NEWS

လုပ်အားခ မပေးဘဲ စက်ရုံ ပိတ်ကာ သူဌေးနှင့်မန်နေဂျာ တွေ ထွက်ပြေးတိမ်းရှောင်နေလို့ မြန်မာအလုပ်သမား၂၈ ဦး အခက်ခဲဖြစ်

CoverLogo
416 Views

ထိုင်းနိုင်ငံ က ဆားထုတ်လုပ်တဲ့ စက်ရုံ မှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၈ ဦးကို လုပ်ငန်းရှင်က လုပ်ခ မပေး တဲ့ အပြင် စက်ရုံပိတ်ကာ ထွက်ပြေး တိမ်းရှောင်နေတဲ့ အတွက် အခက်ခဲ ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဖြေရှင်းပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံက သိရပါတယ်။ 

၎င်း မြန်မာ အလုပ်သမား PJ/CI ကိုင်ဆောင်သူတွေဟာထိုင်းနိုင်ငံ၊ နွန်ထဘူလီခရိုင်၊ ဝပ်စဖန်စန်အနီး၊စွယ်ကာစက်ဖန်မှာ ရှိတဲ့  KACHANAN CO.,LTD(ဆားထုတ်လုပ်သည့်စက်ရုံ)မှာလုပ်နေတာ ဖြစ်ပါတယ်။ 

မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ၂ လစာ မပေးတဲ့ အပြင် ပတ်စ်ပို့စာအုပ်တွေကိုလဲထက်မံ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ 

""ပြီးခဲ့တဲ့စက်တင်ဘာလ ၂၃ရက်နေ့ကတည်းကစက်ရုံ ပိတ်ချလိုက်ပြီး စက်ရုံ သူဌေး၊ မန်နေဂျာ၊ စကားပြန်တွေပါ ထွက်ပြေး တိမ်းရှောင်နေကြတယ် လုပ်အားခ{၂}လစာနဲ့စာရွက်စာတမ်းတွေပြန်မပေးဘဲ တိမ်းရှောင်နေတဲ့အတွက် ကျွန်တော်တို့အဖွဲ့ထံ ကို ဖြေရှင်းပေးဖို့ အကူညီတောင်းလာတဲ့အတွက် အောက်တိုဘာ ၁၀ရက်နေ့ မှာ လက်ခံခဲ့ပါတယ်""လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ 

လက်ရှိမှာတော့ မြန်မာ လုပ်သမား ၂၈ ဦးမှာ လုပ်ခလစာမရဘဲအထောက်အထားတွေ မရှိတာကြောင့် စားဝတ်နေရေးနဲ့ အလုပ်သစ်ရှာဖို့ အတွက်အခက်ခဲ ပြသာနာတွေရင်ဆိုင်နေရ တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံမှသိရပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026