NEWS

လုံခြုံရေးစိုးရိမ်ရမှုကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့ ACR တောင်းဆို

CoverLogo
368 Views
 
မလေးရှားနိုင်ငံမှာ ခိုလှုံနေကြရတဲ့ မြန်မာဒုက္ခသည် တွေကို မလေးရှား အာဏာပိုင်တွေ အနေနဲ့ နေရပ်ကို ပြန်မပို့ ဖို့ Alliance Of Chin Refugees (ACR) က တောင်းဆိုထားပါတယ်။
 
ဇွန်လ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာဒုက္ခသည်များနေ့ဆိုင်ရာ သတင်းစာရှင်းလင်ပွဲမှာ Alliance Of Chin Refugees (ACR) ဥက္ကဌ James Bawi Thang Bik မှ မြန်မာတိုင်းရင်းသားညွှန့်ပေါင်းအဖွဲ့ ( Coalition of Burma Ethnics Malaysia - COBEM ) ကိုယ်စားပြုပြောဆိုတင်ပြခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာ ဒုက္ခသည်တွေ အနေ နဲ့ မလေးရှား နိုင်ငံ ကို ရောက်ရှိလာကြခြင်း မှာ နိုင်ငံသားဖြစ်ခွင့်မျှော်လင့်ချက်အတွက်မဟုတ်ဘဲ သူတို့ရဲ့ ဒုက္ခသည်ဘ၀ကို အသိမှတ်ပြုနားလည် ပေးပြီး ခေတ္တယာယီ လုံခြုံ မှုအတွက်သာဖြစ်တယ်လို့ ACR) ဥက္ကဌ James Bawi Thang Bik က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
 
""ကျွန်တော်တို့မှာရွေးချယ်စရာဆိုလို့ စွန့်စားမလား အသေခံမလား ဆိုတာဘဲရှိတယ်၊ မြန်မာပြည်မှာက ဘယ်ချိန် သေမလဲဆိုတာမသိဘူး။ တစ်ချို့မိသားစု တွေက မိသားစုထမင်းဝိုင်းရှိ နေတဲ့ ချိန်မှာ သေနတ်ကျည်မှန်ပြီး သေရတဲ့သူ တွေရှိတယ်၊ ဒီဟာကတစ်ကယ်အမှန်ဖြစ်တယ်။ မလေးရှားကိုလာတာက အသက်အန္တရာယ်ရှိပြီးစွန့်စားရတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ နေရတာက သေမိန့်ကို လက်မှတ်ထိုးထားရတာဖြစ်တယ်" လို့ သူက ပြောကြားပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အထောက်အထားမဲ့ နေထိုင်မှု နဲ့ မလေးရှား လ၊ဝ၊က က ဖမ်းဆီးပြီး
မြန်မာနိုင်ငံသား စုစုပေါင်း ၈၀ ကို ပြန်ပို့ လိုက်ရာမှာ စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင် သွားပြီး မိသားစုဝင်တွေနဲ့ အဆက်သွယ်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
အခုလို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေ ရင်နာစရာအဖြစ်နဲ့ ကြုံတွေ့နေရတဲ့ အတွက် မလေးရှား နိုင်ငံ ကို အနူးအညွတ်အသနားခံချင်တာက အဖမ်းဆီးမပြုလုပ်ဖို့ မဟုတ်ဘဲ နေရပ်ပြန်မပို့ ဖို့ကိုသာ အသနားခံ တောင်းဆိုနေတာ ဖြစ်တယ်လို့ ACR ဥက္ကဌ James Bawi Thang Bik က ပြောကြားပါတယ်။
 
မလေးရှား အကျဉ်းထောင် အတွင်း ဖမ်းဆီးခံရတာ ထက် မြန်မာပြည်ကို ပြန်အပို့ ခံရသူတွေရဲ့ အသက်လုံခြုံမှု ဟာ ၂၀ရာခိုင်နူန်းမှ၃၀ရာခိုင်နှုန်းထက်လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။
 
လက်ရှိ မလေးရှားထိမ်းသိမ်း​ရေးစခန်း မှာ သောင်တင်နေပြီး မြန်မာနိုင်ငံ ကို ပြန်ပို့လို့မရတဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ခန့် ရှိတယ်လို့ ခန့်မှန်းကြောင်း ACR ထံ မှသိရပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026