NEWS

လုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်နေတဲ့ မြန်မာပြည်ရောက် အစားအသောက်ဝက်ဝံ

CoverLogo
13K Views

"ကျတော်တို့ကဒီလိုကာလမှာအသက်နဲ့ရင်းပြီးလုပ်နေရတာ ကားတိုက်ခံရတယ် သွားပို့ရင်းနဲ့ဗုံးပေါက်တဲ့အချိန်နဲ့တိုးလို့ဗုံးထိတယ် ပြေးရလွှားရနဲ့လုပ်နေရတဲ့အချိန်မှာသူတို့ကဘာတာဝန်ယူမှု့မှမရှိတဲ့အပြင်ကျွန်တော်တို့ရမယ့် Deli ကြေးတွေပါဖြတ်ပစ်တာ"လို့ Rider တဦးဖြစ်တဲ့ကိုမျိုးကပြောပါတယ်။

ယခင်အစိုးရလက်ထက်မှာပဲ FDI ဝန်ဆောင်မှု့လုပ်ငန်းတွေမြန်မာနိုင်ငံထဲကိုအလုံးအရင်းနဲ့ဝင်လာခဲ့ပါတယ်၊ ဒီထဲမှာစားသောက်ကုန်လုပ်ငန်းတွေနဲ့အကျိုးတူပူးပေါင်းဝန်ဆောင်မှု့ပေးတဲ့ဂျာမနီအခြေစိုက် Food Panda အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုလဲပါဝင်ခဲ့ပါတယ်။

လုပ်ငန်းကတော့ Rider (ခေါ်)စက်ဘီးစီးနင်းပြီးအစားအသောက်ပို့ဆောင်ပေးရတဲ့ဒေသခံလုပ်သားတွေနဲ့အခြေပြုထားတယ်လို့ဆိုရမှာပါ။

ဒါပေမယ့်ဒီလိုအဓိကလုပ်ငန်းလည်ပတ်ပေးနေရတဲ့ Rider တွေရဲ့ရပိုင်ခွင့်နဲ့လုပ်ငန်းခွင်အတွင်းဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေအပေါ် Food Panda ဖက်ကတာဝန်ယူမှု့လုံးဝမရှိတဲ့အနေအထားဖြစ်နေတယ်လို့ Myanmar Labour News ကို ​ပြောပြတဲ့ဝန်ထမ်းတွေကဆိုပါတယ်။

"ကျတော်တို့ကဒီလိုကာလမှာအသက်နဲ့ရင်းပြီးလုပ်နေရတာ ကားတိုက်ခံရတယ်သွားပို့ရင်းနဲ့ဗုံးပေါက်တဲ့အချိန်နဲ့တိုးလို့ဗုံးထိတယ် ပြေးရလွှားရနဲ့လုပ်နေရတဲ့အချိန်မှာသူတို့ကဘာတာဝန်ယူမှု့မှမရှိတဲ့အပြင်ကျွန်တော်တို့ရမယ့် Deli ကြေးတွေပါဖြတ်ပစ်တာ"လို့ Rider တဦးဖြစ်တဲ့ကိုမျိုးကပြောပါတယ်။

Food Panda မှ Rider များရရှိရမယ့် Deli ကြေးကို Customer တွေဆီကကောက်ခံနေမှု့တွေရှိနေပြီး Rider တွေကိုပေးရမယ့်ကီလိုကြေးတွေကိုလဲဖြတ်တောက်နေတာတွေရှိနေတယ်လို့ဆိုပါတယ်။

"ကျွန်တော်တို့ကိုသူက Best အဆင့်အလိုက်နဲ့ပေးတာပေါ့၊ ဒါပေမယ့်ခုဟာကတော်တော်ဝေးရင်တောင်ခေါက်ကြေးကတော်တော်နည်းတယ်ကျွန်တော်တို့မှာကအရင်သွားယူရတဲ့အကွာအဝေးရှိသေးတယ်"လို့ rider တစ်ဦးဖြစ်တဲ့ကိုပြည့်ကပြောပါတယ်။

ဒီလိုစစ်အာဏာသိမ်းကာလမှာပဲ Food Panda ရဲ့လုပ်ငန်းခွင်အတွင်းအလုပ်သမားအခွင့်အရေးချိုးဖောက်လာမှု့တွေကအခြေအနေဆိုးဝါးနေတယ်လို့ MLN ကမေးမြန်းတဲ့ Rider အများစုကပြောပါတယ်။

ဒီလိုအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေပဲလားဆိုတော့မဟုတ်ပါဘူး။လုပ်အားခေါင်းပုံဖြတ်တာတွေလဲရှိနေပါသေးတယ်။

"ကျတော်တို့အတွက် way ကြေးကိုဘတ်အဆင့်နဲ့ခွဲပေးတယ်လာသမျှအော်ဒါမငြင်းနဲ့ ဘယ်လောက်ဝေးဝေးပို့ အဲ့လိုဆိုဘတ်ဝမ်းရတယ် အဲ့ဘတ်အဆင့်ပေးတဲ့ကြားမှာသိသိသာသာရောမသိမသာရောပိုက်ဆံဖြတ်တာတွေရှိတယ် ခုကအဝေးကြီးနင်းမှဘယ်လောက်မှမရဘူး"လို့Rider တစွဦးဖြစ်တဲ့ ကိုမျိုးမင်းကပြောပါတယ်။

ဒါ့အပြင် Food Panda ကလုပ်သားတွေအပေါ်ဥပဒေမဲ့အလုပ်ထုတ်ပယ်နေတာတွေလဲရှိပါတယ်။

ဒီလပိုင်းထဲမှာပဲကုမ္ပဏီရဲ့လိုအပ်ချက်တွေကိုထောက်ပြဝေဖန်တဲ့ပိုစ့်တွေ လူမှု့ကွန်ယက်စာမျက်နှာတွေပေါ်မှာတင်ခဲ့မိတဲ့ Biker ၃ ဦးအလုပ်ထုတ်ခံလိုက်ရပါတယ်။

"ကျွန်တော်တို့ကတော့ကိုယ့်ထမင်းအိုးကိုယ်ဘယ်လိုလုပ်ရိုက်ခွဲမှာလဲဗျာ ကောင်းစေချင်လို့ထောက်ပြတာပြီးတော့လက်တွေ့မှာလဲကျွန်တော်တို့က customer တွေနဲ့ထိတွေ့နေရတာဆိုတော့လိုအပ်တာကိုပြောပြတာ အဲ့ဒါကိုသူကဒဲ့မပြောပဲထုတ်တာအကြောင်းကြားတာမျိုးဘာမျိုးလဲမရှိဘူး။ကျွန်တော်တို့အလုပ်စဝင်ဝင်ချင်း လုပ်ငန်းစည်းမျဥ်းထဲမှာလဲပိုစ့်မတက်ရဆိုတာမပါဘူး"လို့အလုပ်ကထုတ်ပယ်ခံလိုက်ရတဲ့ Biker တဦးဖြစ်တဲ့ကိုပြည့်ဖြိုးက MLN ကိုပြောပါတယ်။

Myanmar Labour News အနေနဲ့ Food Panda ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ Food Pandaနဲ့လက်တွဲလုပ်ကိုင်နေတဲ့စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေသူတယောက်ကိုလဲဆက်သွယ်မေးမြန်းခဲ့ပါသေးတယ်။

"ကျတော့်ကိုပိုက်ဆံနှစ်လစာသူတို့မရှင်းနိုင်သေးဘူးတစ်သိန်းကျော်တယ်ပေါ့နော်။ ပြီးတော့ပိုက်ဆံရှင်းတဲ့အခါမှာလဲ တောင်နှုတ်မြောက်နှုတ်နဲ့ချန်ထားတာတွေရှိတယ်။ ခုကျတော်ပန်ဒါနဲ့လက်တွဲတဲ့ကာလမှာရောင်းရတာငါးသိန်းကျော်မှာတစ်သိန်းကျော်ကိုခုထိငွေမရှင်းသေးဘူးဆိုတော့ကျတော်ခုထိအမြတ်မရသေးဘူး"လို့ Food Panda နဲ့လက်တွဲပြီးစားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေသူတဦးကပြောပါတယ်။

လုပ်ငန်းသဘောအရ Food Panda လုပ်ငန်းနဲ့လက်တွဲလုပ်ကိုင်တဲ့လုပ်ငန်းတွေအနေနဲ့အော်ဒါတစ်ခုအတွက်သုံးဆယ်ရာခိုင်နှုန်းပေးသွင်းရပြီးမှကျန်ငွေကို Food Panda ကပြန်လည်ရှင်းလင်းပေးတာပါ။

ဒါပေမယ့်ဒီလိုပြန်လည်ရှင်းလင်းတဲ့အခါမှာ system error ကြောင့်ငွေကျန်တာတွေလက်ကျန်ငွေကိုလခြင်းမရှင်းပေးတာကြောင့်လက်တွဲလုပ်ကိုင်နေသူတွေအခက်တွေ့နေရတယ်လို့ဆိုပါတယ်။

"သူတို့ကဘာတာဝန်ယူမှု့မှမရှိဘူးအစားအသောက်ပို့ရင် စကစ ကဖမ်းသွားတဲ့တယောက်ဆိုကျွန်တော်တို့ Rider တွေကလူကြီးဆိုတဲ့သူတွေကိုသွားပြောတာတောင်ဘာမှမလုပ်ပေးဘူး။ ကားတိုက်ခံရလို့သေသွားတဲ့ကောင်လေးကိစ္စလဲဝိုင်းပြောလွန်းမှပိုက်ဆံကျလာတာ"လို့ကိုသန့်ကပြောပါတယ်။

Food panda ကအလုပ်ထုတ်ပယ်ခံလိုက်ရသူတွေအပေါ်ယခင်ကအပေါင်ထားထားရတဲ့ပစ္စည်းကြေးတွေအပြည့်ပြန်မပေးတာမျိုးတွေလဲရှိတယ်လို့အလုပ်ထုတ်ခံထားရတဲ့ Rider တွေကပြောပါတယ်။

"သူတို့က Rider ကြေးအမှန်ပေးရမှာကိုကြောက်နေတာကျတော့်ကိုအလုပ်ထုတ်တာကိုအသိပေးတာမျိုးဘာမျိုးလဲမရှိဘူး။ထုတ်လိုက်မှန်းကတော်တောင်မသိလိုက်ဖူးဖြစ်ရတာ သူတို့အဲ့လိုလုပ်လို့မရဘူးလေ။ခုပစ္စည်းဖိုးလဲအပြည့်ပြန်မရဘူး"လို့အလုပ်ထုတ်ခံလိုက်ရတဲ့ကိုပြည့်ဖြိုးကဆက်ပြောပါတယ်။

ဒီလိုလုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေလုပ်အားဖြတ်တောက်မှု့တွေရှိနေပေမယ့် ဒီကာလမှာဘယ်လိုမှတိုင်ကြားခွင့်မရတဲ့အတွက်အလုပ်ထုတ်ပယ်ခံထားရသူတွေနဲ့ rider အများစုအခက်တွေ့နေကြရတယ်လို့ MLN ကိုဖြေကြားတဲ့ rider အများစုကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့အလုပ်သမားရေးဝန်ကြီးဌာနကတော့ဒီလိုကိစ္စရပ်တွေပြုလုပ်နေတဲ့အလုပ်ရှင်နဲ့ကိုယ်စားစီမံဆောင်ရွက်သူတွေကိုထိထိရောက်ရောက်အရေးယူတာတွေပြုလုပ်သွားမယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026