ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန် စက်ရုံအတွင်းမှာ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးရန်အတွက် လူစုလူဝေးဖြင့်တောင်းဆိုခဲ့ခြင်းကြောင့် ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ အလုပ်သမား၂၇ ဦးကို အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။
''ကျွန်မတို့ဒီနေ့သေချာရှင်းရှင်းလင်းလင်းသိချင်တာကြောင့် စက်ရုံသွားခဲ့ပါတယ်။ စက်ရုံရှေ့ကော်ခုံထုတ်ပေးပီး ထိုင်စောင့်ခိုင်းပါတယ်။ အဝင်မခံဘူး။ လုပ်ခလစာတွက်ပေးမယ်ပုံစံမျိုးလုပ်တယ်။ အလုပ်ထုတ်တာလား။ ဥပဒေနဲ့ညီရဲ့လားမေးတော့ မညီသည်ဖြစ်စေဆိုတဲ့စကားကို ပြောလိုက်တယ်'' လို့ အဆိုပါ စက်ရုံမှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦးက ဆိုပါတယ် ။
အဆိုပါစက်ရုံအလုပ်သမားတွေဟာ အနည်းဆုံးလုပ်ခလစာ တစ်နေ့ ၄၈၀၀ မှ ၈၀၀၀ ကျပ် သို့ တိုးပေးဖို့တောင်းဆိုရာမှအောက်တိုဘာ၂၈ရက်နေ့မှာ
ဆန္ဒပြ အလုပ်သမား၂၇ဦး ကိုအလုပ်မှထုတ်ပယ်ကာ ကျန်အလုပ်သမားတစ်ရာကျော်ကိုလည်း တောင်းဆိုမှူပြုလုပ်ရန် ပြင်ဆင်မှုကြောင့် စက်ရုံပြင်ပသို့ ဆွဲထုတ်ထားတယ်လို့ သိရပါတယ်။
''သူတို့က အီးစီစာချုပ်ကိုညိတယ် ခွင့်မဲ့သုံးရက်ပျက််တယ်ဆိုပြီး လုပ်တာ။ တစ်ကယ်တော့ အလညနဲ့မဆိုင်ဘူး အလဆနဲ့ပဲဆိုင်တယ်ဆိုပြီး သွားတယ်။ အဲ့ဒါကြောင့်အလဆမှာ စာသွားတင်ခဲ့တယ်'' လို့ ဆိုပါတယ်။
မြန်မာ ပေါင်ချိန်စက်ရုံက အလုပ်သမားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် သင့်တင့်မျှတတဲ့ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့လတွေကတည်းက အလုပ်သမားရုံးကို ညှိနှိုင်းပေးဖို့ တင်ပြခဲ့ကြပေမဲ့ ညှိနှိုင်းမှုမရှိတာကြောင့် အောက်တိုဘာ၂၅ရက်ကနေစပြီး စက်ရုံအတွင်း စုပေါင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရာမှ ၂၇ရက်နေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တောင်းဆိုမှုပြုလုပ်ခဲ့တဲ့၂ရက်နဲ့နေ့တစ်ဝက်ကို ခွင့်မဲ့ပျက်ကွက်ဟုဆိုကာအလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။
အလုပ်ရှင်အနေဖြင့် ညှိနှိုင်းမှုအဆင်မပြေတာကြောင့် စုပေါင်းတောင်ဆိုမှုပြုလုပ်ခြင်းအပေါ် တောင်းဆိုမှုနှစ်ရက်တစ်ပိုင်းဖြစ်ပေမဲ့ ခွင့်မဲ့သုံးရက်ပျက်ကွက်မှုဆိုကာ အလုပ်ထုတ်လိုက်ခြင်းဟာ
အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ အငြင်းပွားမှုဖြစ်ပွားနေစဥ်မှာ အလုပ်ထုတ်ပိုင်ခွင့်မရှိတာကြောင့်ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ အခြေအနေအရ
အလုပ်သမားရုံးသို့ မြန်မာပေါင်ချိန် အလုပ်သမားတွေ ဟာ တိုင်ကြားမှုအဆင့်ဆင့်ပြုလုပ်သွားမှာဖြစ်ပြီး အလဆကိုလည်း စာတင်ထားပြီးဖြစ်တယ်လို့ သိရပါတယ် ။
Myanmar Pou Chen ဖိနပ်စက်ရုံမှာ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Adidas အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
MyanmarLabourNews
NEWS
လုပ်အားခ တိုးပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြအလုပ်သမားများ ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ အလုပ်ထုတ်ခံရ

2K Views
Related posts

အမျိုးသမီးများကို ငွေကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026

Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026

Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026

T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026

Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026

Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026

Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
