NEWS

လူကုန်ကူးခံရတဲ့  အင်ဒိုနီးရှား ၄၆ ဦးကို ရဲတပ်ဖွဲ့ စစ်ဆေးနေ

CoverLogo
439 Views

မြန်မာနိုင်ငံ ၊ ကရင်ပြည်နယ်၊ မြဝတီဒေသက လူကုန်ကူးခံရပြီး ပြန်ရောက်လာတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၄၆ ဦးကို အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ TEMPO.CO သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။

 

ဖေဖော်ဝါရီ ၂၀ မှာ  အဲဒီ အင်ဒိုနီးရှားနိုင်ငံသားတွေ  အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆောင်ရွက်သွားမယ်လို့ အကြီးတန်းအရာရှိတဦးက ပြောဆိုပါတယ်။ လူကုန်ကူးခံရသူ တွေကို အနားယူခွင့် ပေးထားပြီး မေးမြန်းမှုတွေအတွက် ဖိအား မရှိစေချင်ဘူးလို့ အေဂျင်စီ အကြီးတန်း တာဝန်ရှိသူက ပြောဆိုပါတယ်။  

 

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒိုနီးရှားနိုင်ငံသားများ (WNI) ကာကွယ်ရေးဌာနက မြန်မာနိုင်ငံက လူကုန်ကူးခံရသူ အင်ဒိုနီးရှား နိုင်ငံသားအားလုံးက (TPPO) လူကုန်ကူးမှုရဲ့ သားကောင်တွေ သက်သက် မဟုတ်ကြောင်း ပြောကြားထားပြီး တချို့ကတော့ ကျူးလွန်မှုပါဝင်သူတွေလို့ ဆိုပါတယ်။ 

 

မြန်မာနိုင်ငံဆီ သွားရောက်ခဲ့သူ တချို့က   အွန်လိုင်းလောင်းကစားလို တရားမဝင်ကဏ္ဍတွေမှာ  လုပ်ကိုင်တယ်လို့ သံသယရှိနေပြီး အဲဒီထဲက အများစုက ဖိလစ်ပိုင်မှာ  အွန်လိုင်းလောင်းကစား  အုပ်ချုပ်သူတွေ ဖြစ်ခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။ အဲဒီမှာ တရားမဝင်လုပ်ငန်းတွေ  ပိတ်သိမ်း ပြီးနောက် လာအိုနှင့် မြန်မာနိုင်ငံဆီ  ပြောင်းရွှေ့သွားတယ်လို့လည်း ဖော်ပြထားပါတယ်။

  

မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားအလုပ်သမား ၂၇၀ လောက် ကျန်ရှိနေတယ်လို့လည်း ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိက ပြောဆိုထားပါတယ်။ 

  

မြန်မာနိုင်ငံမှာ ကျားဖျန့်လို့ လူသိများတဲ့ အွန်လိုင်း လိမ်လည်လုပ်ငန်းတွေမှာ အာဖရိကနိုင်ငံတွေ ဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ယူဂန်ဒါ၊ ကင်ညာ စတဲ့ နိုင်ငံသားတွေ၊ အရှေ့အာရှဒေသက ကိုရီးယား၊ ဂျပန်နိုင်ငံသား တွေ၊ အရှေ့တောင်အာရှနိုင်ငံတွေဖြစ် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံသားတွေ နဲ့  တောင်အာရှဒေသက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါလ်၊ သီရိလင်္ကာနိုင်ငံသားတွေ လူကုန်ကူး ခံရတာကို သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

 

Ref / Photo  ; TEMPO.CO


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026