NEWS

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ

CoverLogo
624 Views
 
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြစ်တွင်း ဗိုလ်တထောင်ဆိပ်ကမ်းနဲ့ ဒလမြို့ သမ္မတကမ်းခြေရွာဘက်ကို ပြေးဆွဲနေတဲ့ သမ္ဗာန်တစ်စီး တိမ်းမှောက် မှုဖြစ်ပွားခဲ့ကာ လူ ၃ ဦးပျောက်ဆုံးနေတယ်လို့ဒေသခံတွေထံမှသိရပါတယ်။
 
ဇူလိုင် ၂၄ရက် မနက် ၇နာရီခွဲလောက်မှာ ဒလမြို့ သမ္မတကမ်းခြေ သမ္ဗာန်ဆိပ်ကနေ ဗိုလ်တထောင်ဆိပ်ကမ်းကို မောင်းနှင်လာတဲ့ သမ္ဗာန် တစ်စီးဟာ မြစ်အလယ်ရောက်ရှိချိန် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တိမ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။
 
"သမ္ဗာန်ပေါ်မှာ ခရီးသည်က ၁၀ ယောက် လောက်ပါတယ် အခုပျောက်နေတာက သမ္ဗာန်မောင်းသူနဲ့ခရီးသည်နှစ်ယောက် ပျောက်နေတာလို့ သိရတယ် အခုထိတော့ ပြန်တွေ့တယ်မကြားရသေးဘူးလေဆင်နှာမောင်းကအတော်လေးကြမ်းတယ် အချိန်ခဏလေးအတွင်းကိုဖြစ်သွားတာ မြစ်ထဲကရပ်ထားတဲ့ သင်္ဘောအချို့လည်း ကြိုးပြတ်ပြီးတိုက်မိတာတွေရှိတယ် ကမ်းနားက ကွန်တိန်နာပုံး တွေ လည်းပြုတ်ကျ ကုန်ကားတွေလည်း ထိခိုက်ပျက်စီးတာတွေရှိတယ် စားသောက်ဆိုင်အမိုးတွေလန်ကုန်တာတွေ နဲ့ ပျက်စီးဆုံးရှုံးတာတွေများမယ်""လို့ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
 
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သန်လျက်စွန်းလမ်းရှိ ရေနံလိုင်း၊ မြနန္ဒာရိပ်သာအိမ်ရာနှင့် မီးပြဝန်းများတွင်း သစ်ပင်များပြိုလဲခြင်း၊ ခေါင်မိုးများလွင့်စင်ခြင်း၊နေအိမ်အချို့ ပျက်စီးထိခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရပါတယ်။
 
ဒါ့အပြင် ကမ်းနားကွန်ကရစ်လမ်းရှိ ကုန်သေတ္တာဝင်း (ICD-2)အတွင်းရှိ ကုန်သေတ္တာ (အခွန်လွတ်)များ ပြုတ်ကျ ခြင်း၊ ဗိုလ်တစ်ထောင်ကမ်းနား ရှိ The Love Boat စားသောက်ဆိုင်သင်္ဘော မှာ ကြိုးပြတ်၍ မျောပါကာ Vintage Luxury Hotel သင်္ဘောအား တိုက်မိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026