NEWS

လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေကို ၂၀ တိုးဖြင့်ချေးပြီး လစာဖြတ်တောက်၊ နေ့စားအလုပ်သမားတွေ ပိတ်ရက်ခံစားခွင့်ဆုံးရှုံးနေရ

CoverLogo
785 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဦးတရုတ်ကြီးလမ်းမှာဖွင့်လှစ်ထားတဲ့ ကိုရီးယားနိုင်ငံသားပိုင် Mirae or New Way အထည်ချုပ်စက်ရုံမှာနေ့စားအလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရတာ  ဘာသာပြန်ဆိုသူက လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေကို ၂၀ တိုးနဲ့ငွေချေးလုပ်ငန်းလုပ်ကိုင်နေပြီး လစာများမပေးမီ ကြိုတင်ဖြတ်တောက်ရယူထားတာတွေ လုပ်ဆောင်နေတာကြောင့်အခက်တွေ့နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အရင် သမဂ္ဂတွေရှိတုန်းကတော့ အဲ့လောက်ပေါ်ပေါ်ထင်ထင်မလုပ်ဘူး ခုကျတော့ သမဂ္ဂတွေလည်းမရှိတော့ ဘူး wcc တော့ရှိတယ် အခုက မပြေလည်တဲ့အလုပ်သမားတွေက ပိုက်ဆံချေးကြတာ အဲ့ဒါကို လစာထုတ်တာနဲ့ ရုံးပေါ်မှာပဲ လစာထဲက ဖြတ်ယူသွားတာ လူမိုက်ဆန်ဆန် လစာအိတ်ကို ယူသွားတာ တစ်လတစ်လပိုပိုဆိုးလာတာ မန်နေဂျာကိုတိုင်လည်း အရေးယူပေးတာမရှိဘူး"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

ချေးထားတဲ့ငွေကြေးကို ပြန်လည်ရယူလိုတဲ့အတွက် တခါတရံအလုပ်သမားရဲ့ လစာအိတ်လိုက်ပါယူထားတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲက အလုပ်သမား ၄၀၀ ကျော်အနက် ၁၀၀ ကျော်က နေ့စားအလုပ်သမားတွေဖြစ်ပြီး လုပ်သက် ၃ လမှ ၇ လကြာလုပ်ကိုင်နေသော်လည်း တစ်ရက်လျင် ၅၂၀၀ နှုန်းနဲ့ လုပ်ကိုင်နေရပြီး ပိတ်ရက်ခံစားခွင့်မရတာကြောင့် အလုပ်မဆင်းရတဲ့ရက်တွေမှာ ဒေးကြေးအနေနဲ့ ရရှိခြင်းမရှိဘူးလို့ သိရပါတယ်။

"အလုပ်သမား ၄၀၀ ကျော်မှာ ၁၀၀ ကျော်က နေ့စားဆိုတော့ အမြဲတမ်းဝန်ထမ်းတွေကို ခံစားခွင့်တွေမရဘူး ဒါသူတို့အတွက်အများကြီးနစ်နာပါတယ် အလုပ်သမားဥပဒေမှာအဲ့လိုခွဲခြားမထားပါဘူး နေ့စားဆိုတော့ ထုတ်ချင်တိုင်းထုတ်လို့ရတယ်ဆိုပြီးလုပ်နေတာ"လို့ အလုပ်သမားကပြောပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ ဆေးပေးခန်းမရှိတာ ရေအိမ်တွေပျက်စီးနေတာ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံမှုမရှိတာ တွေ ဖြေရှင်းပေးစေလိုပြီး လုပ်ငန်းခွင်ထဲက တရားမဝင် ငွေတိုးပေးလုပ်ငန်းအား အရေးယူပေးဖို့ နေ့စားအလုပ်သမားတွေကို ၃ လပြည့်ပါက အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ဖို့  နေ့စားသမားတွေဆီက ဖြတ်တောက်ခံရထားရတဲ့ စနေ့နေ့အချိန်ပိုကြေးတွေနဲ့ တနင်္ဂနွေပိတ်ရက်‌ ဒေးကြေးတွေကို ဘတ်ဒိတ်နဲ့ ပြန်လည်တွက်ချက်ပေးဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အဆိုပါစက်ရုံမှာ ziben အမှတ်တံဆိပ် ကိုရီးယားအထည်တွေချုပ်လုပ်နေတာဖြစ်ပြီး ကိုရီးယားနိုင်ငံကိုတင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026