NEWS

"လူမှုဖူလုံရေးကြေး ပေးသွင်းသော်လည်း ခံစားခွင့်မပေးဘူး"လို့ အလုပ်သမားတွေပြော

CoverLogo
759 Views

အလုပ်သမားတိုင်းမဖြစ်မနေပေးသွင်းရတဲ့ လူမှုဖူလုံရေးကြေးကို စက်ရုံဘက်က လတိုင်းဖြတ် တောက်ပေမဲ့ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်ကို ခံစားခွင့်မပေးဘူး"လို့ အလုပ်သမားတွေပြောပါတယ်။

 

လှိုင်​သာယာ မြစိမ်းရောင်စက်မှုဇုန် မြရတနာလမ်းမှာ ဖွင်လှစ်ထားတဲ့ Yangon Art Materials Incorporation Limited မှာတော့ အထက်ပါ အကျိုးခံစားခွင့် မရရှိတဲ့အပြင် အခြားသော လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ပြုလုပ်ခံနေရတယ် လို့အလုပ်သမားတွေကပြောပါတယ်။

 

အဲ့ဒီလုပ်ငန်းခွင်ဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၃၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်ကာ ပန်းချီဘောင်ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။

 

လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကိုတော့ အလုပ်ရှင်က အလုပ်သမားတွေကို အသိမပေးဘဲ တစ်ဖက်သက် ဖွဲ့စည်းထားလို့ အလုပ်မဖြစ်ဖူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေ ခန့်ထားပြီး လုပ်သက် ၃ လကျော်လုပ်ကိုင်ခဲ့တဲ့ နေ့စားသမားတွေနဲ့ ၃ လ မပြည့်သေးတဲ့ အလုပ်သမားတွေကို အပြစ်မရှိဘဲ အလုပ်ကထုတ်ပယ်တာတွေပြုလုပ်တာကြောင့် နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

 

လူမှုဖူလုံရေး ကြေးတွေလစဥ်ဖြတ်တောက်ပေမဲ့ ဖူလုံရေးကပေးတဲ့ ဆေးခွင့်ကိုခံစားခွင့်မရဘူးလို့လည်း အလုပ်သမားကပြောပါတယ်။

 

"ဆေးခွင့်ကို လူမှုဖူလုံရေးကပေးတာတောင်မှပဲ ဆေးခွင့်ယူတဲ့ရက်အတွက် လစာထဲကအဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

 

"အလုပ်ရှင်ဘက်က တစ်ဖက်သတ်စံချိန် သတ်မှတ်ထားတယ် အလုပ်သမား တွေ ကြိုးစားပြီး စံချိန်ပြည့်မှီ‌အောင်လုပ်လို့ ဆုကြေးရရင် စံချိန်ကိုထပ်တိုးတောင်း တယ် ဆုကြေးကို အပြည့်အဝမပေးဘူး" လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

 

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် လုံလောက်စွာ စီမံထားတာမရှိဘဲ ဆေးဝါးမလုံလောက်တာ အိမ်သာမလုံလောက်တာ မိလ္လာကို ရေမြောင်းထဲစွန့်ပစ်တာ တွေ လုပ်ဆောင် တာတွေရှိနေတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

 

အလုပ်သမား တွေအနေနဲ့ WCC ရွေးချယ်ရာမှာ အလုပ်သမားများအသိမပေးဘဲ အလုပ်ရှင်မှကြိုက်နှစ်သက်သူများကို ရွေးချယ်ခြင်း မပြုလုပ်ရန်၊ ဆုကြေးပေးရာတွင် ခွဲခြားမပေးရန်နှင့် ဆုကြေးရရှိနေသော အလုပ်သမားများကိုလည်း မှန်ကန်စွာပေးရန်၊ အလုပ်သမားများကို လူမှုဖူလုံရေး ဆေးခန်းမှဆေးခွင့်ပေးလျှင် အလုပ်ရှင်လက်မှ ဆေးခွင့်ခံစားခွင့်ပေးရန်၊ အလုပ်သမားများကို သတ်မှတ်ထားသော ဌာနတွင်သာခိုင်းစေရန်နှင့် အခြားဌာနသို့ခိုင်းစေလျှင် အလုပ်သမားသဘော ဆန္ဒမေးမြန်းပြီးမှခိုင်းစေရန်၊ အလုပ်သမားတွေကို ရိုင်းစိုင်းစွာဆက်ဆံသော ကြီးကြပ်သူကို တားမြစ်ပေးရန် လိုလားနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026