NEWS

လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းမှု ၁၀ ရက်ကျော်သည်အထိ ပြန်မဖွင့်သေး

CoverLogo
536 Views
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံ အတွင်း အထောက်အထားမရှိသူတွေ ကို ပြုလုပ်ပေးမယ့် ပန်းရောင်ကတ် (ဘတ်)လုပ်ငန်းစဉ် ကို အောက်တိုဘာ ၁၆ ရက်က ယာယီရပ်ဆိုင်းလိုက်ကြောင်းကြေညာပြီး နောက် အောက်တိုဘာ ၂၈ရက်အထိ ပြန်ဖွင့်ပေးတာမရှိသေးဘူးလို့ ထိုင်းရှိ ပန်းရောင်ကတ် ပြုလုပ်ရန် ဝန်ဆောင်မှုပေးသူတွေ ထံမှ သိရပါတယ်။
 
လူသစ် ပန်းရောင်ကတ်(ဘတ်)ပြုလုပ်ပေးမယ့် အစီစဉ်ကို အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၂၉ရက်အထိ အွန်လိုင်းမှ တစ်ဆင့် စာရင်းပေးသွင်းရန် ထိုငိးအစိုးရဘက်မှကြေညာခဲ့ပေမယ့် အောက်တိုဘာ ၁၆ ရက်မှာတော့ ထိလွယ်ခိုက်လွယ်တဲ့နယ်စပ်ပြသာနာကြောင့် ဆိုကာ ယာယီရက်ရွှေ့ဆိုင်းတယ်လို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန က ထုတ်ပြန်ခဲ့ပါတယ်။
 
""နယ်စပ်ပြသနာကြောင့် ဆိုတာထက် ဝက်ဆိုက် တင်လို့မရတဲ့ပြသနာ ကြောင့် လို့သိရတယ် အခုထိ တော့ ဘာမှ မထူးခြားသေးဘူး လကုန်အထိ ထူးခြားသေးမှာမဟုတ်သေးဘူး""လို့ ပန်းရောင်ကတ်ပြုလုပ်ရန်ဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။
 
အခုလို လူသစ် ပန်းရောင်ကတ် (ဘတ်)ပြုလုပ်ပေးမယ့် အစီစဉ်ယာယီ ရပ်ဆိုင်း လိုက်တာကြောင့် ထိုင်းရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေမှာ အခက်ခဲ နဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။
""ပုံမှန်ဆို ဘတ်ကို အခုလို ရပ်လိုက်တာမရှိဘူး ရက်ရွှေ့ဆိုင်းတာလောက်ပဲရှိတာ အခုပြသာနာက ဝက်ဆိုက်ကိုဝင်မရဖြစ်တယ်ဆိုပေမယ့် နယ်စပ်ပြသာနာဆိုပြီး အကြောင်းပြထားတော့ ဘာတွေစီစဉ်နေလဲပေါ့ အဖမ်းဆီးတွေကလည်း အခုကြားကာလမှာ အရမ်းများနေတော့ အလုပ်လုပ်ရတာလည်းမဖြောင့်သလို သွားလာရင်းရဲနဲ့တိုးမှာတွေစိုးရိမ်နေရတယ် ""လို့ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ဘတ်ရိုက်ပေးမည့် အစီစဉ် ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံရောက် အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေသာမက ပြည်တွင်းမှ ထိုင်းနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားသူတွေမှာလည်း အခက်အခဲနဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လျက်ရှိတယ်လို့ နစ်နာသူတွေ ထံမှသိရပါတယ်။
 
""ဘတ်ဖွင့်တယ်ဆိုတော့ သွားဖို့ လုပ်ထားတာ ပွဲစားကိုလည်းစရံငွေ တစ်ဝက်ပေးပြီးပြီ ကိုယ်တွေရှေ့ကအဖွဲ့ဆို မြ၀တီ 
ကိုရောက်နေပြီ ၁၆ရက်နေ့မှာ ရုတ်တရက် ယာယီရပ်တယ်လို့ကြေညာလိုကတော့အကုန်အခက်ခဲတွေ ဖြစ်ကုန်တာဘဲ ဘတ်မဖွင့်ဘဲနဲ့လည်း မသွားရဲဘူး အဖမ်းဆီးတွေ အရမ်းများတော့ အထောက်အထားတစ်ခုခုမှမရှိရင်လည်း အလုပ်ရှာဖို့မလွယ်ဘူးလေ အဲ့တော့ ဘတ်ဖွင့်မယ့်ရက် စောင့်နေရတယ်""လို့ ထိုင်းသွားရောက်ရန် လုပ်ဆောင်ထားသူတစ်ဦးကပြောပါတယ်။
 
လူသစ်ဘတ်ရိုက်ခွင့် ယာယီ ရပ်ဆိုင်းလိုက်တဲ့နောက် ပိုင်း တရားမဝင်နယ်စပ်ဖြတ်ကျော် လိို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၈၀၀ ခန့်ရှိပြီးအဖမ်းခံရစဉ်ယာဉ်မတော်တဆမှုကြောင့်၃ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026