NEWS

လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို

CoverLogo
780 Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်  ယောအတွင်း၀န်ဦးဖိုးလှိုင်လမ်းမှာရှိတဲ့ Erdos Myanmar  Knitwear သိုးမွှေးအထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသား တိုက်ရိုက်အုပ်ချုပ်ခိုင်းစေနေပြီး လုပ်ငန်းခွင်အတွင်း  အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာ ကြောင့် တိုင်ကြားထားတယ်လို့  အလုပ်သမားတွေထံက သိရပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားတွေဟာ  JUSTE CACHEMIRE LOCHMERE ZENOBI အမည်ရှိ သိုးမွှေးအထည်များချုပ်လုပ်နေတာဖြစ်ပြီး အဆိုပါစက်ရုံ မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ  WCC ဖွဲ့စည်းထားခြင်းသာရှိတာဖြစ်ရာ  အလုပ်သမားတွေရဲ့ အခက်အခဲများကိုဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

"ယောက်ကျားလေးဆရာတွေဆိုရင် မိန်းကလေးတွေကို စကားပြောရင်  ဟိုကိုင်ဒီကိုင်နဲ့စကားပြောတယ်။ စူပါတစ်ယောက်ဆိုရင်ဘတ်ကို လက်ညှိုးနဲ့ထိုးပြီး စကားပြောတယ်။  နေ့ဆိုင်းညဆိုင်းတွေဆိုရင် ညဆိုင်းစာမကချသေးဘဲ ညဆိုင်းအချိန်ပိုအတင်းခေါ်တယ်။ တရုတ်တိုက်ရိုက်အုပ်ချုပ်နေတာပါ။  HRမန်နေဂျာခန့်တာကလည်း အမည်ခံဘဲခန့်ထားတာ။ အရင်သူဌေးဆိုရင်  အလုပ်သမားတွေကိုကြည့်တယ်။ ခုသူဌေးမှသူတို့မီတင်ပြောပြီး ပြီးပြီဘဲ။  နောက်ပြီးတရုတ် တွေက စကားပြောဆိုရင်လည်း ပစ္စည်းတွေကိုပြရင်ခြေထောက်နဲ့ကန်ပြတယ်။ ငါကိုင်တုတ်ပြီးဆဲတယ်။ တရုတ်တွေကလိုင်းသားတွေကို  တရုတ်ကပဲတိုက်ရိုက်အုပ်ချုပ်တယ်”လို့ အလုပ်သမားက ပြောဆိုပါတယ်။ 

ဒါ့အပြင် အဆိုပါစက် ရုံက အလုပ်သမားတွေဟာ  ရှောင်တခင်ခွင့်နဲ့ လုပ်သက်ခွင့်တွေလည်း မရရှိဘဲ ခွဲခြားဆက်ဆံခံရတာကြောင့် အလုပ်သမားတွေဟာ ထုတ်ဖော်ပြောဆိုလိုကြပေမဲ့  အလုပ်ထုတ်ခံ ရမှာစိုးရိမ်တာကြောင့် အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေကြတာဖြစ်ရာ လက်ရှိမှာတော့ သည်းခံနိုင်မှုမရှိတော့တာကြောင့် ထုတ်ဖော်ပြောဆိုရခြင်းဖြစ်သလို ဌာနဆိုင်ရာ အလုပ်သမားရုံးဖြစ်တဲ့ မြို့နယ်အဆင့်   ညှိဖျန် ( အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ) မှာလည်းတိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်ရုံသူဌေးအပြောင်းအလဲပြုလုပ်ပြီး  အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေကာ အလုပ်သမားအခွင့် အရေးချိုးဖောက်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

ပထမကအောစူပါ ၊ ထုတ်လုပ်ရေး မန်နေဂျာပြီးရင် ကျွန်မကနေတစ်ဆင့်လိုင်းထဲကိုအလုပ်တွေကိုပြန်ချပေးတယ်။ ခုကျသူတို့က ဘယ်လိုလုပ်လဲဆိုရင်သူဌေး အခြိမ်းအပြောင်းလုပ်တယ်။  ၀န်ထမ်းတွေကိုလည်းတရား၀င် မပြောဘဲနဲ့ ရုံးကစာထွက်လာမှပဲ  လက်မှတ်ကိုကိုယ်စားလို ပုံစံမျိုးနဲ့ထိုးခိုင်းတယ်။ EC စာချုပ်ချုပ်တဲ့နေရာမှာ လည်း  တစ်ရုံလုံးကိုစူပါဆိူစူပါ အောစူပါဆိုအောစူပါ ရာထူးမပေးဘဲနဲ့ OP ဆိုပြီးချုပ်တယ်။ အော်ပရေတာနဲ့ အခြားဆိုပြီးချုပ်တော့  ညီမတို့ရာထူးကဘာမှန်းလည်းမသိရဘူး”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

ဒါ့အပြင် အဆိုပါစက်ရုံက အသက်မပြည့်သေးတဲ့လူရွယ်လုပ်သားတွေကိုလည်း ရုံးဥပဒေအဆင်ဆင့်မသွားဘဲ ဒီအတိုင်းခန့်ထားသလို စက်ရုံ၀န်ထမ်းတွေကိုလည်း သူတို့လိုတဲ့သူဆိုလိုသလိုဆက်ဆံပြီး မဆိုရင်မလိုသလို အပြစ်ရှာခွဲခြားဆက်ဆံကာ  သူတို့မလိုတဲ့အလုပ်သမားတွေကိုအပြစ်ရှာထိုင်ပြောကာ မိမိတို့ကိုယ်တိုင်အလုပ် ထွက်လိုစိတ်ပေါက်သည်အထိစိတ်ဖိစီးအောင်  ဆက်ဆံမှုတွေရှိနေတယ်လို့ အလုပ်သမား တွေထံကသိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026