NEWS

လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ

CoverLogo
452 Views
 
ထိုင်းနိုင်ငံ မှာရောက်ရှိနေတဲ့ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို တရားဝင် ဖြစ်အောင် မှတ်ပုံတင်ပေးမယ့် အစီစဉ်ကို ယာယီရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အောက်တိုဘာ ၁၆ ရက် ဒီကနေ့မှာထိုင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) က ကြေညာလိုက်ပါတယ်။
 
လူသစ် ပန်းရောင်ကတ် (ဘတ်) လုပ်မယ့် အစီစဉ်ကို အောက်တိုဘာ ၁၅ ရက်ကနေ ၂၉ ရက်အထိ စာရင်းတင်ဖို့ ခွင့်ပြုပေးထားပြီးအောက်တိုဘာ ၁၅ရက် မှာစာရင်းတင်ရန်ခွင့်ပြုထားတဲ့ website မှာ စာရင်း တင်မရ ဖြစ်နေပြီးနောက် အောက်တိုဘာ ၁၆ရက်မှာတော့ ယာယီရက်ရွှေ့ဆိုင်း ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာခြင်း ဖြစ်ပါတယ်။
ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာ DOE ရဲ့ ထုတ်ပြန်ချက်မှာတော့ ထိလွယ်ခိုက်လွယ်တဲ့ နယ်စပ်ပြသာနာကြောင့် အခုလို ရက်ရွှေ့ဆိုင်းတာဖြစ်ပြီး
 
အစီအစဉ်ပြန်လည်စတင်မယ့်ရက်ကို နောက်ပိုင်းမှာ ထပ်ပြီး ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို လူသစ် ဘတ်ရိုက်ပေးမဲ့ အစီစဉ် ရွှေ့ဆိုင်း လိုက်တဲ့ အတွက် ထိုင်းရောက် အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
 
ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီသူတွေကလည်း လက်တလောအခြေနေအရ ဘတ်ပြုလုပ်ပေးရန် ပွဲစားများထံ ငွေကြေးကြိုတင်ပေးထားတာမျိုးမပြုလုပ်ဖို့နဲ့ ကြိုတင်ပေးထားပါက ပြန်လည်တောင်းယူထားဖို့ သတိပေးထားပါတယ်။
 
ပန်းရောင်ကတ်(ဘတ်)ပြုလုပ်တာမှာ ၃၇၈၀ ဘတ် ကုန်ကျမယ်လို့ ထိုင်းအစိုးရက ကြေညာထားပေမယ့် ပြင်ပ အခြေနေမှာတော့ ဘတ် ၆၀၀၀ မှ ၁၅၀၀၀ ဘတ် အထိ ဈေးရှိတယ်လို့ သိရပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026