NEWS

လုပ်ငန်းခွင်အတွင်း ဦးခေါင်းအရေပြား အပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအမျိုးသမီး တနှစ်အကြာမှာ နစ်နာကြေးဘတ် ၇ သိန်းကျော်ရရှိ

CoverLogo
157 Views
 
ထိုင်းနိုင်ငံ ရှိ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် စက်ညှပ်သွားရာမှ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာနဲ့ ဦးခေါင်းရေပြား အပြင်းထန်ထိခိုက်ဆုံးရှူံးသွားတဲ့ မြန်မာလုပ်သားအမျိုးသမီး ကို ပကန်စခွန်နှင့် ထိခိုက်နစ်နာကြေးအတွက် ဘတ်ငွေ ၇သိန်းကျော် ရရှိအောင်ကူညီပေးခဲ့တယ်လို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ မှ သတင်းထုတ်ပြန်ထားပါတယ်။
 
၂၀၂၄ ခုနှစ် ဇူလိုင်လ၂၁ရက်နေ့က စမှုစခွန်ခရိုင် မဟာချိုင် ကထူးပင်ရှိ သံစက်ရုံ တစ်ခု မှာ လုပ်ကိုင်နေတဲ့ အသက်၂၆နှစ်အရွယ် မြန်မာလုပ်သားအမျိုးသမီးငယ်တစ်ဦးဟာ အလုပ်ချိန်အတွင်း စက်ညပ်သွားတာကြောင့် ဦးခေါင်းအရေပြားတစ်ခြမ်း ဆုံးရှုံးကာ ပွန်းပဲ့ဒဏ်ရာ များ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာလုပ်သားအမျိုးသမီးရဲ့ နစ်နာမှုအတွက် ကူညီပေး ဖို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထံ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို အကူညီတောင်းခံမှုအပေါ် MHAC မဟာမိတ်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ရာ နစ်နာသူ မြန်မာအလုပ်သမားမှာ နေထိုင်ရေး အခက်ခဲရှိတာကြောင့် ရုံးမှာ ဘဲ တစ်နှစ်ကျော်ကြာ နေထိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
 
၂၀၂၅ခုနှစ် အောက်တိုဘာလ၂၈ရက်မှာတော့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ရဲ့ ကူညီဆောင်ရွက်ပေးမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာလုပ်သားအမျိုးသမီး အတွက် ပကန်စခွန်နှင့် ထိခိုက်နစ်နာကြေးအတွက် ဘတ်ငွေ ၇၄၅၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026