NEWS

လုပ်ငန်းရှင် ၂၅၀ ကျော်အား အသင်းဝင်အဖြစ်က MGMA ရပ်ဆိုင်း

CoverLogo
529 Views
 
အသင်း၀င်ကြေး ပေးသွင်းဖို့ ပျက်ကွက်တဲ့ အထည်ချုပ် လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်း၀င်အဖြစ်က ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ထုတ်ပြန်ထားပါတယ်။
 
"အသင်း၀င်ကြေးဆိုတာကတော့ ဘယ်လုပ်ငန်းထဲကဘယ်လိုအသင်းတွေမဆို ပေးသွင်းကြရတာပါပဲ။ အခုက နှစ်စဉ်ကြေးပေးသွင်းတာပျက်ကွက်တယ်ဆိုတာထက် အသင်းနဲ့ ပူးပေါင်း ဆက်သွယ် ဆောင်ရွက် တာမရှိလို့ အသင်း၀င်အဖြစ်က ရပ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အထည်ချုပ်လုပ်ငန်း တကယ်လုပ် နေတဲ့ သူတွေ ကတော့ ပျက်ကွက်မှာမဟုတ်ဘူး။”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။
MGMA မှာ အသင်း၀င် စုစုပေါင်း ၈၁၉ ဦးရှိပြီး အသင်း၀င်လုပ်ငန်းရှင် ၂၅၄ ဦး က နှစ်စဉ်ကြေးပေးသွင်းဖို့ ပျက်ကွက်ခဲ့သလို အသင်းနဲ့လည်း ဆက်သွယ်ခြင်းမရှိဘူးလို့ သိရပါတယ်။
 
အဲဒီလုပ်ငန်းရှင်တွေဆီ ၂၀၂၂ခုနှစ်အထိ အသင်း၀င်နှစ်စဉ်ကြေးပေးသွင်းဖို့ အကြောင်းကြားစာ အကြိမ်ကြိမ်ပေးပို့ခဲ့ပေမယ့် ပေးသွင်းတာ မရှိခဲ့တဲ့အပြင် အသင်းနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ မရှိတာကြောင့် အသင်းဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
“ဒါက စက်ရုံ ကောင်းကောင်းမလည်ပတ်နိုင်တော့လို့ အထည်ချုပ်စက်ရုံ ၂၅၀ လောက် ရပ်သွား တာလည်း ဖြစ်နိုင်တယ်။ အလုပ်တွေက မကောင်းကြဘူး။ စီးပွားရေးရော နိုင်ငံတကာမှာရော အဘက်ဘက်က ကျဆင်းနေတာ။ လည်ပတ်နေကြသူတွေလည်း တော်တော်လေးကို ရုန်းကန် နိုင်လို့ဖြစ်မယ်။ မိတ်ဆွေ တဦးဆိုရင် အထည်ချုပ်လက်ခစားလုပ်နေတာ တော်တော်လေးကို ရုန်းနေရတယ်”လို့ လုပ်ငန်းရှင်တဦးက ပြောဆိုပါတယ်။
 
အသင်းဝင်ကြေးပေးသွင်းဖို့ ပျက်ကွက်တဲ့ လုပ်ငန်းရှင်တွေကို အောက်တိုဘာ ၉ ရက်က စတင်ပြီး အသင်းဝင်အဖြစ် ရပ်ဆိုင်းထားလို့ အသင်းဝင် အဖြစ် ဆက်လက်တည်ရှိလိုပါက နှစ်စဉ်ကြေး ကြွေးကျန်တွေကို ပြန်လည်ပေးသွင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026