NEWS

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီကို စစ်အုပ်စုလက်ထဲမထည့်ဖို့ မန္တလေးက အရပ်ဖက်အဖွဲ့အစည်း ၁၁၆ ဖွဲ့ ကန့်ကွက်

CoverLogo
1.1K Views

အာဆီယံ The AHA Center နဲ့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ထဲပေးအပ်မယ့် အပေါ်  မန္တလေးအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁၆) ဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဇွန်လ ၁ ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

စစ်အုပ်စုဟာ ပြည်သူ့ ဆန္ဒမဲဖြင့်ရွေးကောက်တင်မြှောက်ထားတဲ့  ပြည်သူ့အစိုးရခေါင်းဆောင်တွေကို မတရားဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူရန် ကြိုးပမ်းခဲ့သလို အာဏာဖီဆန်ပြီး  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို ကျည်ဆံအစစ်၊ စစ်မြေပြင်သုံး ချေမှုန်းရေးလက်နက်များသုံးပြီး အကြမ်းဖက် ဖြိုခွင်းတာ၊ ဖမ်းဆီးနှိပ်စက်တာ၊ စစ်မြေပြင်သဖွယ် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခြင်းတွေကို ကျူးလွန်ခဲ့တယ်လို့ အဆိုပါအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။ ဒါ့အပြင် လက်ရှိအချိန်အထိ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ၊ အဓမ္မယူငင်တာ၊ အမျိုးသမီး တွေအပေါ် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်စော်ကားတာတွေအပြင် ညအချိန်မှာလည်း  အကြမ်းဖက်ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေကို နေ့စဉ်ကျူးလွန်နေခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအတွက် မြန်မာအာဏာသိမ်း စစ်အုပ်စုဟာ အကြမ်းဖက်အုပ်စုသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပြောဆိုထားပါတယ်။

အဆိုပါ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ထဲသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ကို ထိုးထည့် ပေးလိုက်တာဟာ မြန်မာလူထုအတွက် ပိုမိုဆိုးရွားတဲ့ ထိခိုက်နစ်နာမှုတွေကိုသာဖြစ်ပွားစေမှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ ၎င်း အကူအညီကို လွဲမှားစွာ အသုံးချမှာဖြစ်တာကြောင့် အမှန်တကယ် အကူအညီ လိုအပ်နေတဲ့  မြန်မာလူထုထံ  လုံးဝ ရောက်ရှိမှာ မဟုတ်ဖူးလို့ ကြေငြာချက်မှာ ‌ထောက်ပြပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက်ထဲသို့သာ အကုန်ထည့်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလို ဆုံးဖြတ်ရာမှာ မြန်မာလူထုကို အမှန်တကယ် ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားကို ရယူခဲ့တာမရှိဘူးလို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

အဲ့ဒီအထောက်အပံ့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုသာ အားပေးအားမြှောက် သဘောဖြစ်စေပြီး မြန်မာလူထုအပေါ် လုံးဝအကျိုးမရှိတဲ့အတွက် မန္တလေးအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၁၆) ဖွဲ့က  ကန့်ကွက်ရှုတ်ချတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026