NEWS

လေပွေလှိုင်းကြောင့် စက်တင်ဘာ ၁၂ ရက်မှ ၁၅ရက်အထိ တိုင်းနှင့်ပြည်နယ်တွေမှာ  မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက် သဘာဝဘေးအန္တရာယ်များကိုကြိုတင်သတိပြုဖို့ မိုးဇလ အထူးသတိပေး

CoverLogo
578 Views

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့လေပွေလှိုင်းကြောင့်စက်တင်ဘာ၁၂ရက်မှ၁၅ရက်အထိ တိုင်းနှင့်ပြည်နယ်တွေမှာ  မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ ကစက်တင်ဘာ ၁၂ရက်မနက်၁၀နာရီ   မှာ အထူးမိုးလေဝသ သတင်းထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် အနောက်မြောက်ပိုင်းဒေသတွေမှာ  ဖြစ်ပေါ်ခဲ့တဲ့  လေပွေလှိုင်းဟာ  အနောက်- အနောက်မြောက်ဘက်ကို  ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။ 

၎င်းလေပွေလှိုင်းဟာလာမယ့် (၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကာ၎င်း အရှိန်ကြောင့်  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေဆက်လက် အားကောင်းနိုင်တဲ့အတွက် စက်တင်ဘာ၁၂ရက်နံနက်ပိုင်းမှ စက်တင်ဘာ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။ 

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့ အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူ တွေ အနေနဲ့  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေနဲ့  ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်၊ ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်။ 

Photo-လူမှုကွန်ယက်

 


Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026