NEWS

လူမှုဖူလုံရေးအာမခံ လုပ်သားများ၏ သားသမီးများပညာသင်ထောက်ပံငွေ ရမည်

CoverLogo
747 Views
လူမှုဖူလုံရေးအာမခံ လုပ်သားတွေရဲ့ သားသမီးတွေ ကို ပညာသင်စရိတ်ထောက်ပံပေးမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက မေလ ၂၄ရက်က ကြေညာပါတယ်။
 
ပညာသင်စရိတ် ထောက်ပံငွေကို ခေတ်နဲ့လျော်ညီတဲ့ ထောက်ပံငွေ တပြေးညီ ခံစားခွင့် ရရှိဖို့ အာမခံ လုပ်သားတွေ ရဲ့ အများဆုံးလုပ်ခလစာဝင်ငွေကို ကျပ်သုံးသိန်း လို့ သတ်မှတ်ပြီး သားသမီးပညာသင်စရိတ် အတွက် မူလတန်း ပညာသင်နေသူ အတွက် တစ်ဦးကိုလစာရဲ့၁၀ရာခိုင်နူန်းဖြစ်တဲ့ ကျပ်သုံးသောင်း၊အလယ်တန်းပညာသင်နေသူအတွက် လစာရဲ့၁၅ရာခိုင်နူန်းဖြစ်တဲ့ ကျပ် လေးသောင်းငါးထောင်၊ တက္ကသိုလ်ပညာသင်ကြားနေတဲ့ သားသမီး အတွက် လစာရဲ့ ၂၅ရာခိုင်နူန်း ဖြစ်တဲ့ ကျပ် ခုနှစ်သောင်းငါးထောင်ကျကို ထောက်ပံပေးမယ်လို့ ဆိုပါတယ်။
 
လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်း မှာ လုပ်ကိုင်နေတဲ့အာမခံ လုပ်သားတွေထဲက လုပ်သားအဖြစ် မှတ်ပုံတင်ကာလ ၄၈ လ ရှိပြီး ထည့်ဝင်ကြေး၃၆လ ပေးသွင်းထားပြီးတဲ့ အာမခံ လုပ်သားတွေရဲ့ သားသမီး ပညာသင်စရိတ် လျှောက်ထားခြင်းစာရွက်စာတမ်းတွေ ကို အလုပ်သမားဝန်ကြီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံးကို ပေးပို့လျှောက်ထားရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
 
တင်ပြလာတဲ့ အချက်အလက်တွေကို လူမှုဖုံလုံရေးရုံး အဖွဲ့ တွေက စိစစ်ပြီး မှန်ကန်မှု ရှိပါက အလုပ်ရှင်ဆီ Online payment တွေကနေ ပေးပို့မှာ ဖြစ်ပြီး အလုပ်ရှင်က အာမခံ လုပ်သားကို ပြန်ထုတ်ပေးရမယ်လို့ သိရပါတယ်။
ဒီကြေညာချက်ထုတ်ပြန်ချိန်မှ ၃လ အတွင်း အာမခံလုပ်သားတွေ အနေနဲ့ သားသမီးပညာသင်စရိတ်ကို အလုပ်ရှင်ကနေ တစ်ဆင့်လျှောက်ထားနိုင်ပြီး ၃လကျော်လွန်မှ လျှောက်ထားတဲ့ လျှောက်လွှာတွေကို့ တော့ ဆောင်ရွက်မပေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
 
အကယ်၍ လူမှုဖူလုံရေးဥပဒေနဲ့ အညီ စက်ရုံ ၊ အလုပ်ရုံ နဲ့ အလုပ်ဌာနတွေမှာ အလုပ်သမား မှတ်ပုံတင်ဖို့ ပျက်ကွက်တာ၊ အမှန်ရှိတဲ့ အလုပ်သမားဦးရေ အတိုင်း အာမခံငွေ ထည့်ဝင်ကြေး ပေးသွင်းခြင်းမရှိတာ‌တွေကြောင့် အာမခံ လုပ်သားတွေရဲ့ သားသမီးပ ညာသင်စရိတ်ထောက်ပံငွေ မရရှိတာတွေ ဖြစ်ပေါ်ပါက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၆၉ အရ အလုပ်ရှင်က လူမှုဖူလုံရေးကိုယ်စား ထောက်ပံရမယ်လို့လည်း ကြေညာချက်မှာ ပါရှိတယ်။
 
ဒီကြေညာချက်ထုတ်ပြန်ချိန်ကနေ ၃လ အတွင်း အာမခံလုပ်သားတွေ အနေနဲ့ သားသမီးပညာသင်စရိတ်ကို အလုပ်ရှင်ကနေ တစ်ဆင့်လျှောက်ထားနိုင်ပြီး ၃လ ကျော်လွန် လျှောက်ထားတာတွေကို့ ဆောင်ရွက်မပေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026