NEWS

လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားများ မိမိတို့ရဲ့ဖူလုံရေးအထောက်အပံ့ရပိုင်ခွင့်တွေအပေါ် ပိုမိုသိရှိရန်လိုအပ်နေသေး

CoverLogo
711 Views

မြန်မာနိုင်ငံတွင်းက လူမှုဖူလုံရေးကြေးထည့်သွင်းထားတဲ့ အစိုးရ ၊ ပုဂ္ဂလိကလုပ်သားများအနေနဲ့ မိမိတို့ရဲ့ဖူလုံရေး အထောက်အပံ့ရပိုင်ခွင့်တွေအပေါ်သိရှိမှုအားနည်းနေသေးကြောင်း အလုပ်သမားအဖွဲ့အစည်းများထံကသိရပါတယ်။

လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားတွေအနေနဲ့ တစ်နှစ်ပတ်လုံး လစဉ်လူမှုဖူလုံရေးကြေးထည့်သွင်းကြပေမယ့် ကျန်းမာရေးအခြေအနေ အတွက် ထားရှိပေးထားတဲ့ လူမှုဖူလုံရေးစနစ်ပါ ဆေးရုံတွေနဲ့ဆေးခန်းတွေမှာ ဆေးကုသခွင့်အတွက် သိရှိကြတဲ့သူနည်းပါးလျှက်ရှိနေတယ်လို့ဆိုပါတယ်။

" လူမှုဖူလုံရေးကြေးကတော့ အလုပ်စဝင်ထဲက အခုထိ နှစ်ပေါင်း၃၀အထိရှိပြီ လစာထဲက ဖူလုံရေးကြေးဆိုပြီးဖြတ်တာပဲ အဲ့ဒီ့ဖူလုံရေးခေါင်းစဉ်က ဘာအတွက်ဖြတ်လဲသိပ်နားမလည်ဘူး ။  နေမကောင်းထိုင်မကောင်းဖြစ်ရင်ဆေးကုလို့ရမယ်ပြောတာပဲ။ ဒါပေမယ့်ခုထိတော့ အဲ့ဒီ့ဖြတ်တောက်တဲ့ပိုက်ဆံနဲ့ဆိုင်တဲ့ဆေးကုသမှုတော့မရှိပါဘူး ။ အဖျားအနာကြီးကြီးမားမားမရှိတော့ ဖျားရင်လည်း အိမ်နားကပုဂ္ဂလိကဆေးခန်းတွေမှာပဲ ပိုက်ဆံပေးကုလိုက်တာများတယ်"လို့ လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အစိုးရဝန်ထမ်းတစ်ဦးကပြောပါတယ်။

ပြည်တွင်းအလုပ်သမားတွေအတွက် လူမှုဖူလုံရေးစနစ်ကို အစိုးရရော ပုဂ္ဂလိကပိုင်းအချို့မှာပါ ကျင့်သုံးနေကြပေမယ့် ပုဂ္ဂလိက ဝန်းထမ်းပိုင်းမှာ ဖူလုံရေးစနစ်အကြောင်းသိရှိနေကြသူအတော်များသော်လည်း အစိုးရဝန်းထမ်း များတွင်အလုပ်သမားဝန်ကြီးဌာနလက်အောက်က ဌာနပိုင်းများကလွဲပြီး ကျန်အစိုးရဌာနတွေမှာ သိရှိမှုအားနည်းနေတယ်လို့ဆိုပါတယ်။

"လူမှုဖူလုံရေးစနစ်က ပုဂ္ဂလိကအလုပ်သမားတွေအပိုင်းမှာက အလုပ်သမားသမဂ္ဂတွေရှိတယ်။ HRလိုဝန်ထမ်းပိုင်းတွေခန့်ထားတော့ ဖူလုံရေးစနစ်အတိုင်း သိကြ တာများတယ်။ ဒါပေမယ့် ပုဂ္ဂလိကဝန်းထမ်းပိုင်းမှာလည်း လူမှုဖူလုံရေးနဲ့ပတ်သက်ရင် မီးဖွားခံစားခွင့်လောက်ကိုပဲသူတို့က ဂရုပြုကြတာများတယ် ။ ကျန်းမာရေးအတွက် အလုပ်သမားဝန်ကြီးဌာနက လုပ်ထားပေးတဲ့ အလုပ်သမားဆေးရုံကြီး ၃ရုံနဲ့ ဖူလုံးရေးစာချုပ်ဆေးခန်း တွေမှာ ပြသကြတာ ဖူလုံရေးခံစားခွင့်ကို အသုံးပြုကြတာတွေကတော့ နည်းပါးတာတွေ့ရတယ်"လို့ ပြည်တွင်းအလုပ်သမားအဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။

ပြည်တွင်းကလူမှုဖူလုံရေး  အကျုံးဝင်အလုပ်သမားတွေကို လူမှုဖူလုံရေးအလုပ်သမားဆေးရုံကြီး ၃ရုံ ၊မြို့နယ်လူမှုဖူလုံရေးဆေးခန်း ရာကျော်ဖြင့် ဝန်ဆောင်မှုပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားရာ လူမှုဖူလုံရေးစီမံကိန်းအရ မြို့နယ်လူမှုဖူလုံရေးဆေးခန်းတွေအနေနဲ့၉၆ခန်း ၊ဌာနကြီးဆေးခန်း၆၁ခန်း ၊ ပုဂ္ဂလိကအထွေထွေရောဂါကုစာချုပ်ဆေးခန်း၆၆ခန်း ၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှုဆောင်ရွက်တဲ့ဆေးခန်း၄၅ခန်း ၊မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျှက်ရှိတဲ့စာချုပ်ဆေးရုံ ဆေးခန်း၁၅ခန်း နဲ့ တိုင်းရင်းဆေးကုသမှုဆေးခန်း၁ခန်းတို့ဖြင့် ဖူလုံရေးအကျုံးဝင်လုပ်သားများရဲ့ကျန်းမာရေးအတွက် လူမှုဖူလုံရေးစနစ် ဝန်ဆောင်မှုကို ချိတ်ဆက်ထားကြောင်းသိရပါတယ်။

ဒါကြောင့် လူမှုဖူလုံရေးအကျုံးဝင် လုပ်သားတွေအနေနဲ့ မိမိတို့လစာငွေကြေးထဲမှလစဉ် ၊နှစ်စဉ် ထည့်ဝင်ရတဲ့ လူမှုဖူလုံရေးအထောက်အပံ့ကို ကျန်းမာရေးအရ ထိရောက်စွာ အသုံးပြုနိုင်ဖို့ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေကို သေချာစွာသိရှိအသုံးချနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက အကြံပြုထားပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026