NEWS

လုပ်သားရှားပါးမှု စတင်ကြုံတွေ့နေရ

CoverLogo
781 Views

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ လုပ်သားရှားပါးလာတဲ့အခြေအနေတွေ ဖြစ်ပေါ်နေပြီး တနိုင်တပိုင်လုပ်ငန်းတွေသာမက အကြီးစားလုပ်ငန်းတွေမှာပါ လုပ်သားရှားပါးမှုတွေကြုံတွေ့နေရပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေးလုပ်ငန်းကျဆင်းတာတွေ အခြေခံလုပ်ခနည်းပါးတာနဲ့ စစ်မှုထမ်း ဥပဒေရဲ့ နောက်ဆက်တွဲမလုံခြုံမှုတွေကြောင့်လည်း ပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့အရွယ် လူငယ်လူရွယ်တွေ ပြည်ပထွက်ခွာ အလုပ်လုပ်ဖို့ကိုပဲ ပိုမိုရွေးချယ်လာကြတာလည်းဖြစ်ပါတယ်။

"အလုပ်ကတော့ ခေါ်တာတွေအများကြီးတွေ့ပါတယ် သွားမေးလိုက်ရင် အခြေခံလုပ်ခ တစ်လကိုတသိန်း တချို့ကလည်း တသိန်းကျော်ဆိုတော့ အဆောင်လခနဲ့ဘာနဲ့ ထမင်းစားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဖြစ်နေတာ အလုပ်ကသွားလျှောက်ရင် ပိုက်ဆံများများပေးတဲ့ဆီပဲ လုပ်ဖြစ်မှာပဲဗျ"လို့ အလုပ်ရှာနေသူလူငယ်တစ်ဦးကပြောပါတယ်။

စက်ရုံအလုပ်ရုံ လုပ်ငန်းတွေမှာရော တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေမှာပါ လုပ်သားသစ်တွေအတွက် အခြေခံလုပ်ခနည်းပါးတာကြောင့်လည်း လစ်လပ်သွားတဲ့ လူဟောင်းနေရာကို အစားထိုးဖို့ လုပ်သားသစ်တွေရှားပါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

အလုပ်လုပ်ကိုင်နိုင်တဲ့အရွယ် လူငယ်တွေဟာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာမှုတွေ ရှိနေသလို ပြည်တွင်းမှာလုပ်ခ နည်းပါးပြီး စားဝတ်နေရေးမလောက်ငှတာတွေကြောင့်လည်း ပြည်ပထွက်ခွာလုပ်ကိုင်မှုတွေရှိနေကာ အခုလို အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိ အရွယ်ရောက်လူငယ်တွေ လူလတ်ပိုင်းတွေ လုပ်ငန်းခွင်တွေမှာ ရှားပါးနေသလို အသက်အရွယ်ကြီးသူတွေကိုပါလုံခြုံရေးဝန်ထမ်းအဖြစ်ခန့်ထားတာတွေလည်း ရှိနေပါတယ်။

"ဒီစက်ရုံမှာဝင်တာ၂နှစ်လောက်ရှိပြီ။အသက်က(၆၈)နှစ်ရှိပြီ။နောက်(၆၀)ကျော်တွေရှိသေးတယ်။အခုကအသက်(၅၀)ကျော်လောက်ကိုကျန်းမာရေးကောင်းရင်အလုပ်လျှောက်လို့ရတယ်"လို့အထည်ချုပ်စက်ရုံကလုံခြုံရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာလုံခြုံရေးအလုပ်အကိုင်အတွက်လစာ(၁၇၀၀၀၀)ကျပ်အနည်းဆုံးပေးချေနေပြီးအလုပ်လျှောက်ထားရာမှာသန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာတွေပါတောင်းခံနေပါတယ်။

"အလုပ်ချိန်ကမနက်ကတော့မနက်(၆)ဝင်ည(၆)နားပေါ့။တစ်ရက်အပြည့်ဆင်းရင်တစ်ရက်နားရတယ်။ဦးကတော့စက်ရုံအပြင်ဘက်မှာစောင့်ရတယ်။အလုပ်ကပင်ပင်ပန်းပန်းလုပ်ရတာမဟုတ်ပါဘူး။အရင်ကဆိုအသက်(၄၅)နှစ်လောက်ထိပဲခေါ်ကြတာ။အခုကတော့အရွယ်ကောင်းတွေမရှိတော့လူကြီးတွေပါခေါ်ကြတာ"လို့လုံခြုံရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလူငယ်အများစုဟာပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်နှုန်းမြင့်တက်လာပါတယ်။ဒီအခြေအနေကြောင့်လည်းကလေးလုပ်သားခိုင်းစေတာနဲ့အသက်အရွယ်ကြီးသူတွေကိုအလုပ်ခန့်ထားတာတွေပိုများလာပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026