NEWS

လုပ်အားခခေါင်းပုံဖြတ်မှု့အတွက် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ Food Panda Rider များနှင့်ပူးပေါင်းရပ်တည်လာ၊

CoverLogo
2K Views

Rider တွေရဲ့အော်ဒါပို့ဆောင်ကြေးတွေခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့ Food Panda ကုမ္ပဏီကို မြို့ပြအခြေစိုက်တော်လှန်ရေးအင်အားစုတွေအပါအဝင်၊ ပြည်သူတွေကပါပူးပေါင်းရပ်တည်ပြီးရှုံ့ချကန့်ကွက်လာကြပါတယ်။


ဒါ့အပြင်အခုလိုကာလမှာအသက်နဲ့ရင်းပြီးအလုပ်လုပ်နေရတဲ့ဝန်ထမ်းတွေအပေါ် အခုလိုခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့အတွက်Food Panda ကုမ္ပဏီကနေအစားအသောက်မမှာဘဲ ပြည်သူတွေက Riderတွေနဲ့အတူရပ်တည်ကြောင်းပြသနေကြပါပြီ။


Food Panda ကုမ္ပဏီဟာ ယခုလ ၁၅ ရက်နေ့ကစပြီး မန္တလေး က Riderတွေကိုကြောင်းမကြားဘဲ အော်ဒါကြေးတွေဖြတ်တောက်ခဲ့ပြီး၊ မတ်လ၁၆ရက်နေ့မှာတော့ရန်ကုန်၊ မုံရွာအစရှိတဲ့မြို့တွေက rider တွေရဲ့အော်ဒါကြေးတွေကိုထပ်မံဖြတ်တောက်ခဲ့ပါတယ်။


အခုလိုပုံမှန်ရနေတာထက်အဆမတန်အော်ဒါကြေးဖြတ်တောက်လိုက်တာကြောင့် ရန်ကုန်၊ မန္တလေး၊ မုံရွာက rider တွေကအလုပ်မဆင်းပဲစတင်သပိတ်မှောက်ခဲ့ကြတာပါ။


"Foodpanda ဘက်မှယခုစာထုတ်လိုက်သော်လည်း rider တွေဘက်မှအရင်လိုအော်ဒါကြေးမျိုး နီးရင် ၇၀၀ ၈၀၀ ဝေးရင် ၁၅၀၀ ၁၂၀၀ မှပြန်မရရင်အလုပ်မဆင်းကြဘူးလို့အကုန်လုံးကစီစဥ်နေကြပါတယ်"လို့ ရန်ကုန်က Rider သမားတဦးက MLNကိုပြောပါတယ်။


Riderတွေဖက်ကုမ္ပဏီဖက်ကိုသွားရောက်ညှိနှိုင်းဖို့အကြိမ်ကြိမ်ကြိုးစားကြပေမယ့်ကုမ္ပဏီဖက်ကတော့အခုထပ်ပိုမပေးနိုင်ဘူးလို့သာပြောင်ပြောင်တင်းတင်းငြင်းဆိုလိုက်တယ်လို့ရန်ကုန်က rider တဦးရဲ့ပြောကြားချက်အရသိရပါတယ်။


ဒါပေမယ့်Food Panda ဖက်ကအော်ဒါကြေးလျော့ချဖြတ်တောက်တယ်မပြောဘဲ system error ဖြစ်ပြီးအော်ဒါကြေးမှားယွင်းတွက်ချက်မိကြောင်း မေးလိုသည်များကိုမြို့နယ်မြန်နေဂျာကဖြေကြားပေးမယ့်အကြောင်း ၁၆ ရက်နေ့ ၉နာရီအကျော်လောက်မှာပဲသူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေထုတ်ပြန်ထားပါတယ်။


တဖက်မှာလဲမှားယွင်းတယ်ဆိုပြီးသာထုတ်ပြန်နေသလိုတဖက်မှာလဲ rider အသစ်တွေခေါ်ယူနေတဲ့အတွက် rider ဝင်ကြေးတွေထပ်မံရလိုတဲ့အတွက်အခုလိုထပ်လုပ်နေတာလို့ rider တွေဖက်က MLN ကိုပြောပါတယ်။

Food Panda ကုမ္ပဏီက Rider ကြေးတွေကိုသာမပဲ Customer တွေဖက်က ငွေလွှဲ ငွေပို့ မှာယူမှု့တွေမှာလဲ ငွေပြန်မလွှဲတာတွေ system error အကြောင်းပြချက်နဲ့ခိုးယူနေတာတွေရှိတယ်လို့လဲ Customer တွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။

"အရင်က visa ကဒ်နဲ့ကြိုရှင်းမှာပြီးလို့ cancel ဖြစ်ခဲ့ရင်ပိုက်ဆံပြန်လွှဲပေးရမှာကို ပြန်မလွှဲဘဲမသိချင်ယောင်ဆောင်နေတာမျိုးတွေလဲရှိပါတယ် မှာတာသုံးနာရီလောက်ကြာတယ်မလာလို့ Cancel လုပ်သွားတယ် ကတ်ထဲကငွေတော့ဖြတ်သွားပြီးပြီ အဲ့ပိုက်ဆံခုထိပြန်မရဘူး"လို့ Customer တဦးကပြောပါတယ်။


တော်လှန်ရေးအင်အားစုဖြစ်တဲ့ OCTOPUS နဲ့ Ants Fundraising Team ကတော့ FOODPANDA သပိတ်မှာပူးပေါင်းပါဝင်ကြ ဖို့လှုံ့ဆော်ခဲ့ပြီး "အခြေခံလစာမရှိ အသက်အာမခံမရှိတဲ့ Food panda Riders များသည် ယခင် 1100 Or 900 အော်ဒါကြေး မှယခုအခါ 300 ကျော် 400 500 သာပေးပြီး မတန်တဆ ဈေးတွေနဲ့ ပို့ဆောင်နေရပါတယ် အခုလို Rider ကြေးကိုပြောင်းလဲသတ်မှတ်မယ်ဆိုရင် Rider တွေကိုအရင်ဆုံးအကြောင်းကြားရမယ်ဆိုတာကိုစာချုပ်မှာပါပေမယ့်တစ်ခါမှကြိုတင်အကြောင်းကြားခြင်းမျိုးမရှိပါဘူးလို့သိရတယ်ဒါကြောင့် Customer များအားလုံး (၂၀.၃.၂၀၂၂) နေ့တွင်အော်ဒါများမမှာဖို့တောင်းဆိုပါတယ်Rider တွေလည်း Shift တွေယူပြီးနားမှာပါ Rider တွေကို ဝန်းရံပေးရအောင်"လို့ထုတ်ပြန်ခဲ့ပြီး rider တွေနဲ့ အတူရပ်တည်ကြောင်းပြသခဲ့ပါတယ်။


အကုန်လုံးအလုပ်မလုပ်ကြတော့ပါဘူး၊ ဆိုင်တွေလည်း စက်တွေပိတ်ပေးထားကြပါတယ်၊ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ rider တွေကိုလည်းပညာပေးတာတွေလုပ်နေပါတယ်၊ ဆိုင်မှာလည်း ပစ္စည်းတွေပုံနေပြီး လာယူတဲ့သူမရှိလို့ စက်တွေကို မဖွင့်တော့ဘဲ အကုန်ပိတ်ထားကြပါတယ်လို့ ဆန္ဒဖော်ထုတ်နေတဲ့ rider တစ်ဦးက Myanmar Labour News ကို ပြောပါတယ်။

ယခုလ ၂၀ ရက်နေ့မှာပြည်သူအားလုံးပါဝင်ပြီးလုပ်အားခခေါင်းပုံဖြတ်တဲ့ Food Panda ကုမ္ပဏီကနေ အစားအသောက်မမှာယူဘဲ သပိတ်မှောက်ဖို့ပြည်သူတွေကပြင်ဆင်နေကြသလို ယခုအချိန်ကစပြီးအော်ဒါမမှာယူဘဲ စတင်သပိတ်မှောက်နေကြပြီဖြစ်တယ်လို့သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026