NEWS

လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို

CoverLogo
35 Views
 
လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ်ပေါင်း ၁၂၈ မြို့နယ်မှ အာမခံလုပ် သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ထံမှ သိရပါတယ်။
 
လူမှုဖူလုံရေးအဖွဲ့အနေ နဲ့ အာမခံ လုပ်သားတွေ အတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Payment ဖြင့်ဆေးခန်း ၇၅ ခန်း၊ သားဖွားခန်း ၈ ခန်း ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများကို အမြန်ဆုံးပြန်လည်ပေးအပ် လျက်ရှိတယ်လို့ ဆိုပါတယ်။
 
လူမှုဖူလုံရေး အာမခံ လုပ်သားဦးရေ ပိုများလာပေမယ့် အကျိုးခံစားခွင့် လျှောက်ထားရာ မှာ အချိန်အလွန်ကြန့်ကြာ ပြီးမှ အကျိုးခံစားခွင့်ရရှိသလို အချို့ အာမခံ လုပ်သားတွေလည်း အကျိုးခံစားခွင့်မရတာတွေလည်းရှိတယ်လို့ အာမခံ လုပ်သားတွေထံမှ သိရပါတယ်။
 
""ထည့်ဝင်ကြေးကိုတေ့ာ လတိုင်း ပေးသွင်းရပြီး သူတို့ဆီက မီးဖွားစရိတ် တောင် အချိန်တော်တော်ကြာကြာ စောင့်ရတာ တချို့လည်း မရကျတာတွေရှိတယ် တကယ် ဖြစ်သင့်တာက မီးဖွားတာ မှန်တယ်ဆိုရင် တစ်လလောက် နဲ့ ရရင် အလုပ်သမားတွေ လည်း အဆင်ပြေတယ် ဆေးကုသစရိတ်တွေလည်း အဲ့လိုဘဲ အခုတော့ မေ့သလောက်ဖြစ်မှ ရတော့ လုပ်သားရဲ့ ငွေလိုအပ်တဲ့အပေါ် အထောက်ပံ မဖြစ်တော့ဘူး""လို့အထည်ချုပ်လုပ်သားတစ်ဦးကပြောပါတယ်။
 
အာမခံလုပ် သား ၁ ဒသမ ၃၄ သန်းကျော်ထဲမှ ၂၀၂၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြေငလျင်လှုတ်ခတ်မှု ဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ် ၆ ခု ရှိ အာမခံအလုပ်သမား တစ်သိန်းကျော်အတွက် ငွေကျပ် ၁၀,၉၈၆ ဒသမ ၃၆၈ သန်း ထောက်ပံပေးခဲ့သလို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့်အတွက် အာမခံအလုပ်သမားတွေရဲ့ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီး ၉၀၀၀၀ ခန့် ကို ပညာသင်စရိတ် အဖြစ် ငွေကျပ် ၃၅၈၀ ဒသမ ၁၃၀ သန်းကို ခွင့်ပြုထုတ်ပေးခဲ့တယ်လို့ လူမှုဖူလုံရေးအဖွဲ့ ထံမှ သိရပါတယ်။

Related posts

Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026
Cover
ILTERU Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများ နှစ်ချီကြာအောင် လူမှုဖူလုံရေး ကတ်မရ
Mar 07, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Asdet Myanmar Garment စက်ရုံ HR အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြီး ရေဗူး ရောင်းစား
Mar 05, 2026
Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026