NEWS

လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ

CoverLogo
361 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြခက်တာလမ်း၊ မြစိမ်းရောင်စက်မှုဇုန် မှာရှိတဲ့ Myanto Industrial CO.Ltd က အလုပ်သမားတွေရဲ့လုပ်အားခငွေထဲက အထွေထွေအသုံးစရိတ်ပုံစံ ငွေကြေးခေါင်းပုံဖြတ်တဲ့အပြင် ခက်ခဲတဲ့အထည်တွေချုပ်လုပ်ရတာမှာအထည် စံချိန်မတရားတောင်းခံဖိအားပေးမှု‌ တွေကြုံ‌ နေရတယ်လို့အလုပ်သမားတွေကပြောပါတယ်။
 
Myanto Industrial CO.Ltd က SpringGfield, Lc Walklkl တံဆိပ်တွေ ချုပ်လုပ်ပြီး အလုပ်သမား ၆၀၀ ကျော်ရှိကာ တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ အထည်ချုပ်စက်ရုံတစ်ခုဖြစ်ပါတယ်။
 
"အလုပ်သမား‌ တွေက တပတ်တစ်ခါလိုင်းဆုကြေး ရတဲ့ဆုကြေးပိုက်ဆံကို အောစူပါတွေက တစ်လိုင်းကို နှစ်သောင်းဖြတ်ယူထားပြီးအခြားဌာနကို မုန့်ဝယ် ကျွေးတယ်။အောစူပါတွေက သူတို့ပိုက်ဆံနဲ့ မုန့်ဝယ်ကျွေးတာမလုပ်ဘဲ အခြားအလုပ်သမားတွေရဲ့ ပိုက်ဆံ‌ ‌‌ တွေနဲ့ မုန့်ကျွေးပြီး သူတို့ကျွေးတာဆိုပြီး မျက်နှာလုပ်နေတာကို စက်ရုံမှူးမန်နေ ဂျာတွေကပါ သဘောတူးထားတာပါ၊ လစာထုတ်ရင် အလုပ်သမားတွေရဲ့ ပိုက်ဆံအစွန်းထွက်ကိုလဲ စာရေးမတွေကမ ပေးတာ၊ ဆေးဖိုးပိုက်ဆံဆိုပြီး ခေါင်းပုံဖြတ်ယူထားတာ တွေရှိတယ်" လို့ အလုပ်သမားက ပြောပါတယ်။
 
ထပ်မံပြီး အလုပ်သမား‌ တွေမချုပ်လုပ်နိုင်တဲ့အထည် စံချိန်တောင်းခံတာ ၊ စက်လိုင်းတစ်လိုင်းကို လူဦးရေ ၄၀ ကျော်ရှိပြီး လိုင်းပေါက်အထည် တစ်နာရီကို ၂၈၀ အထိတောင်းခံတာ အလုပ်သမား တွေချုပ်လုပ်ရတဲ့ အထည် မှာဝယ်လွန်အထည်ဖြစ်ပြီး ချုပ်လုပ်ရတာလက်ဝင်ပြီး ခက်ခဲခြင်းကြောင့် အလုပ်ရှင်တောင်းခံသောအထည် စံချိန်များကိုပြည့်မှီအောင် အလုပ်သမားများက မပေးနိုင်ပါက အောစူပါ၊ စူပါ၊ လီတာစာရေးမ တွေကပါအော်ဟစ်ဆဲဆိုခိုင်းစေနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ယခင်က ဒေးကြေး ၉၀၀၀ကျပ်၊ ရက်မှန်ကြေး ၄၀၀၀၀ ကျပ်၊ ထမင်းဖိုးတစ်နေ့ကိုတစ်ထောင်ကျပ်ပေးထားပြီး အချိန်ပိုအိုတီကြေး၂၂၅၀ ကျပ်ရရှိခဲ့ရာက ယခုသြဂုတ်လမှာ ဒေးကြေး ၁၀၀၀၀ ကျပ်၊ ရက်မှန် ကြေးကယခင်တိုင်းပေးထားပြီး ခွင့်ခံစားခွင့်မပေးတာကြောင့် အလုပ်တရက်ပျက်ပါက ဒေးကြေး ၁၀၀၀၀ ကျပ်နဲ ရက်မှန်ကြေး ၄၀၀၀၀ ကျပ် စုစုပေါင်း ၅၀၀၀၀ ကျပ်ဖြတ်တောက်ခံရလို့ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။
 
"လူမှုဖူလုံရေးလစဉ်ထည့်ဝင်ရပေမယ့် ခွင့်ခံစားခွင့်ဘာတခုမှမရဘူး နေမကောင်းလို့ အလုပ်နားလဲ ပိုက်ဆံအဖြတ်ခံရတယ်၊ စစ်ဆေးရေးတွေလာရင်တော့ အဆင်မပြေတာတွေကို မပြောခိိုင်းဘဲ အဆင်ပြေတယ်လို့ ပဲပြောခိုင်းတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ထားပေမယ့် အလုပ်သမားတွေလက်ဝယ်ပေးမထားဘဲ စာချုပ်ပါအတိုင်းမဟုတ်ဘဲ မကြာခဏသတိပေးလက်မှတ်ထိုးပေးနေရတယ်လို့ ပြောပါတယ်။
 
အခုလိုလုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်တွေ ဆုံးရှုံးနေတာနဲ့ နစ်နာမှုတွေဖြစ်ပေါ်နေတာကြောင့် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်တွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 
တောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်များကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက် တောင်းတဲ့စံချိန်မပြည်ရင် အော်စူပါ၊စူပါများ လီတာများက ဆဲဆိုအော်ဟစ်ခြင်း မပြုလုပ် ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများဆီက ပိုက်ဆံအစွန်းထွက်များကို ခေါင်းပုံဖြတ်ချင်းမပြုလုပ်ရန်၊
၅။ အလုပ်သမားများထံ EC စာချုပ်တစ်အုပ်ပေးထားရန်။
၆။ အလုပ်ရှင်ဘက်မှ တဖက်သက် စံချိန်တွေတောင်းပြီး အလုပ်သမားတွေက စံချိန်မပေးနိုင်လျင် ဝမ်တိမ် ထိုးခိုင်းခြင်းမပြုလုပ်ရန်တို့ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026