NEWS

လုပ်အားခ ၄၈၀၀ ရသည့် အလုပ်သမားများအား လူမှုဖူလုံရေးကတ်မိတ္တူအတွက် ကျပ် တစ်သိန်းအထိ တောင်းခံ

CoverLogo
747 Views

လူမှုဖူလုံရေး ကတ်မိတ္တူလျှောက်ထားတာတွေကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ အထိ ကောက်ခံသွား မယ်လို့  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအားလုံး သို့ ညွှန်ကြားစာ အရသိရပါတယ်။  

ဒီလိုကောက်ခံမှုတွေကို ဇူလိုင် ၁ရက်မှာ စတင်မှာဖြစ်တာကြောင့် အလုပ်သမားဝန်ထမ်းတွေအတွက် အဆင်မပြေ ဖြစ်ရတယ်လို့ ရန်ကုန်မြို့က စက်မှုဇုန်မှာ လုပ်ကိုင် နေတဲ့  HR ဝန်ထမ်းတဦးက ပြောပါတယ်။ 

“အရင်အတိုင်း ကတ်ပျောက်လျှောက်လို့ ပေးရတဲ့ ကျပ်  ၅၀၀၀ တောင် ဝန်ထမ်းတွေအတွက် ခက်ခဲနေတာပါ။ ဝန်ထမ်းတွေ ဘက်ကနေပြောရမယ်ဆို အခု ဒဏ်ကြေးသတ်မှတ်ချက်အရမ်းများတယ်” လို့ အဲ့ဒီဝန်ထမ်းက ပြောပါတယ်။

လူမှုဖူလုံရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီး ပြန်လည်လျှောက်ထားရာမှာ အရင်က ဒဏ်ကြေး ကျပ် ၅,၀၀၀ အစား ပထမအကြိမ် မိတ္တူလျှောက်ထားမှုအတွက် ဒဏ်ကြေး ကျပ် ၃၀,၀၀၀၊ ဒုတိယအကြိမ် ကျပ် ၅၀,၀၀၀၊ တတိယ အကြိမ်ကို ကျပ် ၁၀၀,၀၀၀ အထိ တိုးမြှင်သတ်မှတ်တဲ့အကြောင်း ညွှန်ကြားစာမှာ ရေးသားထား ပါတယ်။ 

လူမှုဖူလှုံရေး ကတ်(လူမှုဖူလုံရေးသတ်သေခံကတ်ပြား)နဲ့ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးခန်းတွေ၊ ဆေးရုံတွေမှာ ကုသတာနဲ့ ငွေကြေးအကျိုးခံစားခွင့် လျှောက်ထားရာမှာ ဒီကတ်ပြားကို အသုံးပြုနိုင်တယ်လို့ လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ကတ်ပျောက်လို့ ဒဏ်ကြေးတိုးမြှင့်ကောက်ခံတာက တနေ့လုပ်ခ ၄၈၀၀ သာရရှိတဲ့ အလုပ်သမားတွေအတွက် နစ်နာနေတယ်လို့ ရွှေသံလွင် စက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက ပြောပါတယ်။ 

“ကျွန်မတို့ရတာက တနေ့မှ  ၄၈၀၀ ၊ ယှဉ်ကြည့် ပါ။ တပတ်စာ လောက် ရှိတယ်။ ဒီကတ်နဲ့ဘဲ ခွင့်ယူရတယ်၊ ဆေးခွင့်တင်တယ်၊ ကလေးမွေးတယ်။ ။ ထိခိုက်တာ၊ ဆေးကုတာလဲ ဒီကတ်ပဲ။ ဒီကတ်မရှိရင် ဘယ်လိုလုပ်မလဲ။ လုပ်ခရတာနဲ့ မတန်တာကို ပြောတာပါ “ လို့ အဲ့ဒီအလုပ်သမားက ပြောပါတယ်။

လူမှုဖူလုံရေးကတ်ပြားမရသေးဘဲ အလုပ်တခုကနေ တခု ပြောင်းမိတာ၊ စက်ရုံက သိမ်းထားရင်း အလုပ် ခဏ နားမိတာကြောင့် ပျောက်ဆုံးတာရှိသလို စက်ရုံအသွားအပြန်မှာပဲ ပျောက်ဆုံးတာတွေ များတယ်လို့ HR ဝန်ထမ်း က ပြောပါတယ်။

လူမှုဖူလုံရေးကြေး အနေနဲ့ အလုပ်သမားရဲ့ လုပ်ခလစာရဲ့ ၂ ရာခိုင်းနှုန်း ပေးသွင်းရပြီး အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ကတော့ ဆေးခွင့်မရဘဲ နောက်ဆက်တွဲ အနေနဲ့ လစာဖြတ်တောက်တာပါ ကြုံတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။  

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026