတော့ မီးလာချိန်ကိုမစောင့်နိုင်ကြတော့ဘူး။ မနက်ဆိုရင်ကျွန်တော်တို့က ၄နာရီထတယ်။ ထမင်းဟင်းချက်ထမင်းချိုင့်ထည့် စက်ရုံအမီသွားကြတာပေါ့။ ခုဆိုမနက် ၄နာရီထတာနဲ့မီးကဖြတ်ပြီးနေပြီဆိုတော့ မီးသွေးမရှိတော့ထမင်းမချက်ဘူး အလုပ်ကိုဒီအတိုင်းသွားရတယ်။ ထမင်းဝယ်စားရတာ ၂ရက်ရှိပြီ။ နောက်ရက်ကျတော့ မနက်၃နာရီကတည်းကစောထပြန်လည်း ထမင်းအိုးချိတ်ပြီးကာရှိသေးတယ် မီးကပြတ်သွားတယ်။ အဲလိုပဲထမင်းဝယ်စားရတယ်။ ကျွန်တော်တို့ရတဲ့လစာနဲ့အဲလိုဝယ်စားနေရင် အိမ်လခတွေအိမ်စရိတ်တွေပေးနိုင်မှာမဟုတ်တော့ဘူး"လို့ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်၂မှ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

ရန်ကုန်တိုင်းသာမကပဲ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း   လျှပ်စစ်မီးဖြတ်တောက်ချိန်တွေ ပိိုမိုများပြားလာလို့ အခြေခံအလုပ်သမားတွေအတွက် အခက်အခဲများစွာရင်ဆိုင်ကြုံတွေ့လာရတယ်လို့ သိရပါတယ်။  

"ပဲခူးတိုင်းမှာလည်း သိသိသာသာ မီးလာချိန်လျော့လာတယ်။ ထမင်းချက်ချိန်အမြဲတမ်း မီးမလာလို့ ဂတ်စ်ဖြစ်စေ ထင်းဖြစ်စေ သုံးရတယ်။ နေ့စဉ် ထမင်းချိုင့်နဲ့အလုပ်သွားတဲ့အလုပ်သမားတွေ အတွက်တော့ ဆိုးတာပေါ့ အကုန်လုံး အလွဲလွဲအချော်ချော်တွေဖြစ်နေတာ"လို့ ပဲခူးတိုင်းနေ ပြည်သူတစ်ဦးကပြောပါတယ်။ 

"ကျွန်တော်တို့စက်ရုံအလုပ်သမားတွေဆိုတော့ လစာကအများဆုံးရမှ ၃သိန်း ပုံမှန်က ၂သိန်းကျော်ဆိုတော့ခုလိုသာမီးမရလို့ ထမင်းဟင်းဝယ်စားနေရတာများနေပြီ။ အဲလိုသာဆို  အကုန်ငတ်နေရတော့မှာ။ နေ့ခင်းဘက်တွေလည်းမီးက အလာပဲပြတာအကြာဆုံးကနာရီ၀က်ပဲ။ ဖုန်းအားတွေကို ဆိုင်သွားသွင်းရတဲ့အထိဖြစ်လာကြပြီ။ မီတာခတွေကတော့ ၃ဆအထိတိုးကောက်တော့ ကျွန်တော်တို့လည်း မီတာကြေးပိုပေးနေရတာရှိသလို အဆောင်လခဈေးတက်လာတာတွေရှိတယ်။ မီးဖြတ်လို့ဖြစ်တဲ့နောက်ဆက်တွဲတွေတစ်ကယ်ဆိုးပါတယ်။ အလုပ်ရှင်တွေထိခိုက်တာရှိတာထက် အလုပ်သမားကတစ်နေ့လုပ်တစ်နေ့စားအတွက် ချက်းခြင်းငတ်သွားနိုင်ပါတယ်"လို့  သီလဝါစက်မှုဇုန်မှ စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

လျှပ်စစ်မီးဖြတ်တောက်ချိန်တွေဟာ မွန်းလွဲ၁နာရီမီးပေးချိန်ကို ညနေ၃နာရီကျော်မှသာ ၅နာရီမထိုးခင်ပြန်လည်ဖြတ်တောက်ခါ  ညဘက် ၉ နာရီမီးပေးချိန်ကို ၁၁နာရီထိုးခါနီးမှရရှိပြီး   နံနက် ၃နာရီပြန်လည်ဖြတ်တောက်ထားပြီး နောက်နေ့မွန်းလွဲအထိမီးမပေးတော့တဲ့ဖြစ်စဉ်မျိုးတွေ ဆက်တိုက်ဖြစ်ပေါ်နေတာတွေကြောင့် ခြေခံအလုပ်သမားတွေမျှသာမကအောက်ခြေလူတန်းစားတွေအတွက် မှာလည်း မီးသွေးတစ်ပိဿာလျှင် ၂၂၀၀ မှ ၂၅၀၀ အထိပေးဝယ်သုံးနေရတာရှိသလို အချိန်မလောက်ငှမှုကြောင့် အခက်အခဲရှိတာတွေ၊ ဒါ့အပြင်စက်ရုံအလုပ်ရုံတွေမှာလည်း ရပ်ကွက်များနည်းတူ လျှပ်စစ်မီးဖြတ်တောက်မှုတွေပိုမိုကြာမြင့်လာတာကြောင့် လုပ်ငန်းအချို့လျှော့ချထားခြင်း၊ အော်ဒါဆိုင်းငံ့ထားခြင်းတွေလုပ်ကာ နေ့စားအလုပ်သမားတွေကိုပါ အနားပေးထားခြင်းတွေကြောင့် အလုပ်သမားတွေပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။ 

"ဦးတို့အလုပ်တွေအကုန်ရပ်ထားတယ်။ မီးကမလာတာကများနေတော့ အဆင်မပြေတော့ဘူး။  အဲ့တော့အလုပ်တွေကို ယာယီလျှော့ချတယ်။အော်ဒါနားရတာကိုနားရတယ်။ အရေးကြီးတာကိုတော့ လူနည်းနည်းနဲ့လုပ်ရတယ်။ နေ့စားအလုပ်သမားတွေကိုတော့ ရပ်ထားရတယ်။ အလုပ်ကတောင်ဒဂုံကဟာကို ရပ်ထားပြီး ဆိပ်ကမ်းမှာသွားပေါင်းထားရတယ်။ အလုပ်သမားလည်းနားတာကနား မနားတဲ့အလုပ်သမားဆိပ်ကမ်းကိုခေါ် အဲလိုလုပ်ရတာပါပဲ"လို့  ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် ၂မှာ   သံချည်သံကွေးသံဖြတ်လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ 

စစ်ကောင်စီက  လျှပ်စစ်မီတာခများနှစ်ဆကျော် သုံးဆခန့်အထိ့်တိုးမြှင့်ကောက်ခံလျှက်ရှိသော်လည်း ရပ်ကွက်နေပြည်သူလူထုအတွက် လျှပ်စစ်မီးရရှိမှုမှာ ယခင်ထက်ပိုဆိုးရွားလာတဲ့အပြင် အလှည့်ကျစနစ်အတိုင်းဓာတ်အားပေးခြင်းမရှိဘဲအကြောင်းအမျိုးမျိုးဖြင့်  မကြာခဏလျှပ်စစ်မီးဖြတ်တောက်နေတာတွေကြောင့် ရန်ကုန်ရှိမြို့နယ်အချို့တွင်တစ်ရက်တာလျှပ်စစ်မီးရရှိချိန်မှာ နေ့ဘက်မီးလာချိန်စုစုပေါင်း စုစုပေါင်းဟာအများဆုံး ၆ နာရီခန့်သာရှိတယ်လို့ ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအမြင့်ဆုံးမှာ (၂၂၇၃.၅) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့မှုမှာ (၄၇၃၀၉.၇)မဂ္ဂါဝပ်နာရီဖြစ်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026