NEWS

လုပ်ငန်းခွင်အတွင်း အလုပ်သမားဥပဒေချိုးဖောက်မှုတွေရှိနေပြီး အလုပ်ရှင်စိတ်တိုင်းကျ WCC အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းရန် ကြိုးပမ်းနေဟုဆို

CoverLogo
1.2K Views

အထည်ချုပ်လုပ်ငန်းခွင်ထဲမှာ အလုပ်သမားဥပဒေပါ အခွင့်အရေးများချိုးဖောက်မှုတွေရှိနေပြီး ခွင့်ရယူလိုပါက မပေးဘဲ တရက်ပျက်လျှင် ကျပ် ၁၅၀၀၀ ကျော်ဖြတ်တောက်ခံရပြီး တရက်ပျက်ပြီးပါက ကျွမ်းကျင်ကြေး ဂရိတ်ကြေးချတာတွေပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၂၊ ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ Myanmar Guotai Huasheng Glory Fashion Garment စက်ရုံဝန်ထမ်းတစ်ဦးကပြောပါတယ်။

“ခွင့်ယူလည်းအခက်ခဲတွေရှိနေတယ် ခွင့်မရ ဘဲဒီအတိုင်းရက်ပျက်လိုက်ရတဲ့ အတွက်တစ်နေ့ကို(၁၅၀၀၀)ကျော်ပိုက်ဆံအဖြတ်ခံရပါတယ်။ ရက်ပျက်လျှင်ကျွမ်းကျင်‌‌ကြေး ဂရိတ်ချခံရခြင်းများပြုလုပ်ခြင်း၊ ဂရိတ်ချပြီးရင်လဲပုံမှန်အလုပ်ဆင်းလျှင်လည်းသူတိုသဘောမကျလျှင်ဂရိတ်မပေးတော့ ပဲထားပါတယ် လို့ အဆိုပါ အလုပ်သမားကပြောဆိုပါတယ်။

“အလုပ်သမားကျွမ်းကျင်ကြေး၊ ဂရိတ်ကြေး၊ ABCတိုးပေးရင်စူပါတွေကိုအလုပ်သမားတွေကသူတို့လိုချင်တာစားချင်တာ‌ဝယ်‌ကျွေးရတယ်မ‌‌ကျွေးရင်အလုပ်ထဲမှာ‌‌ပြောဆိုပြီး၊ စံချိန်တောင်းပြီးအပြစ်မရှိအပြစ် ရှာခံရတယ်”လို့ ယင်းအလုပ်သမားကဆက်ပြောပါတယ်။

လူဉီးရေး ၉၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အဆိုပါတရုတ်နိုင်ငံသားပိုင်စက်ရုံမှာ PRIMARK
အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံမှာ အလုပ်ရှင်သည်အလုပ်သမားများခံစားပိုင်ခွင့်ဖြစ်သောဥပဒေပါအခွင့်များရှောင်တခင်ခွင့်မပေးဘဲ၊ သာရေးနာရေးခွင်ယူရင်လဲအလုပ်ရှင်ကိုယ်စားလှယ်ဖြစ်သည့်  HR မန်နေဂျာမှသူခွင့်ပေးသင့်မပေးသင့်စဉ်းစားပြီးမှပေးမယ်မပေးချင်လဲမပေးဘူး‌‌ လို့ ဆိုကြောင်း အလုပ်သမားတွေကပြောပါတယ်။

လူမှုဖူလုံရေးပေးသွင်းရပြီး ဆေးခွင့်ယူပါက ခွင့်မပေးခြင်းနဲ့ အလုပ်နားပြီးပြန်ဆင်းပါက စက်လိုင်းပြောင်းခြင်း အခြားဌာနများသို့ ပြောင်းလိုက်ခြင်း တွေပြုလုပ်တယ်လို့ဆိုပါတယ်။ စက်ရုံတွင်း ဆေးခန်းဖွင့်လှစ်ထားပေမယ့် ဝန်ဆောင်မှုမရှိသလောက်နီးနီး ဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဒါ့အပြင် စက်ရုံတွင်းမှာ လုပ်ငန်းရှင်အလို့ကျ WCC အလုပ်သမားအဖွဲ့အစည်းပြန်လည်ရွေးချယ်ရန် လုပ်ဆောင်နေပြီး အလုပ်သမားတွေကို မဲပေးသည့်နေ့ကျမှ အသိပေးမည်ဖြစ်ကြောင်း ပြောဆို ထားတယ်လို့ ဆိုပါတယ်။

“အခုဆိုရင်၇လပိုင်းမှာWCCပြန်ရွေးမယ်လို့ ကြားထားပါတယ်၊ အလုပ်သမားတွေကိုမဲရွေးမဲနေ့မှ‌‌ပြောမယ်လို့ကြားတယ်၊ ကြို‌ပြောရင်အလုပ်သမားတွေကလူညှိပြီးသူတို့‌ရွေးစေချင်တဲ့လူကိုမရွေးမှာဆိုးလို့ပါ အရင်ကစက်ရုံမှာအဖွဲ့စည်းရှိပါတယ်၊ တစ်ခုခုဆို‌အဖွဲ့စည်းခေါင်းဆောင် တွေကိုသွား‌‌ပြောရင်‌‌ဖြေရှင်းပေးတယ်၊ အခုအဲ့ဒီခေါင်းဆောင်တွေကဘာမှမလုပ်တော့ဘဲနေပါတယ်” လို့ အဆိုပါ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ယောက်လျှင်စံချိန်တစ်နာရီကို ၂၃ ထည်မှအများဆုံး ၂၅ ထည်ပေးရပြီး၊ ယခုတွင်တစ်ယောက်ကိုအထည်အနည်းဆုံး ၂၉ ထည်ပေးနေရ ပြီး သက်မှတ်တဲ့အထည်ပြည့်မှီလျှင်ဆု‌‌ကြေးအဖြစ်သတ်မှတ်ပေးပေမယ့်ဆု‌‌ကြေးဝင်အောင်မချုပ်လျှင်စူပါများမှအလုပ်သမားများကိုလိုင်းထိပ်ကနေအော်ပြီးခါးထောက်ဆဲဆို၊ ရိုင်းဆိုင်စွာ‌‌ပြောဆို၍အထည်တောင်းကာ အလုပ်သမားတွေကို အခက်တွေ့စေတယ်လို့ ဆိုပါတယ်။

“ဆု‌‌ကြေးဆိုတာအလုပ်သမားမချုပ်နိုင်ရင်ဆု‌‌ကြေးမရမှာဖြစ်ပြီး၊ ဒါကိုအောစူပါ၊ စူပါများမှလက်မခံဘဲ ဆု‌ ‌ကြေးဝင်အောင်ချုပ်မှအောစူပါ၊ စူပါတွေလစာပိုရမှဖြစ်သည့်အတွက်စံချိန်မပြည့်ပြည့်အောင်ချုပ်ခိုင်း ဖိအားပေး၍ချုပ်ခိုင်းတာဖြစ်ပါတယ် ဆု‌‌ကြေးရရင်လဲချုပ်လုပ်တဲ့အလုပ်သမား‌တွေကအနည်းကျင်းရပြီး၊ အောစူပါ၊ စူပါတွေကအလုပ်သမားများထက်နှစ်ဆပိုရနေပြီး၊မနားမနေချုပ်ရတာကအလုပ်သမားများဆု‌‌ကြေးအပိုရတာကသူတို့ဖြစ်‌နေတာပါ” လို့ အမည်မဖော်လိုတဲ့  အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း စည်းကမ်းချက်များချမှတ်ထားပေမယ့် တန်းတူဆက်ဆံခြင်းမရှိဘဲ ခွဲခြားမှုတွေ လုပ်ဆောင်တယ်လို့ လည်းဆိုပါတယ်။

လစဉ်အလုပ်သမားများထံမှပရဟိတ‌‌ကြေး (၅၀၀) ကျပ် မဖြစ်မနေ ကောက်ခံပြီး ထောက်ပံတဲ့အခါမှာတော့အရင်ကအလုပ်သမားအဖွဲ့အစည်းထဲပါခဲ့ဘူးရင်ထောက်ပံကြေးပေးဘဲခွဲခြားဆက်ဆံတာတွေလည်းရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်မှုဇုန်မြို့နယ်မှာဆိုင်ကယ်စီးခွင့်ပိတ်ပင်ထားတာကြောင့်  အလုပ်သမားတွေအနေနဲ့ သွားရေးလာရေးခက်ခဲနေတဲ့ အတွက် ဖယ်ရီစီစဥ်ပေးဖို့လိုလားနေပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံမှု မပြုလုပ်ရန် ဉပဒေပါ ခံစားခွင့်တွေ ခံစားခွင့်ပေးရန် လိုလားနေတယ်လို့ သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026